[Zawgyi]

အသင္းေဒဝါလီ ခံသြားႏိုင္တာေၾကာင့္ စီေရာ္နယ္လ္ဒိုကို ေခၚယူခြင့္ရခဲ့ေပမယ့္ လက္လႊတ္ခဲ့တဲ့ နာပိုလီ

နာမည္ေက်ာ္ တိုက္စစ္မွဴး စီေရာ္နယ္လ္ဒို C.Ronaldo ကို ေခၚယူဖို႔ အခြင့္အေရး ရခဲ့ေပမယ့္ အသင္းေဒဝါလီ ခံသြားႏိုင္တာေၾကာင့္ လက္လႊတ္ခဲ့တာျဖစ္ေၾကာင္း နာပိုလီဥကၠဌ ဒီေလာ္ရန္းတစ္ De Laurentiis က ေျပာၾကားခဲ့ပါတယ္။ ၿပီးခဲ့တဲ့ ရက္ပိုင္းက ဂ်ဴဗင္တပ္စ္အသင္းကို ယူရိုသန္း (၁၀၀)နဲ႔ ေျပာင္းေရႊ႕ဖို႔ သေဘာတူညီမႈ ရရွိခဲ့တဲ့ တိုက္စစ္မွဴး စီေရာ္နယ္လ္ဒို C.Ronaldo ကို ေခၚယူဖို႔ နာပုိလီအသင္းက အခြင့္အေရးရရွိခဲ့ေၾကာင္း ဒီေလာ္ရန္းတစ္ De Laurentiis က ေျပာၾကားခဲ့တာျဖစ္ပါတယ္။ ရီးယဲလ္မွာ လက္တြဲဖူးတဲ့ နည္းျပ အန္စေလာ့တီ Ancelotti နဲ႔ နာပိုလီအသင္းမွာ တစ္ေက်ာ႔ျပန္ ပူးေပါင္းဖို႔ စီေရာ္နယ္လ္ဒို C.Ronaldo က ဆႏၵရွိခဲ့သလို၊ အသင္းဘက္ကလည္း ေခၚယူလိုေပမယ့္ အသံုးစရိတ္ မလံုေလာက္မႈေၾကာင့္ လက္လႊတ္ခဲ့ရတာျဖစ္ေၾကာင္း သတင္းေတြ ထြက္ေပၚလာခဲ့ပါတယ္။

Cristiano-Ronaldo-greets-excited-Juventus-fans-as-he-arrives-at-the-Allianz-Stadium

Cristiano-Ronaldo-greets-excited-Juventus-fans-as-he-arrives-at-the-Allianz-Stadium

အသက္ (၃၃)ႏွစ္အရြယ္ရွိ ထိပ္တန္းတိုက္စစ္မွဴးတစ္ဦးျဖစ္တဲ့ စီေရာ္နယ္လ္ဒို C.Ronaldo ဟာ ဂ်ဴဗင္တပ္စ္အသင္းနဲ႔ (၄)ႏွစ္ စာခ်ဳပ္ခ်ဳပ္ဆိုသြားမွာျဖစ္ၿပီး တစ္ႏွစ္လုပ္ခ ေပါင္ (၂၆.၅)သန္းအထိ ရရွိမွာျဖစ္ပါတယ္။ ဒီေန႔ (တနလၤာေန႔)မွာေတာ့ ေဆးစစ္မႈေတြ ခံယူၿပီး စာခ်ဳပ္အၿပီးသတ္ဖို႔ ဂ်ဴဗင္တပ္စ္အသင္းရဲ႕ အိမ္ကြင္းကို စီေရာ္နယ္လ္ဒို C.Ronaldo ေရာက္ရွိလာခဲ့ၿပီး ရာေပါင္းမ်ားစြာေသာ ပရိသတ္ေတြက ႀကိဳဆိုခဲ့ၾကပါတယ္။

Cristiano-Ronaldo-smiles-as-he-runs-on-the-treadmill-during-his-Juventus-medical

Cristiano-Ronaldo-smiles-as-he-runs-on-the-treadmill-during-his-Juventus-medical

စီေရာ္နယ္လ္ဒို C.Ronaldo ဟာ ႀကိဳဆိုမႈေတြ ျပဳလုပ္ခဲ့တဲ့ ဂ်ဴဗင္တပ္စ္အသင္း ပရိသတ္ေတြနဲ႔ ေတြ႔ဆံုခဲ့ၿပီး အမွတ္တရ လက္မွတ္ေရးထိုးမႈေတြပါ ျပဳလုပ္ခဲ့ပါတယ္။ ဂ်ဴဗင္တပ္စ္အသင္းကို ေရာက္ရွိလာတဲ့ စီေရာ္နယ္လ္ဒို C.Ronaldo အေနနဲ႔ ေက်ာနံပါတ္ (၇)ပါ ဂ်ာစီကို အသင္းသစ္မွာ ဝတ္ဆင္ကစားသြားမွာျဖစ္ပါတယ္။

REF:The Sun
Photo:Daily Mail
Aung Kyaw Wai (Akhayar)
www.akhayar.com

[Unicode]

အသင်းဒေဝါလီ ခံသွားနိုင်တာကြောင့် စီရော်နယ်လ်ဒိုကို ခေါ်ယူခွင့်ရခဲ့ပေမယ့် လက်လွှတ်ခဲ့တဲ့ နာပိုလီ

နာမည်ကျော် တိုက်စစ်မှူး စီရော်နယ်လ်ဒို C.Ronaldo ကို ခေါ်ယူဖို့ အခွင့်အရေး ရခဲ့ပေမယ့် အသင်းဒေဝါလီ ခံသွားနိုင်တာကြောင့် လက်လွှတ်ခဲ့တာဖြစ်ကြောင်း နာပိုလီဥက္ကဌ ဒီလော်ရန်းတစ် De Laurentiis က ပြောကြားခဲ့ပါတယ်။ ပြီးခဲ့တဲ့ ရက်ပိုင်းက ဂျူဗင်တပ်စ်အသင်းကို ယူရိုသန်း (၁၀၀)နဲ့ ပြောင်းရွှေ့ဖို့ သဘောတူညီမှု ရရှိခဲ့တဲ့ တိုက်စစ်မှူး စီရော်နယ်လ်ဒို C.Ronaldo ကို ခေါ်ယူဖို့ နာပိုလီအသင်းက အခွင့်အရေးရရှိခဲ့ကြောင်း ဒီလော်ရန်းတစ် De Laurentiis က ပြောကြားခဲ့တာဖြစ်ပါတယ်။ ရီးယဲလ်မှာ လက်တွဲဖူးတဲ့ နည်းပြ အန်စလော့တီ Ancelotti နဲ့ နာပိုလီအသင်းမှာ တစ်ကျော့ပြန် ပူးပေါင်းဖို့ စီရော်နယ်လ်ဒို C.Ronaldo က ဆန္ဒရှိခဲ့သလို၊ အသင်းဘက်ကလည်း ခေါ်ယူလိုပေမယ့် အသုံးစရိတ် မလုံလောက်မှုကြောင့် လက်လွှတ်ခဲ့ရတာဖြစ်ကြောင်း သတင်းတွေ ထွက်ပေါ်လာခဲ့ပါတယ်။

Ronaldo-stopped-to-sign-autographs-for-some-of-the-waiting-supporters

Ronaldo-stopped-to-sign-autographs-for-some-of-the-waiting-supporters

အသက် (၃၃)နှစ်အရွယ်ရှိ ထိပ်တန်းတိုက်စစ်မှူးတစ်ဦးဖြစ်တဲ့ စီရော်နယ်လ်ဒို C.Ronaldo ဟာ ဂျူဗင်တပ်စ်အသင်းနဲ့ (၄)နှစ် စာချုပ်ချုပ်ဆိုသွားမှာဖြစ်ပြီး တစ်နှစ်လုပ်ခ ပေါင် (၂၆.၅)သန်းအထိ ရရှိမှာဖြစ်ပါတယ်။ ဒီနေ့ (တနင်္လာနေ့)မှာတော့ ဆေးစစ်မှုတွေ ခံယူပြီး စာချုပ်အပြီးသတ်ဖို့ ဂျူဗင်တပ်စ်အသင်းရဲ့ အိမ်ကွင်းကို စီရော်နယ်လ်ဒို C.Ronaldo ရောက်ရှိလာခဲ့ပြီး ရာပေါင်းများစွာသော ပရိသတ်တွေက ကြိုဆိုခဲ့ကြပါတယ်။

The-Portuguese-star-arrived-at-the-J-Medical-Centre

The-Portuguese-star-arrived-at-the-J-Medical-Centre

စီရော်နယ်လ်ဒို C.Ronaldo ဟာ ကြိုဆိုမှုတွေ ပြုလုပ်ခဲ့တဲ့ ဂျူဗင်တပ်စ်အသင်း ပရိသတ်တွေနဲ့ တွေ့ဆုံခဲ့ပြီး အမှတ်တရ လက်မှတ်ရေးထိုးမှုတွေပါ ပြုလုပ်ခဲ့ပါတယ်။ ဂျူဗင်တပ်စ်အသင်းကို ရောက်ရှိလာတဲ့ စီရော်နယ်လ်ဒို C.Ronaldo အနေနဲ့ ကျောနံပါတ် (၇)ပါ ဂျာစီကို အသင်းသစ်မှာ ဝတ်ဆင်ကစားသွားမှာဖြစ်ပါတယ်။

REF:The Sun
Photo:Daily Mail
Aung Kyaw Wai (Akhayar)
www.akhayar.com