ကိုရီးယားႏိုင္ငံရဲ႕ အလွအပစံႏႈန္းကိုေျပာင္းလဲလိုက္တဲ႔ မင္းသမီး ၃ ေယာက္

ကိုရီးယားႏိုင္ငံရဲ႕ အလွအပစံႏႈန္းက အရမ္းကို Perfect ျဖစ္လြန္းပါတယ္။ V Shape မ်က္ႏွာက် ၊ မ်က္လံုးနဲ႔ ႏႈတ္ခမ္းလွလွေလးေတြနဲ႔ ျပည္႔စံုလြန္းတဲ႔ မ်က္ႏွာအလွေလးက ကိုရီးယားအႏုပညာရွင္ေတြမွာသာမက သာမန္လူေတြဆီကိုပါကူးစက္လာခဲ႔တာၾကာခဲ႔ပါျပီ။ မ်က္ႏွာခြဲစိတ္ျပဳျပင္တဲ႔ေဆးခန္းေတြဟာ ရပ္ကြက္ထိပ္ကအလွျပင္ဆိုင္ေတြလိုပဲ မႈိလိုေပါက္ေနခဲ႔ပါတယ္။ ဒီလို အလွအပစံႏႈန္းေတြရဲ႕ ေဘးထြက္ဆိုးက်ိဴးကေတာ႔ တစ္ေယာက္နဲ႔တစ္ေယာက္ရုပ္သိပ္မကြာေတာ႔တာပါပဲ။ သူနဲ႔ပဲဆင္သလိုလို ၊ ကိုယ္နဲ႔ပဲတူေနသလိုလုိ ျဖစ္လာပါေတာ႔တယ္။ ဒါေၾကာင္႔လည္းကိုရီးယားႏိုင္ငံမွာ Miss ေရြးတဲ႔အခါ မကြဲျပားေတာ႔တဲ႔ရုပ္ရည္ေတြေၾကာင္႔ အမ်ားကဲ႔ရဲ႕တာခံခဲ႔ရဖူးပါတယ္။

ဒီလို အလွစံႏႈန္းေတြကို ေျပာင္းလဲလိုက္တဲ႔ မင္းသမီးသံုးေယာက္ရွိပါတယ္။ သူတို႔ေတြက ရွွိရင္းစြဲအလွကိုတန္ဖုိးထားတတ္ေအာင္ ကိုယ္႔ရုပ္ရည္ကိုခ်စ္တတ္ေအာင္ ေျပာင္းလဲေပးႏိုင္ခဲ႔သူေတြျဖစ္ပါတယ္။ အမ်ားအျမင္မွာ ရုပ္ဆိုးတယ္လုိ႔ထင္ၾကေပမယ္႔ သူတို႔ရဲ႕ေအာင္ျမင္မႈနဲ႔ အလွစစ္က အေတာ္ေလးလႊမ္းမိုးထားႏိုင္ခဲ႔ျပီျဖစ္ပါတယ္။

Kim Go Eun

kim go eun

Kim Go Eun ဟာလက္ရွိမွာ အေတာ္ေလးေပၚျပဴလာျဖစ္ေနတဲ႔အႏုပညာရွင္တစ္ေယာက္ ျဖစ္ေနပါျပီ။ Goblin ေၾကာင္႔ေအာင္ျမင္မႈရလာတဲ႔ သူမက အႏုပညာအရည္အေသြးေရာ ၊ အလွစစ္ကိုေရာ ေဖာ္ထုတ္ျပသႏိုင္ခဲ႔သူပါ။ Goblin ဇာတ္လမ္းတြဲေအာင္ျမင္ျပီးေနာက္ပိုင္းမွာ သူမကိုပရိသတ္ေတြက ပိုခ်စ္လာခဲ႔ၾကျပီး ခြဲစိတ္ျပဳျပင္မႈမလုပ္ထားတဲ႔ သူမလို အလွမ်ိဳးကိုလည္း တန္ဖိုးထားတတ္လာၾကပါတယ္။

သူမကအလွအပထိန္းသိမ္းမႈနဲ႔ပတ္သက္ျပီး Instyle မဂၢဇင္းကိုဖြင္႔ဟခဲ႔ရာမွာ “ကၽြန္မတစ္ေန႔ကို ေရႏွစ္လီတာေသာက္ပါတယ္။ ျပီးေတာ႔ အသားေျခာက္လာျပီလုိ႔ထင္တဲ႔အခ်ိန္တိုင္း အစိုဓာတ္ျဖည္႔ေပးတဲ႔ Facial Spray ကိုဖ်န္းတယ္။ ညအိပ္ရာဝင္ခ်ိန္က်ရင္ Essential Oil ႏွစ္စက္သံုးစက္ အျမဲလိမ္းတယ္။ တစ္ခါတေလ အသားအေရက ညစ္ႏြမ္းလာရင္ Mask ကပ္ေပးေလ႔ရွိတယ္” လို႔ဖြင္႔ဟခဲ႔ပါတယ္။

Park So Dam

park so dam

The Priests ရုပ္ရွင္ကားနဲ႔ ေအာင္ျမင္မႈရခဲ႔တဲ႔သူမက လက္ရွိမွာလည္း နာမည္ၾကီးမင္းသမီးတစ္လက္ျဖစ္ေနပါတယ္။ ဒီရုပ္ရွင္ကားေၾကာင္႔ Blue Dragon Film Awards မွာ အေကာင္းဆံုးမ်က္ႏွာသစ္သရုပ္ေဆာင္ဆုကို ဆြတ္ခူးခဲ႔တဲ႔သူမက The Silenced ရုပ္ရွင္ ၊ Cinderella and Four Knights ဇာတ္လမ္းတြဲနဲ႔လည္း ပရိသတ္ေတြအခ်စ္ကိုရယူႏိုင္ခဲ႔သူပါ။ ေယာက္က်ားေလးဆန္ျပီး သဘာဝအလွေၾကာင္႔ ေကာင္ေလးေတြသာမက ေကာင္မေလးေတြေတာ္ေတာ္မ်ားမ်ားကပါ သူမ Fan ေတြျဖစ္ကုန္ၾကပါတယ္။

သူမရဲ႕အလွနဲ႔ပတ္သက္ျပီး Park So Dam က“ကၽြန္မရဲ႕ ဆြဲေဆာင္မႈကအမ်ားနဲ႔မတူတဲ႔ရုပ္ရည္ေၾကာင္႔လို႔ ထင္ပါတယ္။ ကၽြန္မရဲ႕ ရုပ္ရည္အေပၚမွာ ရာႏႈန္းျပည္႔စိတ္ေက်နပ္မႈမရွိေပမယ္႔ ဘယ္ေတာ႔မွခြဲစိတ္ျပဳျပင္မွာမဟုတ္ပါဘူး။ ဘုရားေပးတဲ႔ ဒီမ်က္ႏွာကိုပဲ ျမတ္ႏိုးပါတယ္” လို႔ေျပာျပခဲ႔ပါတယ္။

Han Ye Ri

Han-ye-ri

Han Ye Ri ကေတာ႔ အသက္ ၂၉ ႏွစ္အရြယ္ရွိပါျပီ။ သူမဟာ ဇာတ္လမ္းတိုေတြနဲ႔ Independent Film ေတြမွာ အဓိကပါဝင္သရုပ္ေဆာင္ခဲ႔ပါတယ္။ As One ဆိုတဲ႔ရုပ္ရွင္ကားမွာ စားပြဲတင္တင္းနစ္ကစားတဲ႔ေကာင္မေလးအျဖစ္ ပီပီျပင္ျပင္သရုပ္ေဆာင္ရင္း သူမရဲ႕သဘာဝအလွနဲ႔ သရုပ္ေဆာင္စြမ္းရည္ကို ပရိသတ္ကသိသြားခဲ႔ပါတယ္။ အဲဒီေနာက္ပိုင္းမွာ Six Flying Dragons ၊ Age of Youthစတဲ႔ဇာတ္လမ္းတြဲေတြမွာ သရုပ္ေဆာင္ရင္း ေအာင္ျမင္မႈရလာတဲ႔ သူမကေယာက္က်ားေလးေတြၾကားမွာသာမက မိန္းကေလးေတြၾကားမွာလည္း ေပၚျပဴလာျဖစ္ပါတယ္။ ႏုပ်ိဳလြန္းတဲ႔သူမရဲ႕အလွကိုေတာ႔ Timeless Beauty ရယ္လို႔တင္စားေလ႔ရွိၾကပါတယ္။

တကယ္ေတာ႔ ရွိရင္းစြဲရုပ္ရည္နဲ႔လွပျခင္းကသာ သူမတူတဲ႔အလွကိုရမွာပါေနာ္။ ခြဲစိတ္ျပဳျပင္ထားတဲ႔အလွကေတာ႔ ေနာက္ပိုင္းမွာ သူလိုကိုယ္လိုလွပျခင္းမ်ိဳးေတြျဖစ္ေစႏိုင္တာမို႔ ရွိရင္းစြဲအလွကိုသာ ပိုမိုေပၚလြင္ေအာင္ ျပင္ဆင္ျပီးကိုယ္ပိုင္အလွတရားတစ္ခုကိုတည္ေဆာက္ႏိုင္ၾကဖို႔လိုပါတယ္။

ဂ်ဴဂ်ဴး(အခရာ)

HeinekenPhoto

www.akhayar.com

Unicode

ကိုရီးယားနိုင်ငံရဲ့ အလှအပစံနှုန်းက အရမ်းကို Perfect ဖြစ်လွန်းပါတယ်။ V Shape မျက်နှာကျ ၊ မျက်လုံးနဲ့ နှုတ်ခမ်းလှလှလေးတွေနဲ့ ပြည့်စုံလွန်းတဲ့ မျက်နှာအလှလေးက ကိုရီးယားအနုပညာရှင်တွေမှာသာမက သာမန်လူတွေဆီကိုပါကူးစက်လာခဲ့တာကြာခဲ့ပါပြီ။ မျက်နှာခွဲစိတ်ပြုပြင်တဲ့ဆေးခန်းတွေဟာ ရပ်ကွက်ထိပ်ကအလှပြင်ဆိုင်တွေလိုပဲ မှိုလိုပေါက်နေခဲ့ပါတယ်။ ဒီလို အလှအပစံနှုန်းတွေရဲ့ ဘေးထွက်ဆိုးကျိူးကတော့ တစ်ယောက်နဲ့တစ်ယောက်ရုပ်သိပ်မကွာတော့တာပါပဲ။ သူနဲ့ပဲဆင်သလိုလို ၊ ကိုယ်နဲ့ပဲတူနေသလိုလို ဖြစ်လာပါတော့တယ်။ ဒါကြောင့်လည်းကိုရီးယားနိုင်ငံမှာ Miss ရွေးတဲ့အခါ မကွဲပြားတော့တဲ့ရုပ်ရည်တွေကြောင့် အများကဲ့ရဲ့တာခံခဲ့ရဖူးပါတယ်။
ဒီလို အလှစံနှုန်းတွေကို ပြောင်းလဲလိုက်တဲ့ မင်းသမီးသုံးယောက်ရှိပါတယ်။ သူတို့တွေက ရှှိရင်းစွဲအလှကိုတန်ဖိုးထားတတ်အောင် ကိုယ့်ရုပ်ရည်ကိုချစ်တတ်အောင် ပြောင်းလဲပေးနိုင်ခဲ့သူတွေဖြစ်ပါတယ်။ အများအမြင်မှာ ရုပ်ဆိုးတယ်လို့ထင်ကြပေမယ့် သူတို့ရဲ့အောင်မြင်မှုနဲ့ အလှစစ်က အတော်လေးလွှမ်းမိုးထားနိုင်ခဲ့ပြီဖြစ်ပါတယ်။

Kim Go Eun

Kim Go Eun ဟာလက်ရှိမှာ အတော်လေးပေါ်ပြူလာဖြစ်နေတဲ့အနုပညာရှင်တစ်ယောက် ဖြစ်နေပါပြီ။ Goblin ကြောင့်အောင်မြင်မှုရလာတဲ့ သူမက အနုပညာအရည်အသွေးရော ၊ အလှစစ်ကိုရော ဖော်ထုတ်ပြသနိုင်ခဲ့သူပါ။ Goblin ဇာတ်လမ်းတွဲအောင်မြင်ပြီးနောက်ပိုင်းမှာ သူမကိုပရိသတ်တွေက ပိုချစ်လာခဲ့ကြပြီး ခွဲစိတ်ပြုပြင်မှုမလုပ်ထားတဲ့ သူမလို အလှမျိုးကိုလည်း တန်ဖိုးထားတတ်လာကြပါတယ်။
သူမကအလှအပထိန်းသိမ်းမှုနဲ့ပတ်သက်ပြီး Instyle မဂ္ဂဇင်းကိုဖွင့်ဟခဲ့ရာမှာ “ကျွန်မတစ်နေ့ကို ရေနှစ်လီတာသောက်ပါတယ်။ ပြီးတော့ အသားခြောက်လာပြီလို့ထင်တဲ့အချိန်တိုင်း အစိုဓာတ်ဖြည့်ပေးတဲ့ Facial Spray ကိုဖျန်းတယ်။ ညအိပ်ရာဝင်ချိန်ကျရင် Essential Oil နှစ်စက်သုံးစက် အမြဲလိမ်းတယ်။ တစ်ခါတလေ အသားအရေက ညစ်နွမ်းလာရင် Mask ကပ်ပေးလေ့ရှိတယ်” လို့ဖွင့်ဟခဲ့ပါတယ်။

Park So Dam

The Priests ရုပ်ရှင်ကားနဲ့ အောင်မြင်မှုရခဲ့တဲ့သူမက လက်ရှိမှာလည်း နာမည်ကြီးမင်းသမီးတစ်လက်ဖြစ်နေပါတယ်။ ဒီရုပ်ရှင်ကားကြောင့် Blue Dragon Film Awards မှာ အကောင်းဆုံးမျက်နှာသစ်သရုပ်ဆောင်ဆုကိုဆွတ်ခူးခဲ့တဲ့သူမက The Silenced ရုပ်ရှင် ၊ Cinderella and Four Knights ဇာတ်လမ်းတွဲနဲ့လည်း ပရိသတ်တွေအချစ်ကိုရယူနိုင်ခဲ့သူပါ။ ယောက်ကျားလေးဆန်ပြီး သဘာဝအလှကြောင့် ကောင်လေးတွေသာမက ကောင်မလေးတွေတော်တော်များများကပါသူမ Fan တွေဖြစ်ကုန်ကြပါတယ်။
သူမရဲ့အလှနဲ့ပတ်သက်ပြီး Park So Dam က“ကျွန်မရဲ့ ဆွဲဆောင်မှုကအများနဲ့မတူတဲ့ရုပ်ရည်ကြောင့်လို့ ထင်ပါတယ်။ ကျွန်မရဲ့ ရုပ်ရည်အပေါ်မှာ ရာနှုန်းပြည့်စိတ်ကျေနပ်မှုမရှိပေမယ့် ဘယ်တော့မှခွဲစိတ်ပြုပြင်မှာမဟုတ်ပါဘူး။ ဘုရားပေးတဲ့ ဒီမျက်နှာကိုပဲ မြတ်နိုးပါတယ်” လို့ပြောပြခဲ့ပါတယ်။

Han Ye Ri

Han Ye Ri ကတော့ အသက် ၂၉ နှစ်အရွယ်ရှိပါပြီ။ သူမဟာ ဇာတ်လမ်းတိုတွေနဲ့ Independent Film တွေမှာ အဓိကပါဝင်သရုပ်ဆောင်ခဲ့ပါတယ်။ As One ဆိုတဲ့ရုပ်ရှင်ကားမှာ စားပွဲတင်တင်းနစ်ကစားတဲ့ကောင်မလေးအဖြစ် ပီပီပြင်ပြင်သရုပ်ဆောင်ရင်း သူမရဲ့သဘာဝအလှနဲ့ သရုပ်ဆောင်စွမ်းရည်ကို ပရိသတ်ကသိသွားခဲ့ပါတယ်။ အဲဒီနောက်ပိုင်းမှာ Six Flying Dragons ၊ Age of Youthစတဲ့ဇာတ်လမ်းတွဲတွေမှာ သရုပ်ဆောင်ရင်း အောင်မြင်မှုရလာတဲ့ သူမကယောက်ကျားလေးတွေကြားမှာသာမက မိန်းကလေးတွေကြားမှာလည်း ပေါ်ပြူလာဖြစ်ပါတယ်။ နုပျိုလွန်းတဲ့သူမရဲ့အလှကိုတော့ Timeless Beauty ရယ်လို့တင်စားလေ့ရှိကြပါတယ်။
တကယ်တော့ ရှိရင်းစွဲရုပ်ရည်နဲ့လှပခြင်းကသာ သူမတူတဲ့အလှကိုရမှာပါနော်။

ခွဲစိတ်ပြုပြင်ထားတဲ့အလှကတော့ နောက်ပိုင်းမှာ သူလိုကိုယ်လိုလှပခြင်းမျိုးတွေဖြစ်စေနိုင်တာမို့ ရှိရင်းစွဲအလှကိုသာ ပိုမိုပေါ်လွင်အောင် ပြင်ဆင်ပြီးကိုယ်ပိုင်အလှတရားတစ်ခုကိုတည်ဆောက်နိုင်ကြဖို့လိုပါတယ်။

ဂ်ဴဂ်ဴး(အခရာ)

HeinekenPhoto

www.akhayar.com