[Zawgyi]

ဘယ္လ္ဂ်ီယံ ႏိုင္ပြဲဆက္ခဲ႔ျပီး စပိန္ ႐ံႈးပြဲၾကံဳခဲ႔ရတဲ႔ Nations League ျပိဳင္ပြဲ

ဒီတစ္ပတ္မွာေတာ႔ ကလပ္အသင္းပြဲစဥ္ေတြကို ရပ္နားျပီး ႏိုင္ငံတကာပြဲစဥ္ေတြကို ယွဥ္ျပိဳင္ကစားသြားၾကမွာျဖစ္ပါတယ္။ အခုၾကားရက္ထဲမွာ Nations League ျပိဳင္ပြဲ ကစားခဲ႔ၾကျပီး ဘယ္လ္ဂ်ီယံအသင္းဟာ ရာႏႈန္းျပည္႔ႏိုင္ပြဲဆက္ခဲ႔ေပမယ္႔ စပိန္အသင္းကေတာ႔ ႐ံႈးပြဲနဲ႔ၾကံဳေတြ႕ခဲ႔ရပါတယ္။

ဘယ္လ္ဂ်ီယံ ၂ – ၀ အိုက္စလန္

Batshuayi

Batshuayi

ဒီပြဲမွာေတာ႔ ဘတ္႐ႈအာရီ Batshuayi ဟာ ဘယ္လ္ဂ်ီယံအသင္းရဲ႕ အေထာင္တိုက္စစ္မွဴးအျဖစ္ပြဲထြက္လာခဲ႔သလို ဒီပြဲရဲ႕ အေျဖတစ္ခုလည္းျဖစ္ခဲ႔ပါတယ္။ ဘယ္လ္ဂ်ီယံအသင္းဟာ အိုက္စလန္ကို ဖိအားေပးကစားႏိုင္ခဲ႔ေပမယ္႔ ဂိုးရဖို႔ကေတာ႔ ခက္ခဲခဲ႔ပါတယ္။ ဘယ္လ္ဂ်ီယံအသင္းဟာ ပြဲခ်ိန္(၆၅)မိနစ္ေရာက္မွ အဖြင္႔ဂိုးရရိွခဲ႔တာျဖစ္ျပီး ဟာဇက္ Hazard ၊ မူနီယာ Meunier တို႔ရဲ႕တြဲလံုးကေန ရရိွလာတဲ႔ အခြင္႔အေရးကို ဘတ္႐ႈအာရီ ကပိတ္သြင္းယူခဲ႔တာပါ။ ဒုတိယဂိုးကိုလည္း ဘတ္႐ႈအာရီ ကပဲသြင္းယူခဲ႔တာျဖစ္ျပီး ပြဲခ်ိန္(၈၁)မိနစ္မွာ အိုက္စလန္ဂိုးသမား Halldórsson ရဲ႕အမွားကို အခြင္႔ေကာင္းယူျပီး သြင္းယူခဲ႔တာျဖစ္ပါတယ္။

ခ႐ိုေအးရွား ၃ – ၂ စပိန္

Croatia-3-2-Spain

Croatia-3-2-Spain

ဒီပြဲရဲ႕ ပထမပိုင္းမွာ ႏွစ္သင္းလံုးဟာ အခြင္႔အေရးကိုယ္စီရရိွခဲ႔ၾကေပမယ္႔ ဂိုးအျဖစ္ေျပာင္းလဲႏိုင္ခဲ႔ျခင္းမရိွခဲ႔ဘဲ ဒုတိယပိုင္းေရာက္မွသာ အျပန္အလွန္သြင္းဂိုးေတြကို ျမင္ေတြ႕ခဲ႔ရတာပါ။ ဒီပြဲရဲ႕ အဖြင္႔ဂိုးကိုေတာ႔ ခ႐ိုေအးရွားအသင္းက စတင္သြင္းယူခဲ႔ျပီး ပြဲခ်ိန္(၅၄)မိနစ္မွာ စပိန္ခံစစ္ရဲ႕ ေပါ႔ဆမႈကို Kramarić က အခြင္႔ေကာင္းယူျပီးသြင္းယူခဲ႔တာပါ။ ခ႐ိုေအးရွားအသင္းရဲ႕ ဦးေဆာင္ဂိုးဟာ သိပ္မၾကာခဲ႔ဘဲ ပြဲခ်ိန္(၅၆)မိနစ္မွာ ေကာင္းမြန္တဲ႔အတြဲအဖက္ကေန စီဘယ္လ္ယို႔စ္ Ceballos  က စပိန္အသင္းအတြက္ ေခ်ပဂိုးျပန္လည္သြင္းယူေပးခဲ႔ပါတယ္။ အျပန္အလွန္ထိုးေဖာက္မႈေတြနဲ႔ ပြဲဟာ ရင္ခုန္စရာျဖစ္ခဲ႔သလို ႏွစ္ဖက္အသင္းဂိုးသမားေတြဟာလည္း လက္စြမ္းျပကာကြယ္မႈေတြ ျပဳလုပ္ႏိုင္ခဲ႔ပါတယ္။

Jedvaj-Celebrate

Jedvaj-Celebrate

ပြဲခ််ိန္(၆၉)မိနစ္မွာေတာ႔ ခ႐ိုေအးရွားအသင္း ဒုတိယဂိုးရရိွခဲ႔ျပီး မိုဒရစ္ Modric ရဲ႕ ျဖတ္တင္ေပးပို႔မႈကို လူကပ္ခံထားရျခင္းမရိွတဲ႔ ဘယ္ေနာက္ခံလူ Jedvaj ကေခါင္းတိုက္သြင္းယူခဲ႔တာပါ။ ပြဲခ်ိန္(၇၈)မိနစ္မွာေတာ႔ စပိန္အသင္း ဒုတိယေခ်ပဂိုးရရိွခဲ႔ျပီး ရာမို႔စ္ Ramos က ပယ္နယ္တီကေန သြင္းယူခဲ႔တာျဖစ္ပါတယ္။ ရလဒ္ေကာင္းရဖို႔အတြက္ စပိန္အသင္းဟာ အေကာင္းဆံုးၾကိဳးစားခဲ႔ေပမယ္႔ ပြဲခ်ိန္(၉၃)မိနစ္မွာ Jedvaj က ခ႐ိုေအးရွားအသင္း အတြက္ အႏိုင္ဂိုးသြင္းယူခဲ႔တာေၾကာင္႔ အထိနာခဲ႔ရပါတယ္။

Nations League ပြဲစဥ္ရလဒ္မ်ား

Belgium 2 – 0 Iceland
Croatia 3 – 2 Spain
Austria 0 – 0 Bosnia and Herzegovina
Greece 1 – 0 Finland
Hungary 2 – 0 Estonia
Kazakhstan 1 – 1 Latvia
Andorra 1 – 1 Georgia
Luxembourg 0 – 2 Belarus
San Marino 0 – 1 Moldova

Photo: FOX Sports Asia , AP News , Evening Standard , Kenyasasa
Ko Kyue(Akhayar)
www.akhayar.com

[Unicode]

ဘယ်လ်ဂျီယံ နိုင်ပွဲဆက်ခဲ့ပြီး စပိန် ရှုံးပွဲကြုံခဲ့ရတဲ့ Nations League ပြိုင်ပွဲ

ဒီတစ်ပတ်မှာတော့ ကလပ်အသင်းပွဲစဉ်တွေကို ရပ်နားပြီး နိုင်ငံတကာပွဲစဉ်တွေကို ယှဉ်ပြိုင်ကစားသွားကြမှာဖြစ်ပါတယ်။ အခုကြားရက်ထဲမှာ Nations League ပြိုင်ပွဲ ကစားခဲ့ကြပြီး ဘယ်လ်ဂျီယံအသင်းဟာ ရာနှုန်းပြည့်နိုင်ပွဲဆက်ခဲ့ပေမယ့် စပိန်အသင်းကတော့ ရှုံးပွဲနဲ့ကြုံတွေ့ခဲ့ရပါတယ်။

ဘယ်လ်ဂျီယံ ၂ – ၀ အိုက်စလန်

Batshuayi

Batshuayi

ဒီပွဲမှာတော့ ဘတ်ရှုအာရီ Batshuayi ဟာ ဘယ်လ်ဂျီယံအသင်းရဲ့ အထောင်တိုက်စစ်မှူးအဖြစ်ပွဲထွက်လာခဲ့သလို ဒီပွဲရဲ့ အဖြေတစ်ခုလည်းဖြစ်ခဲ့ပါတယ်။ ဘယ်လ်ဂျီယံအသင်းဟာ အိုက်စလန်ကို ဖိအားပေးကစားနိုင်ခဲ့ပေမယ့် ဂိုးရဖို့ကတော့ ခက်ခဲခဲ့ပါတယ်။ ဘယ်လ်ဂျီယံအသင်းဟာ ပွဲချိန်(၆၅)မိနစ်ရောက်မှ အဖွင့်ဂိုးရရှိခဲ့တာဖြစ်ပြီး ဟာဇက် Hazard ၊ မူနီယာ Meunier တို့ရဲ့တွဲလုံးကနေ ရရှိလာတဲ့ အခွင့်အရေးကို ဘတ်ရှုအာရီ ကပိတ်သွင်းယူခဲ့တာပါ။ ဒုတိယဂိုးကိုလည်း ဘတ်ရှုအာရီ ကပဲသွင်းယူခဲ့တာဖြစ်ပြီး ပွဲချိန်(၈၁)မိနစ်မှာ အိုက်စလန်ဂိုးသမား Halldórsson ရဲ့အမှားကို အခွင့်ကောင်းယူပြီး သွင်းယူခဲ့တာဖြစ်ပါတယ်။

ခရိုအေးရှား ၃ – ၂ စပိန်

Croatia-3-2-Spain

Croatia-3-2-Spain

ဒီပွဲရဲ့ ပထမပိုင်းမှာ နှစ်သင်းလုံးဟာ အခွင့်အရေးကိုယ်စီရရှိခဲ့ကြပေမယ့် ဂိုးအဖြစ်ပြောင်းလဲနိုင်ခဲ့ခြင်းမရှိခဲ့ဘဲ ဒုတိယပိုင်းရောက်မှသာ အပြန်အလှန်သွင်းဂိုးတွေကို မြင်တွေ့ခဲ့ရတာပါ။ ဒီပွဲရဲ့ အဖွင့်ဂိုးကိုတော့ ခရိုအေးရှားအသင်းက စတင်သွင်းယူခဲ့ပြီး ပွဲချိန်(၅၄)မိနစ်မှာ စပိန်ခံစစ်ရဲ့ ပေါ့ဆမှုကို Kramarić က အခွင့်ကောင်းယူပြီးသွင်းယူခဲ့တာပါ။ ခရိုအေးရှားအသင်းရဲ့ ဦးဆောင်ဂိုးဟာ သိပ်မကြာခဲ့ဘဲ ပွဲချိန်(၅၆)မိနစ်မှာ ကောင်းမွန်တဲ့အတွဲအဖက်ကနေ စီဘယ်လ်ယို့စ် Ceballos  က စပိန်အသင်းအတွက် ချေပဂိုးပြန်လည်သွင်းယူပေးခဲ့ပါတယ်။ အပြန်အလှန်ထိုးဖောက်မှုတွေနဲ့ ပွဲဟာ ရင်ခုန်စရာဖြစ်ခဲ့သလို နှစ်ဖက်အသင်းဂိုးသမားတွေဟာလည်း လက်စွမ်းပြကာကွယ်မှုတွေ ပြုလုပ်နိုင်ခဲ့ပါတယ်။

Jedvaj-Celebrate

Jedvaj-Celebrate

ပွဲချျိန်(၆၉)မိနစ်မှာတော့ ခရိုအေးရှားအသင်း ဒုတိယဂိုးရရှိခဲ့ပြီး မိုဒရစ် Modric ရဲ့ ဖြတ်တင်ပေးပို့မှုကို လူကပ်ခံထားရခြင်းမရှိတဲ့ ဘယ်နောက်ခံလူ Jedvaj ကခေါင်းတိုက်သွင်းယူခဲ့တာပါ။ ပွဲချိန်(၇၈)မိနစ်မှာတော့ စပိန်အသင်း ဒုတိယချေပဂိုးရရှိခဲ့ပြီး ရာမို့စ် Ramos က ပယ်နယ်တီကနေ သွင်းယူခဲ့တာဖြစ်ပါတယ်။ ရလဒ်ကောင်းရဖို့အတွက် စပိန်အသင်းဟာ အကောင်းဆုံးကြိုးစားခဲ့ပေမယ့် ပွဲချိန်(၉၃)မိနစ်မှာ Jedvaj က ခရိုအေးရှားအသင်း အတွက် အနိုင်ဂိုးသွင်းယူခဲ့တာကြောင့် အထိနာခဲ့ရပါတယ်။

Nations League ပွဲစဉ်ရလဒ်များ

Belgium 2 – 0 Iceland
Croatia 3 – 2 Spain
Austria 0 – 0 Bosnia and Herzegovina
Greece 1 – 0 Finland
Hungary 2 – 0 Estonia
Kazakhstan 1 – 1 Latvia
Andorra 1 – 1 Georgia
Luxembourg 0 – 2 Belarus
San Marino 0 – 1 Moldova

Photo: FOX Sports Asia , AP News , Evening Standard , Kenyasasa
Ko Kyue(Akhayar)
www.akhayar.com