[Zawgyi]

Nations League ျပိဳင္ပြဲမွာ ရလဒ္ေကာင္းေတြ ဆက္တိုက္ရယူေနတဲ႔ ေပၚတူဂီ

ေပၚတူဂီအသင္းဟာ Nations League ျပိဳင္ပြဲမွာ ရလဒ္ေကာင္းေတြ ဆက္တိုက္ရယူေနပါတယ္။ စီေရာ္နယ္လ္ဒို Cristiano Ronaldo မပါတဲ႔ ေပၚတူဂီအသင္းဟာ အခုလိုရလဒ္ေကာင္းေတြရယူေနတာကေတာ႔ စိတ္ေက်နပ္စရာပါ။

ပိုလန္ ၂ – ၃ ေပၚတူဂီ

Poland-2-3-Portugal

Poland-2-3-Portugal

ႏွစ္သင္းလံုးဟာ လူစံုတက္စံုနဲ႔ ပြဲထြက္လာခဲ႔ျပီး ပိုလန္အသင္းရဲ႕ တိုက္စစ္ကိုေတာ႔ လီ၀န္ေဒါစကီး Lewandowski နဲ႔ Piątek တို႔ကဦးေဆာင္လာခဲ႔သလို ေပၚတူဂီအသင္းရဲ႕ တိုက္စစ္ကိုေတာ႔ အန္ဒရီ ေဆးဗားလ္ André Silva နဲ႔ ဘာနာဒိုေဆးဗားလ္ Bernardo Silva တို႔ကဦးေဆာင္လာခဲ႔ၾကပါတယ္။ပြဲဟာ အျပန္အလွန္သြင္းဂိုးေတြနဲ႔ စိတ္၀င္စားစရာေကာင္းခဲ႔သလို ပြဲအစထဲက ျမိဳင္ျမိဳင္ဆိုင္ဆိုင္ရိွခဲ႔ပါတယ္။ ပြဲခ်ိန္(၁၈)မိနစ္မွာေတာ႔ ပိုလန္အသင္းက ဦးေဆာင္ဂိုးစရခဲ႔ျပီး ေထာင္႔ကန္ေဘာကေန ရရိွခဲ႔တဲ႔ အခြင္႔အေရးကို အခုေနာက္ပိုင္းမွာေျခစြမ္းျပေနတဲ႔ တိုက္စစ္မႈး Piątek ကေခါင္းတိုက္သြင္းယူခဲ႔တာပါ။ ပြဲခ်ိန္(၃၁)မိနစ္မွာေတာ႔ ေပၚတူဂီအသင္းကေခ်ပဂိုးျပန္ရရိွခဲ႔ျပီး ညာေတာင္ပံကေန ခ်ိဳးေပးလိုက္တဲ႔ေဘာလံုးကို အန္ဒရီ ေဆးဗားလ္က အလိုက္သင္႔ပိတ္သြင္းခဲ႔တာပဲျဖစ္ပါတယ္။ ေခ်ပဂိုးရျပီး သိပ္မၾကာခင္ ပြဲခ်ိန္(၄၂)မိနစ္မွာေတာ႔ ေပၚတူဂီအသင္းဦးေဆာင္ဂိုးရခဲ႔ပါတယ္။ ဒီဂိုးကိုေတာ႔ ပိုလန္ေနာက္ခံလူ Glik က ေပၚတူဂီတိုက္စစ္ကို လိုက္လံဟန္႔တားရင္း ကိုယ္႔ဂိုးကိုယ္သြင္းမိခဲ႔တာျဖစ္ပါတယ္။

André-Silva-Celebrate

André-Silva-Celebrate

ပြဲခ်ိန္(၅၂)မိနစ္မွာေတာ႔ ေပၚတူဂီအသင္းက တတိယဂိုးရရိွခဲ႔ျပီး ဘာနာဒိုေဆးဗားလ္က ေကာင္းမြန္တဲ႔ အေ၀းကန္ခ်က္နဲ႔ သြင္းယူေပးခဲ႔တာပါ။ ေနာက္ပိုင္းမိနစ္ေတြမွာေတာ႔ ႏွစ္သင္းလံုးဟာအခြင္႔အေရးကိုယ္စီရခဲ႔ၾကေပမယ္႔ သြင္းဂိုးေတြနဲ႔ေတာ႔ ေ၀းကြာေနခဲ႔ပါတယ္။ ပြဲခ်ိန္ (၇၇)မိနစ္မွာေတာ႔ ပိုလန္ အသင္းကေခ်ပဂိုးတစ္ဂိုးျပန္ရခဲ႔ျပီး Błaszczykowski က လွလွပပအေ၀းကေန ကန္သြင္းယူခဲ႔တာပဲျဖစ္ပါတယ္။ လက္ရိွမွာေတာ႔ ေပၚတူဂီဟာ Nations League ျပိဳင္ပြဲမွာ (၂)ပြဲကစားထားျပီး (၂)ပြဲလံုးကို အႏိုင္ယူထားသလို ရမွတ္(၆)မွတ္ရရိွထားျပီး အေျခအေနေကာင္းကို ပိုင္ဆိုင္ထားပါတယ္။

Nations League ျပိဳင္ပြဲရလဒ္မ်ား

Russia 0 – 0 Sweden
Israel 2 – 1 Scotland
Lithuania 1 – 2 Romania
Montenegro 0 – 2 Serbia
Faroe Islands 0 – 3 Azerbaijan
Kosovo 3 – 1 Malta

Photo: CryptoCashEasy.com EN , Reuters UK , ESPN.com
Ko Kyue(Akhayar)
www.akhayar.com

[Unicode]

Nations League ပြိုင်ပွဲမှာ ရလဒ်ကောင်းတွေ ဆက်တိုက်ရယူနေတဲ့ ပေါ်တူဂီ

ပေါ်တူဂီအသင်းဟာ Nations League ပြိုင်ပွဲမှာ ရလဒ်ကောင်းတွေ ဆက်တိုက်ရယူနေပါတယ်။ စီရော်နယ်လ်ဒို Cristiano Ronaldo မပါတဲ့ ပေါ်တူဂီအသင်းဟာ အခုလိုရလဒ်ကောင်းတွေရယူနေတာကတော့ စိတ်ကျေနပ်စရာပါ။

ပိုလန် ၂ – ၃ ပေါ်တူဂီ

Poland-2-3-Portugal

Poland-2-3-Portugal

နှစ်သင်းလုံးဟာ လူစုံတက်စုံနဲ့ ပွဲထွက်လာခဲ့ပြီး ပိုလန်အသင်းရဲ့ တိုက်စစ်ကိုတော့ လီဝန်ဒေါစကီး Lewandowski နဲ့ Piątek တို့ကဦးဆောင်လာခဲ့သလို ပေါ်တူဂီအသင်းရဲ့ တိုက်စစ်ကိုတော့ အန်ဒရီ ဆေးဗားလ် André Silva နဲ့ ဘာနာဒိုဆေးဗားလ် Bernardo Silva တို့ကဦးဆောင်လာခဲ့ကြပါတယ်။ပွဲဟာ အပြန်အလှန်သွင်းဂိုးတွေနဲ့ စိတ်ဝင်စားစရာကောင်းခဲ့သလို ပွဲအစထဲက မြိုင်မြိုင်ဆိုင်ဆိုင်ရှိခဲ့ပါတယ်။ ပွဲချိန်(၁၈)မိနစ်မှာတော့ ပိုလန်အသင်းက ဦးဆောင်ဂိုးစရခဲ့ပြီး ထောင့်ကန်ဘောကနေ ရရှိခဲ့တဲ့ အခွင့်အရေးကို အခုနောက်ပိုင်းမှာခြေစွမ်းပြနေတဲ့ တိုက်စစ်မှုး Piątek ကခေါင်းတိုက်သွင်းယူခဲ့တာပါ။ ပွဲချိန်(၃၁)မိနစ်မှာတော့ ပေါ်တူဂီအသင်းကချေပဂိုးပြန်ရရှိခဲ့ပြီး ညာတောင်ပံကနေ ချိုးပေးလိုက်တဲ့ဘောလုံးကို အန်ဒရီ ဆေးဗားလ်က အလိုက်သင့်ပိတ်သွင်းခဲ့တာပဲဖြစ်ပါတယ်။ ချေပဂိုးရပြီး သိပ်မကြာခင် ပွဲချိန်(၄၂)မိနစ်မှာတော့ ပေါ်တူဂီအသင်းဦးဆောင်ဂိုးရခဲ့ပါတယ်။ ဒီဂိုးကိုတော့ ပိုလန်နောက်ခံလူ Glik က ပေါ်တူဂီတိုက်စစ်ကို လိုက်လံဟန့်တားရင်း ကိုယ့်ဂိုးကိုယ်သွင်းမိခဲ့တာဖြစ်ပါတယ်။

André-Silva-Celebrate

André-Silva-Celebrate

ပွဲချိန်(၅၂)မိနစ်မှာတော့ ပေါ်တူဂီအသင်းက တတိယဂိုးရရှိခဲ့ပြီး ဘာနာဒိုဆေးဗားလ်က ကောင်းမွန်တဲ့ အဝေးကန်ချက်နဲ့ သွင်းယူပေးခဲ့တာပါ။ နောက်ပိုင်းမိနစ်တွေမှာတော့ နှစ်သင်းလုံးဟာအခွင့်အရေးကိုယ်စီရခဲ့ကြပေမယ့် သွင်းဂိုးတွေနဲ့တော့ ဝေးကွာနေခဲ့ပါတယ်။ ပွဲချိန် (၇၇)မိနစ်မှာတော့ ပိုလန် အသင်းကချေပဂိုးတစ်ဂိုးပြန်ရခဲ့ပြီး Błaszczykowski က လှလှပပအဝေးကနေ ကန်သွင်းယူခဲ့တာပဲဖြစ်ပါတယ်။ လက်ရှိမှာတော့ ပေါ်တူဂီဟာ Nations League ပြိုင်ပွဲမှာ (၂)ပွဲကစားထားပြီး (၂)ပွဲလုံးကို အနိုင်ယူထားသလို ရမှတ်(၆)မှတ်ရရှိထားပြီး အခြေအနေကောင်းကို ပိုင်ဆိုင်ထားပါတယ်။

Nations League ပြိုင်ပွဲရလဒ်များ

Russia 0 – 0 Sweden
Israel 2 – 1 Scotland
Lithuania 1 – 2 Romania
Montenegro 0 – 2 Serbia
Faroe Islands 0 – 3 Azerbaijan
Kosovo 3 – 1 Malta

Photo: CryptoCashEasy.com EN , Reuters UK , ESPN.com
Ko Kyue(Akhayar)
www.akhayar.com