[Zawgyi]

Nations League ျပိဳင္ပြဲ ဆီမီးဖိုင္နယ္အဆင္႔ကို တက္ေရာက္ႏိုင္ခဲ႔တဲ႔ နယ္သာလန္

လက္ရိွမွာ အေကာင္းဆံုးပံုစံကိုျပန္ရေနတဲ႔ နယ္သာလန္အသင္းဟာ Nations League ျပိဳင္ပြဲ ဆီမီးဖိုင္နယ္အဆင္႔ကို တက္ေရာက္ႏိုင္ခဲ႔ပါတယ္။ နယ္သာလန္အသင္းဟာ အေ၀းကြင္းမွာ ဂ်ာမနီအသင္းနဲ႔ (၂)ဂိုးစီသေရက်ခဲ႔ျပီး ဆီမီးဖိုင္နယ္အဆင္႔ကို တက္ေရာက္ႏိုင္ခဲ႔တာပါ။

Germany-2-2-Netherlands

Germany-2-2-Netherlands

ဂ်ာမနီ ၂ – ၂ နယ္သာလန္

တန္းဆင္းခဲ႔ရျပီျဖစ္တဲ႔ ဂ်ာမနီအသင္းဟာ ဒီပြဲကိုေသခ်ာအာ႐ံုစိုက္လာခဲ႔ျပီး အသင္းကို ၀ါနာ Werner ၊ ဆာေနး Sané ၊ ကင္မစ္ခ်္ Kimmich ၊ တိုနီက႐ူးစ္ Kroos ၊ ဟမ္မဲလ္ Hummels တို႔ကဦးေဆာင္လာခဲ႔ပါတယ္။ နယ္သာလန္အသင္းမွာလည္း ဒီပိုင္း Depay ၊ ဘာဘယ္ Babel ၊ ၀ိုင္နယ္ဒမ္ Wijnaldum ၊ ဒီယြန္း De Jong ၊ ဒီိလိဂ္ De Ligt ၊ ဗန္ဒိုက္ Van Dijk ၊ ဘလင္း Blind တို႔နဲ႔ လူစံုပါ၀င္ခဲ႔ပါတယ္။ ပြဲခ်ိန္(၉)မိနစ္မွာပဲ ဂ်ာမနီအသင္းဟာ ဦးေဆာင္ဂိုးရရိွခဲ႔ျပီး ေကာင္းမြန္တဲ႔တြဲလံုးေတြကေန ရရိွလာတဲ႔ ေဘာလံုးကို တိုက္စစ္မွဴး ၀ါနာက လွလွပပ အေ၀းကေန ကန္သြင္းယူခဲ႔တာျဖစ္ပါတယ္။ ပြဲဟာ အျပန္အလွန္ထိုးေဖာက္မႈေတြရိွခဲ႔သလို ပြဲခ်ိန္(၁၉)မိနစ္မွာေတာ႔ ဆာေနးရဲ႕ ကန္ခ်က္ နယ္သာလန္ခံစစ္နဲ႔ထိခဲ႔ျပီး ေဘာလံုးလမ္းေၾကာင္း အနည္းငယ္ေျပာင္းသြားျပီး ဂိုး၀င္ခဲ႔ပါတယ္။ ပထမပိုင္းမွာ ေခ်ပဂိုးရရိွဖို႔ နယ္သာလန္အသင္းရဲ႕ ၾကိဳးစားမႈဟာ သိပ္ျပီးအရာမထင္ခဲ႔သလို ဂ်ာမနီအသင္းဟာလည္း အေရွ႕ပြဲေတြတုန္းကထက္ ပိုေကာင္းတဲ႔ ေျခစြမ္းမ်ိဳးကိုျပႏိုင္ခဲ႔ပါတယ္။

Sane-And-Werner

Sane-And-Werner

ဒုတိယပိုင္းမွာ နယ္သာလန္အသင္းဟာ ဂ်ာမနီအသင္းကို ဖိအားေပးကစားႏိုင္ခဲ႔ျပီး ဒီပိုင္း ရဲ႕ဖိအားေပးမႈေတြဟာလည္း ဂ်ာမနီခံစစ္ကို ဖ႐ုိဖရဲ ျဖစ္ေစခဲ႔ပါတယ္။ ဂ်ာမနီအသင္းဟာ ဒုတိယပိုင္းမွာ ဂိုးရႏိုင္တဲ႔အခြင္႔အေရးေတြရိွခဲ႔ေပမယ္႔ အသံုးမခ်ႏိုင္လို႔သာ နယ္သာလန္အသင္းသက္သာခဲ႔တာပါ။ ပြဲခ်ိန္(၈၅)မိနစ္မွာေတာ႔ နယ္သာလန္အသင္းေခ်ပဂိုးရရိွခဲ႔ျပီး ေတာင္ပံတိုက္စစ္ကစားသမား Promes က ေကာင္းမြန္တဲ႔ အေ၀းကန္ခ်က္နဲ႔သြင္းယူခဲ႔တာပါ။ ပြဲခ်ိန္မိနစ္(၉၀)မွာေတာ႔ နယ္သာလန္အသင္း အဖိုးတန္ေခ်ပဂိုးရရိွခဲ႔ျပီး ညာေတာင္ပံျဖတ္တင္ေဘာကေန ရရိွလာတဲ႔ အခြင္႔အေရးကို အသင္းေခါင္းေဆာင္ ေနာက္ခံလူ ဗန္ဒိုက္ Van Dijk အပိုင္ကန္သြင္းယူခဲ႔တာပဲျဖစ္ပါတယ္။

Van-Dijk-Celebrate

Van-Dijk-Celebrate

Nations League ပြဲစဥ္ရလဒ္မ်ား

Germany 2 – 2 Netherlands
Czech Republic 1 – 0 Slovakia
Denmark 0 – 0 Ireland
Bulgaria 1 – 1 Slovenia
Cyprus 0 – 2 Norway
Andorra 0 – 0 Latvia
Georgia 2 – 1 Kazakhstan
FYR Macedonia 4 – 0 Gibraltar
Liechtenstein 2 – 2 Armenia

Photo: Goal.com , BBC , twitter.com
Ko Kyue(Akhayar)
www.akhayar.com

[Unicode]

Nations League ပြိုင်ပွဲ ဆီမီးဖိုင်နယ်အဆင့်ကို တက်ရောက်နိုင်ခဲ့တဲ့ နယ်သာလန်

လက်ရှိမှာ အကောင်းဆုံးပုံစံကိုပြန်ရနေတဲ့ နယ်သာလန်အသင်းဟာ Nations League ပြိုင်ပွဲ ဆီမီးဖိုင်နယ်အဆင့်ကို တက်ရောက်နိုင်ခဲ့ပါတယ်။ နယ်သာလန်အသင်းဟာ အဝေးကွင်းမှာ ဂျာမနီအသင်းနဲ့ (၂)ဂိုးစီသရေကျခဲ့ပြီး ဆီမီးဖိုင်နယ်အဆင့်ကို တက်ရောက်နိုင်ခဲ့တာပါ။

Germany-2-2-Netherlands

Germany-2-2-Netherlands

ဂျာမနီ ၂ – ၂ နယ်သာလန်

တန်းဆင်းခဲ့ရပြီဖြစ်တဲ့ ဂျာမနီအသင်းဟာ ဒီပွဲကိုသေချာအာရုံစိုက်လာခဲ့ပြီး အသင်းကို ဝါနာ Werner ၊ ဆာနေး Sané ၊ ကင်မစ်ချ် Kimmich ၊ တိုနီကရူးစ် Kroos ၊ ဟမ်မဲလ် Hummels တို့ကဦးဆောင်လာခဲ့ပါတယ်။ နယ်သာလန်အသင်းမှာလည်း ဒီပိုင်း Depay ၊ ဘာဘယ် Babel ၊ ဝိုင်နယ်ဒမ် Wijnaldum ၊ ဒီယွန်း De Jong ၊ ဒီလိဂ် De Ligt ၊ ဗန်ဒိုက် Van Dijk ၊ ဘလင်း Blind တို့နဲ့ လူစုံပါဝင်ခဲ့ပါတယ်။ ပွဲချိန်(၉)မိနစ်မှာပဲ ဂျာမနီအသင်းဟာ ဦးဆောင်ဂိုးရရှိခဲ့ပြီး ကောင်းမွန်တဲ့တွဲလုံးတွေကနေ ရရှိလာတဲ့ ဘောလုံးကို တိုက်စစ်မှူး ဝါနာက လှလှပပ အဝေးကနေ ကန်သွင်းယူခဲ့တာဖြစ်ပါတယ်။ ပွဲဟာ အပြန်အလှန်ထိုးဖောက်မှုတွေရှိခဲ့သလို ပွဲချိန်(၁၉)မိနစ်မှာတော့ ဆာနေးရဲ့ ကန်ချက် နယ်သာလန်ခံစစ်နဲ့ထိခဲ့ပြီး ဘောလုံးလမ်းကြောင်း အနည်းငယ်ပြောင်းသွားပြီး ဂိုးဝင်ခဲ့ပါတယ်။ ပထမပိုင်းမှာ ချေပဂိုးရရှိဖို့ နယ်သာလန်အသင်းရဲ့ ကြိုးစားမှုဟာ သိပ်ပြီးအရာမထင်ခဲ့သလို ဂျာမနီအသင်းဟာလည်း အရှေ့ပွဲတွေတုန်းကထက် ပိုကောင်းတဲ့ ခြေစွမ်းမျိုးကိုပြနိုင်ခဲ့ပါတယ်။

Sane-And-Werner

Sane-And-Werner

ဒုတိယပိုင်းမှာ နယ်သာလန်အသင်းဟာ ဂျာမနီအသင်းကို ဖိအားပေးကစားနိုင်ခဲ့ပြီး ဒီပိုင်း ရဲ့ဖိအားပေးမှုတွေဟာလည်း ဂျာမနီခံစစ်ကို ဖရိုဖရဲ ဖြစ်စေခဲ့ပါတယ်။ ဂျာမနီအသင်းဟာ ဒုတိယပိုင်းမှာ ဂိုးရနိုင်တဲ့အခွင့်အရေးတွေရှိခဲ့ပေမယ့် အသုံးမချနိုင်လို့သာ နယ်သာလန်အသင်းသက်သာခဲ့တာပါ။ ပွဲချိန်(၈၅)မိနစ်မှာတော့ နယ်သာလန်အသင်းချေပဂိုးရရှိခဲ့ပြီး တောင်ပံတိုက်စစ်ကစားသမား Promes က ကောင်းမွန်တဲ့ အဝေးကန်ချက်နဲ့သွင်းယူခဲ့တာပါ။ ပွဲချိန်မိနစ်(၉၀)မှာတော့ နယ်သာလန်အသင်း အဖိုးတန်ချေပဂိုးရရှိခဲ့ပြီး ညာတောင်ပံဖြတ်တင်ဘောကနေ ရရှိလာတဲ့ အခွင့်အရေးကို အသင်းခေါင်းဆောင် နောက်ခံလူ ဗန်ဒိုက် Van Dijk အပိုင်ကန်သွင်းယူခဲ့တာပဲဖြစ်ပါတယ်။

Van-Dijk-Celebrate

Van-Dijk-Celebrate

Nations League ပွဲစဉ်ရလဒ်များ

Germany 2 – 2 Netherlands
Czech Republic 1 – 0 Slovakia
Denmark 0 – 0 Ireland
Bulgaria 1 – 1 Slovenia
Cyprus 0 – 2 Norway
Andorra 0 – 0 Latvia
Georgia 2 – 1 Kazakhstan
FYR Macedonia 4 – 0 Gibraltar
Liechtenstein 2 – 2 Armenia

Photo: Goal.com , BBC , twitter.com
Ko Kyue(Akhayar)
www.akhayar.com