[Zawgyi]

အိမ္ေထာင္က်ၿပီးမွ သီခ်င္းေတြပိုေရးစရာမ်ားလာတယ္ဆိုတဲ့ အဆိုေတာ္ေနာေနာ္

အဆိုေတာ္ေနာေနာ္က ၿပီးခဲ့တဲ့ဇန္နဝါရီ၂၃ရက္ေန႔ကမွ သူရဲ႕တစ္ကိုယ္ေတာ္ေတးစီးရီးေခြျဖစ္တဲ့ “အေရွ႕အေနာက္ေတာင္ေျမာက္” လုိ႔ အမည္ေပးထားတဲ့ အေခြထြက္ရွိခဲ့ပါတယ္။

အဆိုေတာ္ေနာေနာ္က အိမ္ေထာင္က်ၿပီးမွ ပထမဦးဆံုးထြက္လာတဲ့အေခြဆိုေတာ့ သီခ်င္းေရးသားမႈ အပိုင္းမွာ ဘယ္လိုေတြကြဲျပားမႈေတြရွိေနလဲလို႔ ေမးၾကည့္ရာ “ဒီအေခြထဲမွာ အသစ္ပံုစံေလးေတြပါ တယ္။ ေတးသီခ်င္းခ်ဳိခ်ိဳေလးေတြေရာ၊ အစံုထည့္ထားေပးပါတယ္။ အိမ္ေထာင္က်ၿပီးမွ သီခ်င္းက ေရးစရာအေၾကာင္းအရာေတြ ပိုမ်ားလာတယ္။ တခ်ိဳ႕အရာေတြလည္း ပိုသိလာတယ္။ ကၽြန္ေတာ္က အိမ္ေထာင္က်ၿပီးသြားၿပီဆိုေတာ့ ကိုယ့္မိသားစုကို ေကာင္းေကာင္းမြန္မြန္ထားႏိုင္ဖို႔အတြက္ စီးပြားေရးလည္းလုပ္ဖို႔ စဥ္းစားထားပါတယ္။ အခုဒီအေခြထဲမွာလည္း Ja Naw ဆိုတဲ့ နာမည္နဲ႔စပြန္ဆာေပးထားပါတယ္။ အဲဒါက ကၽြန္ေတာ္ရဲ႕စီးပြားေရးေလးတစ္ခုပါ” လို႔ ေနာေနာ္ကေျပာပါတယ္။

ေနာေနာ္အေနနဲ႔ ၂၀၁၇ခုႏွစ္၊ စက္တင္ဘာလ ၃၀ ရက္ေန႔ကမွ သူရဲ႕ခ်စ္သူျဖစ္တဲ့ မအိအိဟိန္းနဲ႔ မဂၤလာပြဲအခမ္းအနားကို “Methodist English” အသင္းေတာ္မွာ ျပဳလုပ္ခဲ့တာျဖစ္ၿပီး၊ အိမ္ေထာင္ေရးသာယာေစဖို႔အတြက္ ဘယ္လိုႀကိဳးစားတည္ေဆာက္ျဖစ္လဲလို႔ ထပ္မံေမးၾကည့္ရာမွာေတာ့ “အိမ္ေထာင္က်ၿပီး မိသားစုတာဝန္ေတြလည္းရွိလာၿပီဆိုေတာ့ မိသားစုကို တင့္ေတာင့္တင့္တယ္ထားႏိုင္ဖို႔ ႀကိဳးစားေနပါတယ္။ လူေတြအားလံုးမွာ ဘာသာတရားရွိတဲ့အတြက္ အဲဒီအဆံုးအမေတြကို နားေထာင္ၿပီး မိသားစုဘဝကို အေကာင္းဆံုးျဖစ္ေအာင္ ႀကိဳးစားတည္ေဆာက္ပါတယ္။ ဂီတေလာကမွာလည္းသီခ်င္းအသစ္ေတြကိုလည္း ဆက္ၿပီးေတာ့ဖန္တီးသြားမယ္။ အိမ္ေထာင္သည္ဘဝမွာ ကၽြန္ေတာ္တကယ္သိလာရတာက သစၥာတရားပါ။ ေငြေရးေၾကးေရးနဲ႔ ပစၥည္းဥစၥာေတြက အဓိကမက်ပါဘူး” လို႔ အိမ္ေထာင္ေရးနဲ႔ပတ္သက္ၿပီး အဆိုေတာ္ေနာေနာ္ကဆိုပါတယ္။

www.akhayarmedia.com

Facebook လူမႈကြန္ရက္ေပၚတြင္တင္ဆက္ေနသည့္ စာမ်က္ႏွာမ်ားတြင္ အခရာမွတင္ဆက္ထားသည့္ ေဆာင္းပါးမ်ား၊ သတင္းမ်ားကို ခြင့္ျပဳခ်က္ တစ္စံုတစ္ရာ ရယူထားျခင္းမရွိဘဲ စီးပြားျဖစ္ ကူးယူသံုးစြဲေနသည္မ်ားကို ေတြ႕ရွိေနရပါသည္။ အခရာစာမ်က္ႏွာအား တစ္ဦးတစ္ေယာက္ခ်င္း ေဝမ်ွသည္ကို အသိအမွတ္ျပဳေက်းဇူးတင္ေသာ္လည္း စီပြားျဖစ္တည္ေထာင္ထားသည့္ စာမ်က္ႏွာမ်ား၊ ဝက္ဘ္ဆုိက္မ်ားတြင္ ကူးယူတင္ဆက္ေနသည္မ်ားကိုမူ ျပင္းထန္စြာကန္႔ကြက္ပါသည္။ သို႕ျဖစ္ပါ၍ အခရာမီဒီယာမွတင္ဆက္ေနသည့္ အေၾကာင္းအရာမ်ားထဲမွ စာသားအခ်ိဳ႕ကုိျဖစ္ေစ ၊ အပုဒ္လိုက္ျဖစ္ေစ ၊ တစ္ပိုဒ္ျခင္းျဖစ္ေစ ကူးယူသံုးစြဲျခင္းမျပဳရန္ႏွင့္ ဆက္လက္ျပဳလုပ္ပါက ခိုးယူသံုးစြဲေနသည့္ စာမ်က္ႏွာမ်ားကို အမည္ႏွင့္တကြ အမ်ားသိေစရန္ေၾကညာသြားမည္ျဖစ္ၿပီး ဥပေဒအရ အေရးယူမည္ျဖစ္ေၾကာင္း သတိေပးေၾကညာအပ္ပါသည္။

[Unicode]

အိမ်ထောင်ကျပြီးမှ သီချင်းတွေပိုရေးစရာများလာတယ်ဆိုတဲ့ အဆိုတော်နောနော်

အဆိုတော်နောနော်က ပြီးခဲ့တဲ့ဇန်နဝါရီ၂၃ရက်နေ့ကမှ သူရဲ့တစ်ကိုယ်တော်တေးစီးရီးခွေဖြစ်တဲ့ “အရှေ့အနောက်တောင်မြောက်” လို့ အမည်ပေးထားတဲ့ အခွေထွက်ရှိခဲ့ပါတယ်။

အဆိုတော်နောနော်က အိမ်ထောင်ကျပြီးမှ ပထမဦးဆုံးထွက်လာတဲ့အခွေဆိုတော့ သီချင်းရေးသားမှု အပိုင်းမှာ ဘယ်လိုတွေကွဲပြားမှုတွေရှိနေလဲလို့ မေးကြည့်ရာ “ဒီအခွေထဲမှာ အသစ်ပုံစံလေးတွေပါ တယ်။ တေးသီချင်းချိုချိုလေးတွေရော၊ အစုံထည့်ထားပေးပါတယ်။ အိမ်ထောင်ကျပြီးမှ သီချင်းက ရေးစရာအကြောင်းအရာတွေ ပိုများလာတယ်။ တချို့အရာတွေလည်း ပိုသိလာတယ်။ ကျွန်တော်က အိမ်ထောင်ကျပြီးသွားပြီဆိုတော့ ကိုယ့်မိသားစုကို ကောင်းကောင်းမွန်မွန်ထားနိုင်ဖို့အတွက် စီးပွားရေးလည်းလုပ်ဖို့ စဉ်းစားထားပါတယ်။ အခုဒီအခွေထဲမှာလည်း Ja Naw ဆိုတဲ့ နာမည်နဲ့စပွန်ဆာပေးထားပါတယ်။ အဲဒါက ကျွန်တော်ရဲ့စီးပွားရေးလေးတစ်ခုပါ” လို့ နောနော်ကပြောပါတယ်။

နောနော်အနေနဲ့ ၂၀၁၇ခုနှစ်၊ စက်တင်ဘာလ ၃၀ ရက်နေ့ကမှ သူရဲ့ချစ်သူဖြစ်တဲ့ မအိအိဟိန်းနဲ့ မင်္ဂလာပွဲအခမ်းအနားကို “Methodist English” အသင်းတော်မှာ ပြုလုပ်ခဲ့တာဖြစ်ပြီး၊ အိမ်ထောင်ရေးသာယာစေဖို့အတွက် ဘယ်လိုကြိုးစားတည်ဆောက်ဖြစ်လဲလို့ ထပ်မံမေးကြည့်ရာမှာတော့ “အိမ်ထောင်ကျပြီး မိသားစုတာဝန်တွေလည်းရှိလာပြီဆိုတော့ မိသားစုကို တင့်တောင့်တင့်တယ်ထားနိုင်ဖို့ ကြိုးစားနေပါတယ်။ လူတွေအားလုံးမှာ ဘာသာတရားရှိတဲ့အတွက် အဲဒီအဆုံးအမတွေကို နားထောင်ပြီး မိသားစုဘဝကို အကောင်းဆုံးဖြစ်အောင် ကြိုးစားတည်ဆောက်ပါတယ်။ ဂီတလောကမှာလည်းသီချင်းအသစ်တွေကိုလည်း ဆက်ပြီးတော့ဖန်တီးသွားမယ်။ အိမ်ထောင်သည်ဘဝမှာ ကျွန်တော်တကယ်သိလာရတာက သစ္စာတရားပါ။ ငွေရေးကြေးရေးနဲ့ ပစ္စည်းဥစ္စာတွေက အဓိကမကျပါဘူး” လို့ အိမ်ထောင်ရေးနဲ့ပတ်သက်ပြီး အဆိုတော်နောနော်ကဆိုပါတယ်။

www.akhayarmedia.com

Facebook လူမှုကွန်ရက်ပေါ်တွင်တင်ဆက်နေသည့် စာမျက်နှာများတွင် အခရာမှတင်ဆက်ထားသည့် ဆောင်းပါးများ၊ သတင်းများကို ခွင့်ပြုချက် တစ်စုံတစ်ရာ ရယူထားခြင်းမရှိဘဲ စီးပွားဖြစ် ကူးယူသုံးစွဲနေသည်များကို တွေ့ရှိနေရပါသည်။ အခရာစာမျက်နှာအား တစ်ဦးတစ်ယောက်ချင်း ဝေမျှသည်ကို အသိအမှတ်ပြုကျေးဇူးတင်သော်လည်း စီပွားဖြစ်တည်ထောင်ထားသည့် စာမျက်နှာများ၊ ဝက်ဘ်ဆိုက်များတွင် ကူးယူတင်ဆက်နေသည်များကိုမူ ပြင်းထန်စွာကန့်ကွက်ပါသည်။ သို့ဖြစ်ပါ၍ အခရာမီဒီယာမှတင်ဆက်နေသည့် အကြောင်းအရာများထဲမှ စာသားအချို့ကိုဖြစ်စေ ၊ အပုဒ်လိုက်ဖြစ်စေ ၊ တစ်ပိုဒ်ခြင်းဖြစ်စေ ကူးယူသုံးစွဲခြင်းမပြုရန်နှင့် ဆက်လက်ပြုလုပ်ပါက ခိုးယူသုံးစွဲနေသည့် စာမျက်နှာများကို အမည်နှင့်တကွ အများသိစေရန်ကြေညာသွားမည်ဖြစ်ပြီး ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း သတိပေးကြေညာအပ်ပါသည်။