[Zawgyi]

ဘယ္လ္ဂ်ီယံႏိုင္ပြဲရခဲ႔ျပီး အဂၤလန္သေရသာရခဲ႔တဲ႔ Nations League ျပိဳင္ပြဲ

လက္ရိွမွာ ပံုစံေကာင္းရေနတဲ႔ ဘယ္လ္ဂ်ီယံအသင္းကေတာ႔ လူကာကူ Lukaku ရဲ႕ေျခစြမ္းေကာင္းေတြနဲ႔ ႏိုင္ပြဲတစ္ပြဲရွာေဖြႏိုင္ခဲ႔ေပမယ္႔ နည္းျပေဆာက္ဂိတ္ Southgate ရဲ႕ အဂၤလန္အသင္းကေတာ႔ သေရရလဒ္သာရရိွခဲ႔ပါတယ္။

ဘယ္လ္ဂ်ီယံ ၂ – ၁ ဆြစ္ဇာလန္

Lukaku

Lukaku

ႏွစ္သင္းလံုးဟာ လူစံုပြဲထြက္လာခဲ႔ၾကျပီး လက္ရိွမွာ ပံုစံေကာင္းရေနတဲ႔ ဘယ္လ္ဂ်ီယံအသင္းကေတာ႔ ဆြစ္ဇာလန္အသင္းကို ပိုဖိအားေပးကစားခဲ႔ပါတယ္။ ဒါေပမဲ႔ ထိေရာက္တဲ႔ ထိုးေဖာက္ကန္သြင္းမႈေတြ သိပ္မလုပ္ႏိုင္တာေၾကာင္႔ ပထမပိုင္းကိုေတာ႔ ဂိုးမရိွသေရနဲ႔သာျပီးဆံုးခဲ႔ၾကပါတယ္။ ပြဲခ်ိန္(၅၈)မိနစ္မွာေတာ႔ ဘယ္လ္ဂ်ီယံအသင္းက ဦးေဆာင္ဂိုးစတင္ရရိွခဲ႔ျပီး လူကာကူက ရရိွခဲ႔တဲ႔ အခြင္႔အေရးကို အပိုင္ကန္သြင္းယူခဲ႔တာပါ။ ဒါေပမဲ႔ ပြဲခ်ိန္(၇၆)မိနစ္မွာေတာ႔ ဆြစ္ဇာလန္ကေခ်ပဂိုးရရိွခဲ႔ျပီး နားလည္မႈအျပည္႔ရိွတဲ႔ အတြဲအဖက္ကေန တစ္ဆင္႔ Gavranovic ကပိတ္သြင္းယူခဲ႔တာျဖစ္ပါတယ္။ ေခ်ပဂိုးေပးလိုက္ရတာေၾကာင္႔ ဘယ္လ္ဂ်ီယံအသင္းဟာ တိုက္စစ္ကိုပိုျမွင္႔တင္ကစားလာခဲ႔ျပီး ပြဲခ်ိန္(၈၄)မိနစ္မွာေတာ႔ ဟာဇက္ Hazard နဲ႔ လူကာကူတု႔ိရဲ႕ အတြဲအဖက္ကေန လူကာကူက အသင္းအတြက္အႏိုင္ဂိုးကို သြင္းယူေပးခဲ႔ပါတယ္။ လက္ရိွမွာေတာ႔ ဘယ္လ္ဂ်ီယံအသင္း ဟာ Nations League ျပိဳင္ပြဲမွာ (၂)ပြဲကစားထားျပီး (၂)ပြဲလံုးကို အႏိုင္ယူထားသလို ရမွတ္(၆)မွတ္ရရိွထားျပီး အေျခအေနေကာင္းကို ပိုင္ဆိုင္ထားပါတယ္။

ခ႐ိုေအးရွား ၀ – ၀ အဂၤလန္

Croatia-0-0-England

Croatia-0-0-England

ခ႐ိုေအးရွားနဲ႔ အဂၤလန္တို႔ရဲ႕ ပြဲစဥ္ကေတာ႔ ဂိုးမရိွသေရနဲ႔သာ ျပီးဆံုးခဲ႔ပါတယ္။ ႏွစ္သင္းလံုးဟာ အျပန္အလွန္ထိုးေဖာက္မႈေတြျပဳလုပ္ႏိုင္ခဲ႔ၾကသလို ကိုယ္စီအခြင္႔အေရးေတြလည္း ရရိွခဲ႔ၾကေပမယ္႔ အသံုးခ်ႏိုင္ခဲ႔ျခင္းမရိွခဲ႔တာေၾကာင္႔ အခုလိုသေရရလဒ္ ထြက္ေပၚခဲ႔တာျဖစ္ပါတယ္။

Nations League ျပိဳင္ပြဲရလဒ္မ်ား

Austria 1 – 0 N.Ireland
Estonia 0 – 1 Finland
Greece 1 – 0 Hungary
Belarus 1 – 0 Luxembourg
Moldova 2 – 0 San Marino

Photo: ESPN.com , Evening Standard , SportsCity.us
Ko Kyue(Akhayar)
www.akhayar.com

[Unicode]

ဘယ်လ်ဂျီယံနိုင်ပွဲရခဲ့ပြီး အင်္ဂလန်သရေသာရခဲ့တဲ့ Nations League ပြိုင်ပွဲ

လက်ရှိမှာ ပုံစံကောင်းရနေတဲ့ ဘယ်လ်ဂျီယံအသင်းကတော့ လူကာကူ Lukaku ရဲ့ခြေစွမ်းကောင်းတွေနဲ့ နိုင်ပွဲတစ်ပွဲရှာဖွေနိုင်ခဲ့ပေမယ့် နည်းပြဆောက်ဂိတ် Southgate ရဲ့ အင်္ဂလန်အသင်းကတော့ သရေရလဒ်သာရရှိခဲ့ပါတယ်။

ဘယ်လ်ဂျီယံ ၂ – ၁ ဆွစ်ဇာလန်

Lukaku

Lukaku

နှစ်သင်းလုံးဟာ လူစုံပွဲထွက်လာခဲ့ကြပြီး လက်ရှိမှာ ပုံစံကောင်းရနေတဲ့ ဘယ်လ်ဂျီယံအသင်းကတော့ ဆွစ်ဇာလန်အသင်းကို ပိုဖိအားပေးကစားခဲ့ပါတယ်။ ဒါပေမဲ့ ထိရောက်တဲ့ ထိုးဖောက်ကန်သွင်းမှုတွေ သိပ်မလုပ်နိုင်တာကြောင့် ပထမပိုင်းကိုတော့ ဂိုးမရှိသရေနဲ့သာပြီးဆုံးခဲ့ကြပါတယ်။ ပွဲချိန်(၅၈)မိနစ်မှာတော့ ဘယ်လ်ဂျီယံအသင်းက ဦးဆောင်ဂိုးစတင်ရရှိခဲ့ပြီး လူကာကူက ရရှိခဲ့တဲ့ အခွင့်အရေးကို အပိုင်ကန်သွင်းယူခဲ့တာပါ။ ဒါပေမဲ့ ပွဲချိန်(၇၆)မိနစ်မှာတော့ ဆွစ်ဇာလန်ကချေပဂိုးရရှိခဲ့ပြီး နားလည်မှုအပြည့်ရှိတဲ့ အတွဲအဖက်ကနေ တစ်ဆင့် Gavranovic ကပိတ်သွင်းယူခဲ့တာဖြစ်ပါတယ်။ ချေပဂိုးပေးလိုက်ရတာကြောင့် ဘယ်လ်ဂျီယံအသင်းဟာ တိုက်စစ်ကိုပိုမြှင့်တင်ကစားလာခဲ့ပြီး ပွဲချိန်(၈၄)မိနစ်မှာတော့ ဟာဇက် Hazard နဲ့ လူကာကူတု့ိရဲ့ အတွဲအဖက်ကနေ လူကာကူက အသင်းအတွက်အနိုင်ဂိုးကို သွင်းယူပေးခဲ့ပါတယ်။ လက်ရှိမှာတော့ ဘယ်လ်ဂျီယံအသင်း ဟာ Nations League ပြိုင်ပွဲမှာ (၂)ပွဲကစားထားပြီး (၂)ပွဲလုံးကို အနိုင်ယူထားသလို ရမှတ်(၆)မှတ်ရရှိထားပြီး အခြေအနေကောင်းကို ပိုင်ဆိုင်ထားပါတယ်။

ခရိုအေးရှား ၀ – ၀ အင်္ဂလန်

Croatia-0-0-England

Croatia-0-0-England

ခရိုအေးရှားနဲ့ အင်္ဂလန်တို့ရဲ့ ပွဲစဉ်ကတော့ ဂိုးမရှိသရေနဲ့သာ ပြီးဆုံးခဲ့ပါတယ်။ နှစ်သင်းလုံးဟာ အပြန်အလှန်ထိုးဖောက်မှုတွေပြုလုပ်နိုင်ခဲ့ကြသလို ကိုယ်စီအခွင့်အရေးတွေလည်း ရရှိခဲ့ကြပေမယ့် အသုံးချနိုင်ခဲ့ခြင်းမရှိခဲ့တာကြောင့် အခုလိုသရေရလဒ် ထွက်ပေါ်ခဲ့တာဖြစ်ပါတယ်။

Nations League ပြိုင်ပွဲရလဒ်များ

Austria 1 – 0 N.Ireland
Estonia 0 – 1 Finland
Greece 1 – 0 Hungary
Belarus 1 – 0 Luxembourg
Moldova 2 – 0 San Marino

Photo: ESPN.com , Evening Standard , SportsCity.us
Ko Kyue(Akhayar)
www.akhayar.com