[ZawGyi]

မ်က္ခံုးေကာင္းသူေတြဟာ အတၱၾကီးတယ္တဲ႔

မ်က္ခံုးေကာင္းသူဆုိတာ မ်က္ခံုးထူထူထဲထဲရွိသူ မ်က္ခံုးထင္းထင္းရွိသူလုိ႔ေယဘုယ်ဆုိရမွာပါ။ ေခတ္အဆက္ဆက္မွာ မ်က္ခံုးေကာင္းတာ မ်က္ခံုးလွတာက အလွအပအရည္အေသြးတစ္ရပ္ျဖစ္ခဲ႔ပါတယ္။ မ်က္ခံုးေမြးေတြရိတ္ျပီး ေသးေသးမွ်င္မွ်င္ေလးေတြဆြဲတာေခတ္စားခဲ႔ေပမယ္႔လည္း ခဏၾကာေတာ႔ရိုးသြားတာပါပဲ။ မ်က္ခံုးထူထူထဲထဲေလးေတြကသာ ဘယ္ေတာ႔မွမရိုးခဲ႔တာပါ။ မိန္းကေလးေတြဆုိရင္ မ်က္ခံုးေမြးထူခ်င္ မ်က္ခံုးေမြးသန္ခ်င္ျပန္ေတာ႔ အုန္းဆီလိမ္းရတာ၊ လက္ဖက္ကိုအပုပ္ခံျပီး သံေခ်ာင္းနဲ႔တုိ႔မ်က္ခံုးကိုဆြဲတာ၊ သံလြင္ဆီ လိမ္းတာ၊ Vaseline လိမ္းတာ စသျဖင္႔စံုလုိ႔ပါပဲ။ အမ်ိဳးသားေတြမွာလည္း မ်က္ခံုးထူျပန္ရင္ပိုျပီးၾကည္႔ေကာင္းသလိုလုိေပါ႔။ ဒီလုိ မ်က္ခံုးထူတာကိုမက္ေမာၾကေပမယ္႔ ၾကန္အင္လကၡဏာကိုၾကည္႔ျပီး အကဲျဖတ္ၾကတဲ႔ေနရာမွာေတာ႔ မ်က္ခံုးထူသူေတြဟာ အတၱၾကီးတယ္လို႔ဆုိပါတယ္။ ဒါကအက္ဒမင္ေျပာတာမဟုတ္ပါဘူးေနာ္။ ေလ႔လာစမ္းသပ္ခ်က္ေတြအရ သိရတာပါ။

Selfish

Selfish

Journal of Personality က လူေပါင္းမ်ားစြာရဲ႕ သြင္ျပင္လကၡဏာကိုေလ႔လာအကဲခတ္ျပီးေကာက္ခ်က္ခ်ထားတာပါ။ ေရွးက်န္းဂန္ေတြမွာလည္း လူတစ္ေယာက္ရဲ႕မ်က္ႏွာတည္ေဆာက္ပံုနဲ႔ မ်က္ႏွာအစိတ္အပိုင္းေတြ၊ သူ႔ရဲ႕ၾကန္အင္လကၡဏာေတြကို ၾကည္႔ျပီးေတာ႔ဒီလူရဲ႕အတြင္းစိတ္သေဘာကိုသိႏုိုင္တယ္ဆုိတာပါခဲ႔ျပီးသားပါ။ ဒါေၾကာင္႔လည္း သူတုိ႔ဆီကေလ႔လာေကာက္ခ်က္ခ်မႈေတြကို မမွန္ကန္ဘူးလုိ႔ေတာ႔အျပတ္ျငင္းပယ္လုိ႔မရႏိုင္ပါဘူး။

ေလ႔လာသူေတြရဲ႕အဆုိအရ မ်က္ခံုးထူထူထဲထဲရွိသူ မ်က္ခံုးေကာင္းသူေတြဟာ အတၱၾကီးတတ္တဲ႔သေဘာရွိတယ္လုိ႔ေဖာ္ျပထားတာျဖစ္ပါတယ္။ သုေတသနျပဳသူေတြဟာ တစ္ကိုယ္ေကာင္းဆန္တယ္ အတၱၾကီးတယ္လုိ႔သတ္မွတ္ခံရတဲ႔လူေတြရဲ႕ မ်က္ႏွာေတြကိုစုစည္းလုိက္ပါတယ္။ ဒီလုိစုစည္းျပီးစစ္ေဆးၾကည္႔တဲ႔အခါမွာ သူတို႔ေတြရဲ႕တူညီတဲ႔အခ်က္ကိုသြားေတြ႔ပါတယ္။ အဲဒါကေတာ႔ မ်က္ခံုးပါပဲ။ အထူးသျဖင္႔ သူတုိ႔ေတြဟာ မ်က္ခံုးထူထူထင္းထင္းရွိၾကတယ္လုိ႔ဆုိထားပါတယ္။ ဒီအခ်က္ကိုမ်က္စိမွိတ္ယံုရမယ္လုိ႔မဆုိလုိပါဘူးေနာ္။ ဟုတ္မဟုတ္ဆုိတာ ကိုယ္႔ေဘးပတ္ဝန္းက်င္မွာရွိတဲ႔သူေတြနဲ႔ မွန္းဆစစ္ေဆးၾကည္႔ပါလုိ႔။

အတၱၾကီးတယ္ဆုိတာက ဘယ္ေနရာမွေတာ႔မေကာင္းပါဘူး။ အထူးသျဖင္႔အခ်စ္ေရး အိမ္ေထာင္ေရးမွာပိုဆုိးပါတယ္ေနာ္။ အတၱၾကီးတဲ႔ခ်စ္သူကိုေရြးမိရင္ ပိုျပီးသည္းခံစိတ္ေမြးရမွာျဖစ္သလို အိမ္ေထာင္ျပဳျဖစ္ခဲ႔ျပန္ရင္လည္း နားလည္မႈေတြအမ်ားၾကီးနဲ႔ေရွ႕ဆက္ရမွာျဖစ္ပါတယ္။

ဒါေၾကာင္႔လည္း ခုလုိေတြ႔ရွိယူဆခ်က္ကိုအပိုေတြလုိ႔မသတ္မွတ္ဘဲ မ်က္ခံုးေကာင္းတဲ႔သူေတြမ်ားခ်စ္ေရးဆုိလာ၊ လက္ထပ္ခြင္႔ေတာင္းလာခဲ႔ရင္ သူ႔ရဲ႕အတြင္းစိတ္သေဘာဘယ္လုိရွိတယ္ဆုိတာ အခ်ိန္ယူျပီးေလ႔လာအကဲခတ္ဖို႔သင္႔တယ္လုိ႔ေတာ႔ယူဆမိပါတယ္။

ဂ်ဴဂ်ဴး(Akhayar)

www.akhayar.com

[Unicode]

မျက်ခုံးကောင်းသူတွေဟာ အတ္တကြီးတယ်တဲ့

မျက်ခုံးကောင်းသူဆိုတာ မျက်ခုံးထူထူထဲထဲရှိသူ မျက်ခုံးထင်းထင်းရှိသူလို့ယေဘုယျဆိုရမှာပါ။ ခေတ်အဆက်ဆက်မှာ မျက်ခုံးကောင်းတာ မျက်ခုံးလှတာက အလှအပအရည်အသွေးတစ်ရပ်ဖြစ်ခဲ့ပါတယ်။ မျက်ခုံးမွေးတွေရိတ်ပြီး သေးသေးမျှင်မျှင်လေးတွေဆွဲတာခေတ်စားခဲ့ပေမယ့်လည်း ခဏကြာတော့ရိုးသွားတာပါပဲ။ မျက်ခုံးထူထူထဲထဲလေးတွေကသာ ဘယ်တော့မှမရိုးခဲ့တာပါ။ မိန်းကလေးတွေဆိုရင် မျက်ခုံးမွေးထူချင် မျက်ခုံးမွေးသန်ချင်ပြန်တော့ အုန်းဆီလိမ်းရတာ၊ လက်ဖက်ကိုအပုပ်ခံပြီး သံချောင်းနဲ့တို့မျက်ခုံးကိုဆွဲတာ၊ သံလွင်ဆီ လိမ်းတာ၊ Vaseline လိမ်းတာ စသဖြင့်စုံလို့ပါပဲ။ အမျိုးသားတွေမှာလည်း မျက်ခုံးထူပြန်ရင်ပိုပြီးကြည့်ကောင်းသလိုလိုပေါ့။ ဒီလို မျက်ခုံးထူတာကိုမက်မောကြပေမယ့် ကြန်အင်လက္ခဏာကိုကြည့်ပြီး အကဲဖြတ်ကြတဲ့နေရာမှာတော့ မျက်ခုံးထူသူတွေဟာ အတ္တကြီးတယ်လို့ဆိုပါတယ်။ ဒါကအက်ဒမင်ပြောတာမဟုတ်ပါဘူးနော်။ လေ့လာစမ်းသပ်ချက်တွေအရ သိရတာပါ။

Selfish

Selfish

Journal of Personality က လူပေါင်းများစွာရဲ့ သွင်ပြင်လက္ခဏာကိုလေ့လာအကဲခတ်ပြီးကောက်ချက်ချထားတာပါ။ ရှေးကျန်းဂန်တွေမှာလည်း လူတစ်ယောက်ရဲ့မျက်နှာတည်ဆောက်ပုံနဲ့ မျက်နှာအစိတ်အပိုင်းတွေ၊ သူ့ရဲ့ကြန်အင်လက္ခဏာတွေကို ကြည့်ပြီးတော့ဒီလူရဲ့အတွင်းစိတ်သဘောကိုသိနိုင်တယ်ဆိုတာပါခဲ့ပြီးသားပါ။ ဒါကြောင့်လည်း သူတို့ဆီကလေ့လာကောက်ချက်ချမှုတွေကို မမှန်ကန်ဘူးလို့တော့အပြတ်ငြင်းပယ်လို့မရနိုင်ပါဘူး။

လေ့လာသူတွေရဲ့အဆိုအရ မျက်ခုံးထူထူထဲထဲရှိသူ မျက်ခုံးကောင်းသူတွေဟာ အတ္တကြီးတတ်တဲ့သဘောရှိတယ်လို့ဖော်ပြထားတာဖြစ်ပါတယ်။ သုတေသနပြုသူတွေဟာ တစ်ကိုယ်ကောင်းဆန်တယ် အတ္တကြီးတယ်လို့သတ်မှတ်ခံရတဲ့လူတွေရဲ့ မျက်နှာတွေကိုစုစည်းလိုက်ပါတယ်။ ဒီလိုစုစည်းပြီးစစ်ဆေးကြည့်တဲ့အခါမှာ သူတို့တွေရဲ့တူညီတဲ့အချက်ကိုသွားတွေ့ပါတယ်။ အဲဒါကတော့ မျက်ခုံးပါပဲ။ အထူးသဖြင့် သူတို့တွေဟာ မျက်ခုံးထူထူထင်းထင်းရှိကြတယ်လို့ဆိုထားပါတယ်။ ဒီအချက်ကိုမျက်စိမှိတ်ယုံရမယ်လို့မဆိုလိုပါဘူးနော်။ ဟုတ်မဟုတ်ဆိုတာ ကိုယ့်ဘေးပတ်ဝန်းကျင်မှာရှိတဲ့သူတွေနဲ့ မှန်းဆစစ်ဆေးကြည့်ပါလို့။

အတ္တကြီးတယ်ဆိုတာက ဘယ်နေရာမှတော့မကောင်းပါဘူး။ အထူးသဖြင့်အချစ်ရေး အိမ်ထောင်ရေးမှာပိုဆိုးပါတယ်နော်။ အတ္တကြီးတဲ့ချစ်သူကိုရွေးမိရင် ပိုပြီးသည်းခံစိတ်မွေးရမှာဖြစ်သလို အိမ်ထောင်ပြုဖြစ်ခဲ့ပြန်ရင်လည်း နားလည်မှုတွေအများကြီးနဲ့ရှေ့ဆက်ရမှာဖြစ်ပါတယ်။

ဒါကြောင့်လည်း ခုလိုတွေ့ရှိယူဆချက်ကိုအပိုတွေလို့မသတ်မှတ်ဘဲ မျက်ခုံးကောင်းတဲ့သူတွေများချစ်ရေးဆိုလာ၊ လက်ထပ်ခွင့်တောင်းလာခဲ့ရင် သူ့ရဲ့အတွင်းစိတ်သဘောဘယ်လိုရှိတယ်ဆိုတာ အချိန်ယူပြီးလေ့လာအကဲခတ်ဖို့သင့်တယ်လို့တော့ယူဆမိပါတယ်။

ဂျူဂျူး(Akhayar)

www.akhayar.com