[Zawgyi]

အဂၤလန္ ဆီမီးတက္ခဲ႔ျပီး ဘယ္လ္ဂ်ီယံ ကံဆုိးခဲ႔တဲ႔ Nations League ျပိဳင္ပြဲ

Nations League ျပိဳင္ပြဲမွာေတာ႔ အဂၤလန္အသင္းဟာ ဆီးမီးဖိုင္နယ္ကို တက္ေရာက္ႏိုင္ခဲ႔ေပမယ္႔ ျပိဳင္ပြဲတစ္ေလွ်ာက္လံုး ပံုစံေကာင္းျပႏိုင္ခဲ႔တဲ႔ ဘယ္လ္ဂ်ီယံအသင္းကေတာ႔ ေနာက္ဆံုးအခ်ိန္ေရာက္မွ ကံဆိုးခဲ႔ရပါတယ္။

အဂၤလန္ ၂ – ၁ ခ႐ိုေအးရွား

England

England

ဒီပြဲမွာေတာ႔ အဂၤလန္အသင္းရဲ႕ တိုက္စစ္ကို ဟယ္ရီကိန္း Kane ၊ စတာလင္ Sterling နဲ႔ ရွပ္ရွ္ဖို႔ဒ္ Rashford တို႔ကဦးေဆာင္လာခဲ႔ျပီး ခ႐ိုေအးရွားအသင္းကေတာ႔ ပံုမွန္ပြဲထြက္ေနၾကလူစာရင္းနဲ႔ပဲ ပြဲထြက္လာခဲ႔ပါတယ္။ ပထမပိုင္းမွာ အဂၤလန္အသင္းဟာ ခ႐ိုေအးရွားအသင္းဘက္ကို ထိေရာက္တဲ႔ ထိုးေဖာက္ကန္သြင္းမႈေတြျပဳလုပ္ႏိုင္ခဲ႔ေပမယ္႔ ခ႐ိုေအးရွားဂိုးသမား Kalinić ကာကြယ္ႏိုင္ခဲ႔ပါတယ္။ ခ႐ိုေအးရွားအသင္းဟာလည္း အဂၤလန္ဘက္ကို ထိုးေဖာက္မႈေတြျပဳလုပ္ႏိုင္ခဲ႔ေပမယ္႔ သိပ္ျပီးထိေရာက္ခဲ႔ျခင္းေတာ႔မရိွခဲ႔ပါဘူး။

Lingard-And-Kane-Celebrate

Lingard-And-Kane-Celebrate

ဒုတိယပိုင္း ပြဲခ်ိန္(၅၇)မိနစ္မွာေတာ႔ ခ႐ိုေအးရွားအသင္း ဦးေဆာင္ဂိုးရရိွခဲ႔ပါတယ္။ ဒီဂိုးကိုေတာ႔ Kramarić က အဂၤလန္ေနာက္ခံလူေတြ လိုက္လံတားဆီး ဟန္႔တားေနတဲ႔ၾကားက ကန္သြင္းယူခဲ႔တာပါ။ ပြဲခ်ိန္(၇၈)မိနစ္မွာေတာ႔ အဂၤလန္အသင္းေခ်ပဂိုးရရိွခဲ႔ျပီး လူစား၀င္ ကစားသမား လင္ဂတ္ Lingard ကသြင္းယူခဲ႔တာျဖစ္ပါတယ္။ ေခ်ပဂိုးရရိွခဲ႔တာေၾကာင္႔ အဂၤလန္အသင္းစိတ္ဓာတ္ျမင္႔တက္လာခဲ႔ျပီး ပြဲခ်ိန္(၈၅)မိနစ္မွာ ျပစ္ဒဏ္ေဘာ ျဖတ္တင္မႈ ကရရိွလာခဲ႔ အခြင္႔အေရးကို အသင္းေခါင္းေဆာင္တိုက္စစ္မွဴး ဟယ္ရီကိန္း က ပိတ္သြင္းယူခဲ႔ကာ အသင္းကို ဆီမီးဖိုင္နယ္အဆင္႔ တက္ေရာက္ေစခဲ႔ပါတယ္။

ဆြစ္ဇာလန္ ၅ – ၂ ဘယ္လ္ဂ်ီယံ

Switzerland

Switzerland

ျပိဳင္ပြဲတစ္ေလွ်ာက္လံုး ပံုစံေကာင္းျပႏိုင္ခဲ႔တဲ႔ ဘယ္လ္ဂ်ီယံအသင္းအတြက္ စိတ္ပ်က္စရာရလဒ္တစ္ခုျဖစ္ခဲ႔ပါတယ္။ ဘယ္လ္ဂ်ီယံအသင္းရဲ႕ ပြဲထြက္လူစာရင္းဟာ အရင္ပြဲေတြကေလာက္ ေတာင္႔တင္းမႈမရိွခဲ႔သလို ဦးေဆာင္ဂိုး(၂)ဂိုးရျပီးမွ ဂိုးေတြဆက္တိုက္ေပးလိုက္ရတာပဲ ျဖစ္ပါတယ္။ ဆြစ္ဇာလန္အသင္းကေတာ႔ အိမ္ကြင္းမွာ အေကာင္းဆံုးပံုစံနဲ႔ ျပန္လာႏိုင္ခဲ႔တာပါ။ ဘယ္လ္ဂ်ီယံအသင္းအတြက္ သြင္းဂိုး(၂)ဂိုးကိုေတာ႔ ပြဲခ်ိန္(၂)နဲ႔(၁၇)မိနစ္ေတြမွာ ေသာ္ဂန္ဟာဇက္ Thorgan Hazard ကသြင္းယူခဲ႔တာျဖစ္ျပီး ဆြစ္ဇာလန္အသင္းအတြက္ ပထမေခ်ပဂိုးကိုေတာ႔ ပြဲခ်ိန္(၂၆)မိနစ္မွာ ႐ိုဒရီဂြက္ဇ္ Rodríguez ကပယ္နယ္တီကေန သြင္းယူေပးခဲ႔တာျဖစ္ပါတယ္။ ေနာက္ထပ္ဂိုးေတြကိုေတာ႔ ပြဲခ်ိန္(၃၁) ၊ (၄၄)နဲ႔ (၈၄)မိနစ္ေတြမွာ တိုက္စစ္မွဴး ဆီဖ႐ိုဗစ္ Seferović သြင္းယူခဲ႔ျပီး ဟက္ထရစ္ရယူႏိုင္ခဲ႔သလို ပြဲခ်ိန္(၆၂)မိနစ္မွာ Elvedi ကတစ္ဂိုးသြင္းယူခဲ႔ပါတယ္။ ဒီရလဒ္ေၾကာင္႔ ဆြစ္ဇာလန္အသင္းဟာလည္း ဆီမီးဖိုင္နယ္အဆင္႔ကို တက္ေရာက္ႏိုင္ခဲ႔ပါတယ္။

Nations League ပြဲစဥ္ရလဒ္မ်ား

England 2 – 1 Croatia
Switzerland 5 – 2 Belgium
N.Ireland 1 – 2 Austria
Greece 0 – 1 Estonia
Hungary 2 – 0 Finland
Moldova 1 – 1 Luxembourg
San Marino 0 – 2 Belarus

Photo: England Twitter , Evening Standard
Ko Kyue(Akhayar)
www.akhayar.com

[Unicode]

အင်္ဂလန် ဆီမီးတက်ခဲ့ပြီး ဘယ်လ်ဂျီယံ ကံဆိုးခဲ့တဲ့ Nations League ပြိုင်ပွဲ

Nations League ပြိုင်ပွဲမှာတော့ အင်္ဂလန်အသင်းဟာ ဆီးမီးဖိုင်နယ်ကို တက်ရောက်နိုင်ခဲ့ပေမယ့် ပြိုင်ပွဲတစ်လျှောက်လုံး ပုံစံကောင်းပြနိုင်ခဲ့တဲ့ ဘယ်လ်ဂျီယံအသင်းကတော့ နောက်ဆုံးအချိန်ရောက်မှ ကံဆိုးခဲ့ရပါတယ်။

အင်္ဂလန် ၂ – ၁ ခရိုအေးရှား

England

England

ဒီပွဲမှာတော့ အင်္ဂလန်အသင်းရဲ့ တိုက်စစ်ကို ဟယ်ရီကိန်း Kane ၊ စတာလင် Sterling နဲ့ ရှပ်ရှ်ဖို့ဒ် Rashford တို့ကဦးဆောင်လာခဲ့ပြီး ခရိုအေးရှားအသင်းကတော့ ပုံမှန်ပွဲထွက်နေကြလူစာရင်းနဲ့ပဲ ပွဲထွက်လာခဲ့ပါတယ်။ ပထမပိုင်းမှာ အင်္ဂလန်အသင်းဟာ ခရိုအေးရှားအသင်းဘက်ကို ထိရောက်တဲ့ ထိုးဖောက်ကန်သွင်းမှုတွေပြုလုပ်နိုင်ခဲ့ပေမယ့် ခရိုအေးရှားဂိုးသမား Kalinić ကာကွယ်နိုင်ခဲ့ပါတယ်။ ခရိုအေးရှားအသင်းဟာလည်း အင်္ဂလန်ဘက်ကို ထိုးဖောက်မှုတွေပြုလုပ်နိုင်ခဲ့ပေမယ့် သိပ်ပြီးထိရောက်ခဲ့ခြင်းတော့မရှိခဲ့ပါဘူး။

Lingard-And-Kane-Celebrate

Lingard-And-Kane-Celebrate

ဒုတိယပိုင်း ပွဲချိန်(၅၇)မိနစ်မှာတော့ ခရိုအေးရှားအသင်း ဦးဆောင်ဂိုးရရှိခဲ့ပါတယ်။ ဒီဂိုးကိုတော့ Kramarić က အင်္ဂလန်နောက်ခံလူတွေ လိုက်လံတားဆီး ဟန့်တားနေတဲ့ကြားက ကန်သွင်းယူခဲ့တာပါ။ ပွဲချိန်(၇၈)မိနစ်မှာတော့ အင်္ဂလန်အသင်းချေပဂိုးရရှိခဲ့ပြီး လူစားဝင် ကစားသမား လင်ဂတ် Lingard ကသွင်းယူခဲ့တာဖြစ်ပါတယ်။ ချေပဂိုးရရှိခဲ့တာကြောင့် အင်္ဂလန်အသင်းစိတ်ဓာတ်မြင့်တက်လာခဲ့ပြီး ပွဲချိန်(၈၅)မိနစ်မှာ ပြစ်ဒဏ်ဘော ဖြတ်တင်မှု ကရရှိလာခဲ့ အခွင့်အရေးကို အသင်းခေါင်းဆောင်တိုက်စစ်မှူး ဟယ်ရီကိန်း က ပိတ်သွင်းယူခဲ့ကာ အသင်းကို ဆီမီးဖိုင်နယ်အဆင့် တက်ရောက်စေခဲ့ပါတယ်။

ဆွစ်ဇာလန် ၅ – ၂ ဘယ်လ်ဂျီယံ

Switzerland

Switzerland

ပြိုင်ပွဲတစ်လျှောက်လုံး ပုံစံကောင်းပြနိုင်ခဲ့တဲ့ ဘယ်လ်ဂျီယံအသင်းအတွက် စိတ်ပျက်စရာရလဒ်တစ်ခုဖြစ်ခဲ့ပါတယ်။ ဘယ်လ်ဂျီယံအသင်းရဲ့ ပွဲထွက်လူစာရင်းဟာ အရင်ပွဲတွေကလောက် တောင့်တင်းမှုမရှိခဲ့သလို ဦးဆောင်ဂိုး(၂)ဂိုးရပြီးမှ ဂိုးတွေဆက်တိုက်ပေးလိုက်ရတာပဲ ဖြစ်ပါတယ်။ ဆွစ်ဇာလန်အသင်းကတော့ အိမ်ကွင်းမှာ အကောင်းဆုံးပုံစံနဲ့ ပြန်လာနိုင်ခဲ့တာပါ။ ဘယ်လ်ဂျီယံအသင်းအတွက် သွင်းဂိုး(၂)ဂိုးကိုတော့ ပွဲချိန်(၂)နဲ့(၁၇)မိနစ်တွေမှာ သော်ဂန်ဟာဇက် Thorgan Hazard ကသွင်းယူခဲ့တာဖြစ်ပြီး ဆွစ်ဇာလန်အသင်းအတွက် ပထမချေပဂိုးကိုတော့ ပွဲချိန်(၂၆)မိနစ်မှာ ရိုဒရီဂွက်ဇ် Rodríguez ကပယ်နယ်တီကနေ သွင်းယူပေးခဲ့တာဖြစ်ပါတယ်။ နောက်ထပ်ဂိုးတွေကိုတော့ ပွဲချိန်(၃၁) ၊ (၄၄)နဲ့ (၈၄)မိနစ်တွေမှာ တိုက်စစ်မှူး ဆီဖရိုဗစ် Seferović သွင်းယူခဲ့ပြီး ဟက်ထရစ်ရယူနိုင်ခဲ့သလို ပွဲချိန်(၆၂)မိနစ်မှာ Elvedi ကတစ်ဂိုးသွင်းယူခဲ့ပါတယ်။ ဒီရလဒ်ကြောင့် ဆွစ်ဇာလန်အသင်းဟာလည်း ဆီမီးဖိုင်နယ်အဆင့်ကို တက်ရောက်နိုင်ခဲ့ပါတယ်။

Nations League ပွဲစဉ်ရလဒ်များ

England 2 – 1 Croatia
Switzerland 5 – 2 Belgium
N.Ireland 1 – 2 Austria
Greece 0 – 1 Estonia
Hungary 2 – 0 Finland
Moldova 1 – 1 Luxembourg
San Marino 0 – 2 Belarus

Photo: England Twitter , Evening Standard
Ko Kyue(Akhayar)
www.akhayar.com