
James Bridenstine


Jim Bridenstine



Ref : Gizmodo

Zawyè (Akhayar) 

www.akhayar.com

Facebook လူမှုကွန်ရက်ပေါ်တွင်တင်ဆက်နေသည့် စာမျက်နှာများတွင် အခရာမှတင်ဆက်ထားသည့် ဆောင်းပါးများ၊ သတင်းများကို ခွင့်ပြုချက် တစ်စုံတစ်ရာ ရယူထားခြင်းမရှိဘဲ စီးပွားဖြစ် ကူးယူသုံးစွဲနေသည်များကို တွေ့ရှိနေရပါသည်။ အခရာစာမျက်နှာအား တစ်ဦးတစ်ယောက်ချင်း ဝေမျှသည်ကို အသိအမှတ်ပြုကျေးဇူးတင်သော်လည်း စီပွားဖြစ်တည်ထောင်ထားသည့် စာမျက်နှာများ၊ ဝက်ဘ်ဆိုက်များတွင် ကူးယူတင်ဆက်နေသည်များကိုမူ ပြင်းထန်စွာကန့်ကွက်ပါသည်။ သို့ဖြစ်ပါ၍ အခရာမီဒီယာမှတင်ဆက်နေသည့် အကြောင်းအရာများထဲမှ စာသားအချို့ကိုဖြစ်စေ ၊ အပုဒ်လိုက်ဖြစ်စေ ၊ တစ်ပိုဒ်ခြင်းဖြစ်စေ ကူးယူသုံးစွဲခြင်းမပြုရန်နှင့် ဆက်လက်ပြုလုပ်ပါက ခိုးယူသုံးစွဲနေသည့် စာမျက်နှာများကို အမည်နှင့်တကွ အများသိစေရန်ကြေညာသွားမည်ဖြစ်ပြီး ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း သတိပေးကြေညာအပ်ပါသည်။

[UNICODE]

အမေရိကန်နိုင်ငံ အမျိုးသားလေကြောင်းနှင့် အာကာသအုပ်ချူပ်ရေးအဖွဲ့ (NASA) ဟာ အခုအချိန်မှာ တစ်နှစ်ကျော်လောက် လစ်လပ်နေခဲ့တဲ့ အုပ်ချူပ်ရေးမှုးနေရာကို ရွေးချယ်နိုင်ခဲ့ပါပြီ။ အခု အမေရိကန်ဆီနိတ်လွှတ်တော်ကနေ မဲအရေအတွက် ၅၀ – ၄၉ နဲ့ ရွေးချယ်ခဲ့တဲ့ NASA အုပ်ချူပ်ရေးမှုးအသစ် Jim Bridenstine ဟာ သိပ္ပံပညာရှင်မဟုတ်ပဲ Okahoma Congressman နဲ့ အငြိမ်းစား Navy Pilot တစ်ယောက်ပဲဖြစ်ပါတယ်။

James Bridenstine

Jam Bridenstine ကို ပြီးခဲ့တဲ့ စက်တင်ဘာလတုန်းက အမေရိကန်သမ္ပတ Donald Trump ကနေ အမည်စာရင်းတင်သွင်းခဲ့တာဖြစ်ပါတယ်။ အခု NASA ရဲ့ အုပ်ချူပ်ရေးမှုးနေရာက ပြီးခဲ့တဲ့ ၂၀၁၇ ခုနှစ် ဇန်နဝါရီလထဲက လစ်လပ်နေခဲ့တာဖြစ်ပြီးတော့ အခုအချိန်မှ ရွေးချယ်နိုင်ခဲ့တာလဲဖြစ်ပါတယ်။

Jim Bridenstine

အခုလိုမျိုး Jim Bridenstine ရွေးချယ်ခဲ့ရမှုအပေါ် အချို့က စိတ်ကျေနပ်မှုမရှိကြပေမယ့်လည်း Bridenstine ဟာ ယခုလို ဝင်ရောက်ရွေးချယ်မှုကို မခံရခင်တုန်းက Tulsa Air and Space Museum ရဲ့ Exclusive Director တစ်ဦးဖြစ်ပြီးတော့ Naval Reserve ရဲ့ Member တစ်ဦးလည်းဖြစ်ပါတယ်။ ဒါပေမယ့်လည်း သိပ္ပံပညာရှင်တစ်ဦးမဟုတ်တဲ့အပြင် Bridenstine ဟာ လိင်တူယဉ်ကျေးမှုကို ဆန့်ကျင်တဲ့သူတစ်ဦးဖြစ်ပြီးတော့ လူသားတွေရဲ့ ရာသီဥတုပြောင်းလဲမှုဆက်နွယ်နေမှုကိုလည်း မှားယွင်းတဲ့အယူရှိသူတစ်ဦးဖြစ်ပါတယ်။ မကြာသေးမီကလည်း Daily Beast Media ကနေ Bridenstine ဟာ အကျိုးအမြတ်မယူတဲ့အဖွဲ့အစည်းတစ်ခုက ပိုက်ဆံကို သူပါဝင်ပိုင်ဆိုင်တဲ့ စီးပွားရေးလုပ်ငန်းအတွက် အသုံးပြုခဲ့တယ်လို့လည်း သိရပါတယ်။

ဘာပဲဖြစ်ဖြစ် NASA ရဲ့ အုပ်ချူပ်ရေးမှုးအသစ် Jim Bridenstine ကတော့ သူရဲ့ အလုပ်သစ်မှာ အခက်အခဲတွေအများအပြားရင်ဆိုင်လာရဖို့ရှိနေပါတယ်။ လက်ရှိအချိန်မှာ NASA ရဲ့ လကမ္ဘာခရီးအစဉ်တွေ၊ အာကာသယာဉ်လွှတ်တင်မယ့်ကိစ္စတွေနဲ့ အချိန်အတော်ကြာနှောင့်နှေးနေခဲ့ပြီး ဘတ်ဂျတ်အလွန်အကျွံအသုံးပြုထားတဲ့ James Webb Space Telescope တွေကို Jim Bridenstine တစ်ယောက် ဘယ်လိုဖြေရှင်းမလဲဆိုတာကတော့ စိတ်ဝင်စားစရာပါ။

Ref : Gizmodo

Zawyè (Akhayar) 

www.akhayar.com