[Zawgyi]

အဆုိးရြားဆုံး သဘာဝေဘးအႏၱရာယ္ႀကီး (၅) ခုက ဘာေတြလဲ

ဖြံ႕ ၿဖိဳးတုိးတက္လာတဲ့ နည္းပညာေခတ္ကုိ ေရာက္လာၿပီဆုိေပမယ့္ မီးေဘး၊ ေရေဘး၊ ငလ်င္စတဲ့ သဘာဝေဘးအႏၱရာယ္မ်ိဳးေတြက လူသားေတြကုိ ဒုကၡေပးေနတုန္းပါပဲ။ သဘာဝေဘးအႏၱရာယ္ဆုိတာ အခ်ိန္မေရြးက်ေရာက္လာႏုိင္ၿပီး လူသားေတြအေနနဲ႔ အပ်က္အစီးနည္းပါးေအာင္သာ ၾကံေဆာင္ႏုိင္ၿပီး တားဆီးဖုိ႔ဆုိတာ မျဖစ္ႏုိင္ပါဘူး။ အခုေဆာင္းပါးမွာေတာ့ ကမၻာ့သမုိင္းမွာ အပ်က္အစီးအမ်ားဆုံး သဘာဝေဘးအႏၱရာယ္ (၅) ခုအေၾကာင္းကုိ ေဖာ္ျပခ်င္ပါတယ္။

(၅) 2010 Haiti Earthquake

၂ဝ၁ဝခုႏွစ္ ဇန္နဝါရီလ (၁၂) ရက္ေန႔ ေဒသစံေတာ္ခ်ိန္ ၄နာရီ ၅၃မိနစ္တုန္းက ေဟတီီႏုိင္ငံမွာ လႈပ္ခတ္ခဲ့တဲ့ ငလ်င္ရဲ႕ပမာဏဟာ 7.0 Mw (Moment Magnitude Scale) ေတာင္ရွိခဲ့ပါတယ္။ လူသုံးသန္းေလာက္ အတိဒုကၡေရာက္ခဲ့ရၿပီး လူဦးေရ ႏွစ္သိန္းခြဲေက်ာ္ အုိးမဲ့အိမ္မဲ့ျဖစ္ခဲ့ရပါတယ္။ ေသဆုံးသူအေရအတြက္ကုိ အတိအက်မသိရေပမယ့္ လူဦးေရသုံးသိန္းေက်ာ္ ေသဆုံးခဲ့တယ္လုိ႔ ေဟတီအစုိးရက ေၾကညာခဲ့ပါတယ္။

(၄) 1970 Bhola Cyclone

၁၉၇ဝခုႏွစ္ ႏုိဝင္ဘာလ (၈) ရက္ေန႔တုန္းက ဘဂၤလားပင္လယ္ေအာ္မွာ တုိက္ခတ္တဲ့ ဆုိင္းကလုန္းမုန္တုိင္းဟာ ေျမာက္အရပ္ကုိ ဦးတည္ၿပီး အေရွ႕ပါကစၥတန္ (အခု ဘဂၤါလားေဒ့ရွ္) ရဲ႕ ဘုိလာခရုိင္ (Bhola Distinct) ကုိ ဝင္ေရာက္ခဲ့ပါတယ္။ လူဦးေရသုံးသိန္းေက်ာ္ ေသဆုံးခဲ့ၿပီး ကမ္းေျခရြာေတြ၊ လယ္ယာစုိက္ခင္းေတြ ပ်က္စီးကုန္ပါတယ္။ ၁၉၇ဝခုႏွစ္တုန္းကေတာ့ အေမရိကန္ေဒၚလာ ၈၆.၄ သန္းေက်ာ္ဖုိး ပ်က္စီးတယ္လုိ႔ ခန္႔မွန္းရပါတယ္။

(၃) 1976 Tangshan Earthquake

၁၉၇၆ခုႏွစ္ ဇူလုိင္လ (၂၈) ရက္တုန္းက တရုတ္ႏုိင္ငံရဲ႕ စက္မႈၿမိဳ႕  Tangshan မွာ လႈပ္ခတ္ခဲ့တဲ့ ငလ်င္ရဲ႕ပမာဏဟာ 7.6 Mw (Moment Magnitude Scale) ေတာင္ရွိခဲ့ပါတယ္။ တရုတ္အစုိးရဟာ ေသဆုံးသူ ၂၄၂,ဝဝဝ သာရွိတယ္လုိ႔ အေစာပုိင္းတုန္းက ေၾကညာခဲ့ေပမယ့္ ၁၅နာရီၾကာတဲ့အခါမွာ ျပင္းအား 7.0 Mw ရွိတဲ့ ငလ်င္တစ္ခု ထပ္လႈပ္ခဲ့တာေၾကာင့္ ေသဆုံးသူ ျမင့္တက္လာခဲ့ၿပီး ၆၅၅,ဝဝဝ အထိရွိလာခဲ့ပါတယ္။

(၂) Jiajing Earthquake

၁၅၅၆ခုႏွစ္ ဇန္နဝါရီလ (၂၃) ရက္ေန႔ မင္မင္းဆက္ (Ming Dynasty) ေခတ္တုန္းက ရွန္ရွီးျပည္နယ္ (Shaanxi Province) ကုိ ဗဟုိျပဳလႈပ္ခတ္တဲ့ ငလ်င္ႀကီးဟာ သမုိင္းတစ္ေလ်ွာက္မွာ အဆုိးဝါးဆုံးငလ်င္ျဖစ္ခဲ့ပါတယ္။ ျပင္းအား 8.0 Mw ရွိခဲ့တယ္လုိ႔ ခန္႔မွန္းရၿပီး ရွန္းရွီးျပည္နယ္ (Shanxi Province) ၊ ဟဲနန္းျပည္နယ္ (Henan Province) ၊ ကန္းစုျပည္နယ္ (Gansu Province) ၊ ဟဲေပျပည္နယ္ (Hebei Province) ၊ ရွန္းတုန္းျပည္နယ္ (Shandong Province) ၊ ဟူေပျပည္နယ္ (Hubei Province) ၊ ဟူနန္ျပည္နယ္ (Hunan Province) နဲ႔ က်န္းစုျပည္နယ္ (Jiangsu Province) ေတြအထိပါ ထိခုိက္ခဲ့ပါတယ္။ မုိင္ (၅၂ဝ) အတြင္း ျပင္းျပင္းထန္ထန္ခံစားရၿပီး ေဘဂ်င္းၿမိဳ႕  (Beijing) နဲ႔ ရွန္ဟုိင္းၿမိဳ႕ (Shanghai) ေတြမွာရွိတဲ့ အေဆာက္အဦးေတြပါ ပ်က္စီးကုန္ပါတယ္။ လူဦးေရ ရွစ္သိန္းသုံးေသာင္းေက်ာ္အထိ ေသဆုံးခဲ့တယ္လုိ႔ ခန္႔မွန္းရၿပီး ဒီေန႔ေခတ္မွာေတာင္ စံခ်ိန္တင္ထားဆဲပါ။

(၁) 1887 Yellow River Flood

Huang He ျမစ္ဟာ (၃၃၉၅) မုိင္ ရွည္လ်ားၿပီး တရုတ္ႏုိင္ငံမွာ ယန္ဇီးျမစ္ (Yangtze River) ၿပီးရင္ ဒုတိယအရွည္ဆုံးျမစ္ျဖစ္ပါတယ္။ ျမစ္ေရဟာ အနည္မ်ားၿပီး ဝါက်င့္က်င့္ရွိတဲ့အတြက္ ျမစ္ဝါျမစ္ (Yellow River) လုိ႔ ေခၚၾကပါတယ္။ ျမစ္ေအာက္ပုိင္းမွာ အနည္က်လာၿပီး ေရႀကီးေရလႊမ္းမႈေတြ မၾကာခဏျဖစ္ေပၚတတ္ပါတယ္။

၁၃၃၂ ခုႏွစ္ (၁၃၃၃ ခုႏွစ္ဝန္းက်င္) တုန္းက ေရလႊမ္းမုိးမႈျဖစ္ေပၚခဲ့တဲ့အတြက္ လူဦးေရ (၇) သန္းေက်ာ္ ေသဆုံးခဲ့ပါတယ္။ အနီးစပ္ဆုံးေျပာရရင္ ၁၈၈၇ခုႏွစ္ ေရလႊမ္းမုိးမႈတုန္းက လူဦးေရ ႏွစ္သန္းအထိ ေသဆုံးခဲ့ပါတယ္။

၁၉၃၁ခုႏွစ္မွာ အပ်က္အစီးမ်ားခဲ့ၿပီး လူဦးေရ ေလးသန္းအထိ ေသဆုံးခဲ့တယ္လုိ႔ မွတ္သားရပါတယ္။ ၁၉၃၈ခုႏွစ္တုန္းကလည္း လူကုိးသိန္းေက်ာ္ ေသဆုံးခဲ့ပါေသးတယ္။

ဒါ့အျပင္ ၂ဝဝ၄ခုႏွစ္ ဒီဇင္ဘာလ (၂၆) ရက္ေန႔တုန္းက အင္ဒုိနီးရွားႏုိင္ငံ ဆူမားၾတားကြ်န္းဆြယ္ အေနာက္ပုိင္းကုိ ဗဟုိျပဳၿပီး ျပင္းအား 9.1 Mw ရွိတဲ့ ငလ်င္တစ္ခု လႈပ္ခတ္ခဲ့ရာမွာ ပင္လယ္ေရမ်က္ႏွာျပင္ဟာ ေပ (၁ဝဝ) ေက်ာ္အထိ ျမင့္တက္လာခဲ့ၿပီး အိႏၵိယပင္လယ္ကမ္းရုိးတစ္ေလ်ွာက္မွာရွိတဲ့ ေဒသခံေတြကုိ ေသဆုံးေစခဲ့ပါေသးတယ္။ လူေပါင္း ၂၂၇,၈၉၈ အထိ ေသဆုံးခဲ့တယ္လုိ႔ ခန္႔မွန္းရပါတယ္။

ပ်က္စီးဆုံးရႈံးမႈဟာ ကာလတန္ေၾကး ၁၉.၉ ဘီလီယံအထိ ရွိခဲ့တယ္လုိ႔ သိရၿပီး စီးပြားေရးအရ အထိနာခဲ့ပါတယ္။ သဘာဝေဘးအႏၱရာယ္ေဘးမွ ေရွာင္ခြာေဝးၿပီး ေလာကႀကီးေအးခ်မ္းၾကပါေစလုိ႔သာ ေတာင္းဆုေခြ်လုိက္ရပါတယ္။

ေက်ာ္စုိးေအာင္ (အခရာ)

www.akhayar.com 

[Unicode]

အဆိုးရွားဆုံး သဘာဝဘေးအန္တရာယ်ကြီး (၅) ခုက ဘာတွေလဲ

ဖွံ့ ဖြိုးတိုးတက်လာတဲ့ နည်းပညာခေတ်ကို ရောက်လာပြီဆိုပေမယ့် မီးဘေး၊ ရေဘေး၊ ငလျင်စတဲ့ သဘာဝဘေးအန္တရာယ်မျိုးတွေက လူသားတွေကို ဒုက္ခပေးနေတုန်းပါပဲ။ သဘာဝဘေးအန္တရာယ်ဆိုတာ အချိန်မရွေးကျရောက်လာနိုင်ပြီး လူသားတွေအနေနဲ့ အပျက်အစီးနည်းပါးအောင်သာ ကြံဆောင်နိုင်ပြီး တားဆီးဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ အခုဆောင်းပါးမှာတော့ ကမ္ဘာ့သမိုင်းမှာ အပျက်အစီးအများဆုံး သဘာဝဘေးအန္တရာယ် (၅) ခုအကြောင်းကို ဖော်ပြချင်ပါတယ်။

(၅) 2010 Haiti Earthquake

၂ဝ၁ဝခုနှစ် ဇန်နဝါရီလ (၁၂) ရက်နေ့ ဒေသစံတော်ချိန် ၄နာရီ ၅၃မိနစ်တုန်းက ဟေတီနိုင်ငံမှာ လှုပ်ခတ်ခဲ့တဲ့ ငလျင်ရဲ့ပမာဏဟာ 7.0 Mw (Moment Magnitude Scale) တောင်ရှိခဲ့ပါတယ်။ လူသုံးသန်းလောက် အတိဒုက္ခရောက်ခဲ့ရပြီး လူဦးရေ နှစ်သိန်းခွဲကျော် အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရပါတယ်။ သေဆုံးသူအရေအတွက်ကို အတိအကျမသိရပေမယ့် လူဦးရေသုံးသိန်းကျော် သေဆုံးခဲ့တယ်လို့ ဟေတီအစိုးရက ကြေညာခဲ့ပါတယ်။

(၄) 1970 Bhola Cyclone

၁၉၇ဝခုနှစ် နိုဝင်ဘာလ (၈) ရက်နေ့တုန်းက ဘင်္ဂလားပင်လယ်အော်မှာ တိုက်ခတ်တဲ့ ဆိုင်းကလုန်းမုန်တိုင်းဟာ မြောက်အရပ်ကို ဦးတည်ပြီး အရှေ့ပါကစ္စတန် (အခု ဘင်္ဂါလားဒေ့ရှ်) ရဲ့ ဘိုလာခရိုင် (Bhola Distinct) ကို ဝင်ရောက်ခဲ့ပါတယ်။ လူဦးရေသုံးသိန်းကျော် သေဆုံးခဲ့ပြီး ကမ်းခြေရွာတွေ၊ လယ်ယာစိုက်ခင်းတွေ ပျက်စီးကုန်ပါတယ်။ ၁၉၇ဝခုနှစ်တုန်းကတော့ အမေရိကန်ဒေါ်လာ ၈၆.၄ သန်းကျော်ဖိုး ပျက်စီးတယ်လို့ ခန့်မှန်းရပါတယ်။

(၃) 1976 Tangshan Earthquake

၁၉၇၆ခုနှစ် ဇူလိုင်လ (၂၈) ရက်တုန်းက တရုတ်နိုင်ငံရဲ့ စက်မှုမြို့  Tangshan မှာ လှုပ်ခတ်ခဲ့တဲ့ ငလျင်ရဲ့ပမာဏဟာ 7.6 Mw (Moment Magnitude Scale) တောင်ရှိခဲ့ပါတယ်။ တရုတ်အစိုးရဟာ သေဆုံးသူ ၂၄၂,ဝဝဝ သာရှိတယ်လို့ အစောပိုင်းတုန်းက ကြေညာခဲ့ပေမယ့် ၁၅နာရီကြာတဲ့အခါမှာ ပြင်းအား 7.0 Mw ရှိတဲ့ ငလျင်တစ်ခု ထပ်လှုပ်ခဲ့တာကြောင့် သေဆုံးသူ မြင့်တက်လာခဲ့ပြီး ၆၅၅,ဝဝဝ အထိရှိလာခဲ့ပါတယ်။

(၂) Jiajing Earthquake

၁၅၅၆ခုနှစ် ဇန်နဝါရီလ (၂၃) ရက်နေ့ မင်မင်းဆက် (Ming Dynasty) ခေတ်တုန်းက ရှန်ရှီးပြည်နယ် (Shaanxi Province) ကို ဗဟိုပြုလှုပ်ခတ်တဲ့ ငလျင်ကြီးဟာ သမိုင်းတစ်လျှောက်မှာ အဆိုးဝါးဆုံးငလျင်ဖြစ်ခဲ့ပါတယ်။ ပြင်းအား 8.0 Mw ရှိခဲ့တယ်လို့ ခန့်မှန်းရပြီး ရှန်းရှီးပြည်နယ် (Shanxi Province) ၊ ဟဲနန်းပြည်နယ် (Henan Province) ၊ ကန်းစုပြည်နယ် (Gansu Province) ၊ ဟဲပေပြည်နယ် (Hebei Province) ၊ ရှန်းတုန်းပြည်နယ် (Shandong Province) ၊ ဟူပေပြည်နယ် (Hubei Province) ၊ ဟူနန်ပြည်နယ် (Hunan Province) နဲ့ ကျန်းစုပြည်နယ် (Jiangsu Province) တွေအထိပါ ထိခိုက်ခဲ့ပါတယ်။ မိုင် (၅၂ဝ) အတွင်း ပြင်းပြင်းထန်ထန်ခံစားရပြီး ဘေဂျင်းမြို့  (Beijing) နဲ့ ရှန်ဟိုင်းမြို့ (Shanghai) တွေမှာရှိတဲ့ အဆောက်အဦးတွေပါ ပျက်စီးကုန်ပါတယ်။ လူဦးရေ ရှစ်သိန်းသုံးသောင်းကျော်အထိ သေဆုံးခဲ့တယ်လို့ ခန့်မှန်းရပြီး ဒီနေ့ခေတ်မှာတောင် စံချိန်တင်ထားဆဲပါ။

(၁) 1887 Yellow River Flood

Huang He မြစ်ဟာ (၃၃၉၅) မိုင် ရှည်လျားပြီး တရုတ်နိုင်ငံမှာ ယန်ဇီးမြစ် (Yangtze River) ပြီးရင် ဒုတိယအရှည်ဆုံးမြစ်ဖြစ်ပါတယ်။ မြစ်ရေဟာ အနည်များပြီး ဝါကျင့်ကျင့်ရှိတဲ့အတွက် မြစ်ဝါမြစ် (Yellow River) လို့ ခေါ်ကြပါတယ်။ မြစ်အောက်ပိုင်းမှာ အနည်ကျလာပြီး ရေကြီးရေလွှမ်းမှုတွေ မကြာခဏဖြစ်ပေါ်တတ်ပါတယ်။

၁၃၃၂ ခုနှစ် (၁၃၃၃ ခုနှစ်ဝန်းကျင်) တုန်းက ရေလွှမ်းမိုးမှုဖြစ်ပေါ်ခဲ့တဲ့အတွက် လူဦးရေ (၇) သန်းကျော် သေဆုံးခဲ့ပါတယ်။ အနီးစပ်ဆုံးပြောရရင် ၁၈၈၇ခုနှစ် ရေလွှမ်းမိုးမှုတုန်းက လူဦးရေ နှစ်သန်းအထိ သေဆုံးခဲ့ပါတယ်။

၁၉၃၁ခုနှစ်မှာ အပျက်အစီးများခဲ့ပြီး လူဦးရေ လေးသန်းအထိ သေဆုံးခဲ့တယ်လို့ မှတ်သားရပါတယ်။ ၁၉၃၈ခုနှစ်တုန်းကလည်း လူကိုးသိန်းကျော် သေဆုံးခဲ့ပါသေးတယ်။

ဒါ့အပြင် ၂ဝဝ၄ခုနှစ် ဒီဇင်ဘာလ (၂၆) ရက်နေ့တုန်းက အင်ဒိုနီးရှားနိုင်ငံ ဆူမားတြားကျွန်းဆွယ် အနောက်ပိုင်းကို ဗဟိုပြုပြီး ပြင်းအား 9.1 Mw ရှိတဲ့ ငလျင်တစ်ခု လှုပ်ခတ်ခဲ့ရာမှာ ပင်လယ်ရေမျက်နှာပြင်ဟာ ပေ (၁ဝဝ) ကျော်အထိ မြင့်တက်လာခဲ့ပြီး အိန္ဒိယပင်လယ်ကမ်းရိုးတစ်လျှောက်မှာရှိတဲ့ ဒေသခံတွေကို သေဆုံးစေခဲ့ပါသေးတယ်။ လူပေါင်း ၂၂၇,၈၉၈ အထိ သေဆုံးခဲ့တယ်လို့ ခန့်မှန်းရပါတယ်။

ပျက်စီးဆုံးရှုံးမှုဟာ ကာလတန်ကြေး ၁၉.၉ ဘီလီယံအထိ ရှိခဲ့တယ်လို့ သိရပြီး စီးပွားရေးအရ အထိနာခဲ့ပါတယ်။ သဘာဝဘေးအန္တရာယ်ဘေးမှ ရှောင်ခွာဝေးပြီး လောကကြီးအေးချမ်းကြပါစေလို့သာ တောင်းဆုချွေလိုက်ရပါတယ်။

ကျော်စိုးအောင် (အခရာ)

www.akhayar.com