[Zawgyi]

ေယာ္ဂ်င္ဟိုအတြက္ မန္စီးတီးရဲ႕ ေပါင္ (၄၄)သန္းတန္ ကမ္းလွမ္းမႈကို ပယ္ခ်လိုက္တဲ့ နာပိုလီအသင္း ဥကၠဌ

ကြင္းလယ္လူ ေယာ္ဂ်င္ဟို Jorginho အတြက္ မန္စီးတီးအသင္းရဲ႕ ေပါင္ (၄၄)သန္းတန္ ကမ္းလွမ္းမႈကို ပယ္ခ်လိုက္ေၾကာင္း နာပိုလီအသင္း ဥကၠဌ ဒီေလာ္ရန္းတစ္ De Laurentiis က ေျပာၾကားခဲ့ပါတယ္။ ၿပီးခဲ့တဲ့ ေဘာလံုးရာသီက စီးရီးေအၿပိဳင္ပြဲရဲ႕ အေကာင္းဆံုး ကြင္းလယ္ ကစားသမားတစ္ဦးအျဖစ္ ေျခစြမ္းျပခဲ့တဲ့ ေယာ္ဂ်င္ဟို Jorginho  ကို နာပိုလီဥကၠဌ ဒီေလာ္ရန္းတစ္ De Laurentiis က လက္လႊတ္ဖို႔ ဆႏၵမရွိဘဲ အသင္းမွာ ဆက္ထိန္းထားႏိုင္ဖို႔ စီစဥ္ေနတာေၾကာင့္ မန္စီးတီးအသင္းရဲ႕ ကမ္းလွမ္းမႈကို ပယ္ခ်ခဲ့တာ ျဖစ္ပါတယ္။ နည္းျပ ဂြါဒီယိုလာ Guardiola ရဲ႕ ေႏြရာသီ အေျပာင္းအေရႊ႕ အဓိကပစ္မွတ္ ေယာ္ဂ်င္ဟို Jorginho နဲ႔ မန္စီးတီးအသင္းတို႔ဟာ ၿပီးခဲ့တဲ့ ရက္ပိုင္းက ပုဂၢိဳလ္ေရးဆိုင္ရာ သေဘာတူညီမႈကို ရရွိခဲ့ေပမယ့္ ကမ္းလွမ္းမႈကို ပယ္ခ်ခံခဲ့ရတာျဖစ္ပါတယ္။ အခုႏွစ္ ေႏြရာသီ အေျပာင္းအေရႊ႕ကာလမွာ မန္စီးတီးအသင္းရဲ႕ ပထမဆံုး ကစားသမားေခၚယူမႈအျဖစ္ ေယာ္ဂ်င္ဟို Jorginho ကို ေခၚယူႏိုင္ဖို႔ အသင္းတာဝန္ရွိသူေတြက စီစဥ္ေနခဲ့တာ ျဖစ္ပါတယ္။ မန္စီးတီးအသင္းဟာ ေယာ္ဂ်င္ဟို Jorginho အတြက္ ကမ္းလွမ္းမႈကို ပယ္ခ်ခံခဲ့ရေပမယ့္ လာမယ့္ တနလၤာေန႔မွာ ကစားမယ့္ အီတလီနဲ႔ နယ္သာလန္အသင္းတို႔ရဲ႕ ေျခစမ္းပြဲအၿပီး အီတလီလက္ေရြးစင္ ကစားသမားအတြက္ ကမ္းလွမ္းမႈေတြကို ထပ္မံျပဳလုပ္သြားဖို႔ ရွိေနေၾကာင္း သတင္းေတြ ထြက္ေပၚေနပါတယ္။

The-26-year-old-played-a-key-role-for-Napoli-in-their-title-challenge-this-season-against-Juventus

The-26-year-old-played-a-key-role-for-Napoli-in-their-title-challenge-this-season-against-Juventus

နာပိုလီအသင္း ဥကၠဌ  ဒီေလာ္ရန္းတစ္ De Laurentiis က အသင္းရဲ႕ ကြင္းလယ္လူအတြက္ မန္စီးတီးအသင္းရဲ႕ ကမ္းလွမ္းမႈကို ပယ္ခ်ခဲ့ေၾကာင္း အင္တာဗ်ဴး  အစီအစဥ္တစ္ခုမွာ ေျပာၾကားခဲ့တာ ျဖစ္ပါတယ္။  “ေယာ္ဂ်င္ဟို Jorginho လား၊ ဒီကစားသမားအတြက္ မန္စီးတီးအသင္းရဲ႕ ေပါင္ (၄၄)သန္းနဲ႔ ကမ္းလွမ္းမႈကို ကၽြန္ေတာ္ ကိုယ္တိုင္ ပယ္ခ်ခဲ့တာပါ”လို႔ ဒီေလာ္ရန္းတစ္ De Laurentiis က ေျပာၾကားခဲ့တာ ျဖစ္ပါတယ္။ ဒီေလာ္ရန္းတစ္ De Laurentiis ဟာ ေယာ္ဂ်င္ဟို Jorginho အတြက္ ကမ္းလွမ္းမႈကို ပယ္ခ်ခဲ့ေပမယ့္ တရုတ္စူပါလိဂ္ကို ေျပာင္းေရႊ႕ဖို႔ သတင္းေတြ ထြက္ေပၚေနတဲ့ အသင္းေခါင္းေဆာင္ ဟမ္ဆစ္ခ္ Hamsik ကိုေတာ့ အသင္းက ထြက္ခြာဖို႔ ခြင့္ျပဳေပးထားေၾကာင္း ေျပာၾကားခဲ့ပါတယ္။ “တကယ္လို႔မ်ား ဟမ္ဆစ္ခ္ Hamsik ကိုယ္တိုင္က တရုတ္ကို ေျပာင္းဖို႔ ဆႏၵရွိေနရင္ေတာ့ အသင္းက သူ႔ကို မတားပါဘူး” လို႔  ဒီေလာ္ရန္းတစ္ De Laurentiis က ေျပာၾကားခဲ့တာ ျဖစ္ပါတယ္။

REF:Daily Mail
Photo:Termometro Politico, Gonfialarete
Aung Kyaw Wai (Akhayar)
www.akhayar.com

[Unicode]

ယော်ဂျင်ဟိုအတွက် မန်စီးတီးရဲ့ ပေါင် (၄၄)သန်းတန် ကမ်းလှမ်းမှုကို ပယ်ချလိုက်တဲ့ နာပိုလီအသင်း ဥက္ကဌ

ကွင်းလယ်လူ ယော်ဂျင်ဟို Jorginho အတွက် မန်စီးတီးအသင်းရဲ့ ပေါင် (၄၄)သန်းတန် ကမ်းလှမ်းမှုကို ပယ်ချလိုက်ကြောင်း နာပိုလီအသင်း ဥက္ကဌ ဒီလော်ရန်းတစ် De Laurentiis က ပြောကြားခဲ့ပါတယ်။ ပြီးခဲ့တဲ့ ဘောလုံးရာသီက စီးရီးအေပြိုင်ပွဲရဲ့ အကောင်းဆုံး ကွင်းလယ် ကစားသမားတစ်ဦးအဖြစ် ခြေစွမ်းပြခဲ့တဲ့ ယော်ဂျင်ဟို Jorginho  ကို နာပိုလီဥက္ကဌ ဒီလော်ရန်းတစ် De Laurentiis က လက်လွှတ်ဖို့ ဆန္ဒမရှိဘဲ အသင်းမှာ ဆက်ထိန်းထားနိုင်ဖို့ စီစဉ်နေတာကြောင့် မန်စီးတီးအသင်းရဲ့ ကမ်းလှမ်းမှုကို ပယ်ချခဲ့တာ ဖြစ်ပါတယ်။ နည်းပြ ဂွါဒီယိုလာ Guardiola ရဲ့ နွေရာသီ အပြောင်းအရွှေ့ အဓိကပစ်မှတ် ယော်ဂျင်ဟို Jorginho နဲ့ မန်စီးတီးအသင်းတို့ဟာ ပြီးခဲ့တဲ့ ရက်ပိုင်းက ပုဂ္ဂိုလ်ရေးဆိုင်ရာ သဘောတူညီမှုကို ရရှိခဲ့ပေမယ့် ကမ်းလှမ်းမှုကို ပယ်ချခံခဲ့ရတာဖြစ်ပါတယ်။ အခုနှစ် နွေရာသီ အပြောင်းအရွှေ့ကာလမှာ မန်စီးတီးအသင်းရဲ့ ပထမဆုံး ကစားသမားခေါ်ယူမှုအဖြစ် ယော်ဂျင်ဟို Jorginho ကို ခေါ်ယူနိုင်ဖို့ အသင်းတာဝန်ရှိသူတွေက စီစဉ်နေခဲ့တာ ဖြစ်ပါတယ်။ မန်စီးတီးအသင်းဟာ ယော်ဂျင်ဟို Jorginho အတွက် ကမ်းလှမ်းမှုကို ပယ်ချခံခဲ့ရပေမယ့် လာမယ့် တနင်္လာနေ့မှာ ကစားမယ့် အီတလီနဲ့ နယ်သာလန်အသင်းတို့ရဲ့ ခြေစမ်းပွဲအပြီး အီတလီလက်ရွေးစင် ကစားသမားအတွက် ကမ်းလှမ်းမှုတွေကို ထပ်မံပြုလုပ်သွားဖို့ ရှိနေကြောင်း သတင်းတွေ ထွက်ပေါ်နေပါတယ်။

The-26-year-old-played-a-key-role-for-Napoli-in-their-title-challenge-this-season-against-Juventus

The-26-year-old-played-a-key-role-for-Napoli-in-their-title-challenge-this-season-against-Juventus

နာပိုလီအသင်း ဥက္ကဌ  ဒီလော်ရန်းတစ် De Laurentiis က အသင်းရဲ့ ကွင်းလယ်လူအတွက် မန်စီးတီးအသင်းရဲ့ ကမ်းလှမ်းမှုကို ပယ်ချခဲ့ကြောင်း အင်တာဗျူး  အစီအစဉ်တစ်ခုမှာ ပြောကြားခဲ့တာ ဖြစ်ပါတယ်။  “ယော်ဂျင်ဟို Jorginho လား၊ ဒီကစားသမားအတွက် မန်စီးတီးအသင်းရဲ့ ပေါင် (၄၄)သန်းနဲ့ ကမ်းလှမ်းမှုကို ကျွန်တော် ကိုယ်တိုင် ပယ်ချခဲ့တာပါ”လို့ ဒီလော်ရန်းတစ် De Laurentiis က ပြောကြားခဲ့တာ ဖြစ်ပါတယ်။ ဒီလော်ရန်းတစ် De Laurentiis ဟာ ယော်ဂျင်ဟို Jorginho အတွက် ကမ်းလှမ်းမှုကို ပယ်ချခဲ့ပေမယ့် တရုတ်စူပါလိဂ်ကို ပြောင်းရွှေ့ဖို့ သတင်းတွေ ထွက်ပေါ်နေတဲ့ အသင်းခေါင်းဆောင် ဟမ်ဆစ်ခ် Hamsik ကိုတော့ အသင်းက ထွက်ခွာဖို့ ခွင့်ပြုပေးထားကြောင်း ပြောကြားခဲ့ပါတယ်။ “တကယ်လို့များ ဟမ်ဆစ်ခ် Hamsik ကိုယ်တိုင်က တရုတ်ကို ပြောင်းဖို့ ဆန္ဒရှိနေရင်တော့ အသင်းက သူ့ကို မတားပါဘူး” လို့  ဒီလော်ရန်းတစ် De Laurentiis က ပြောကြားခဲ့တာ ဖြစ်ပါတယ်။

REF:Daily Mail
Photo:Termometro Politico, Gonfialarete
Aung Kyaw Wai (Akhayar)
www.akhayar.com