[Zawgyi]

အေကာင္းဆံုးပံုစံနဲ႔ ေရွ႕ဆက္ေနတဲ႔ နည္းျပ အန္ဆယ္ေလာ႔တီ Ancelotti ရဲ႕ နာပိုလီ

စီးရီးေအပြဲစဥ္(၂)ရဲ႕ ပြဲစဥ္တစ္ပြဲျဖစ္တဲ႔ နာပိုလီ – ေအစီမီလန္ပြဲစဥ္ဟာ အျပန္အလွန္သြင္းဂိုးေတြနဲ႔ ပရိသတ္အၾကိဳက္ျဖစ္ခဲ႔ပါတယ္။ နာပိုလီအသင္းဟာ (၂)ဂိုးျပတ္အရံႈးကေန (၃)ဂိုးျပန္သြင္းျပီး ျပန္လာႏိုင္ခဲ႔တာျဖစ္သလို နည္းျပအန္ဆယ္ေလာ႔တီ Ancelotti ဟာလည္း အသင္းေဟာင္း ေအစီမီလန္အသင္းကို အႏိုင္ယူခဲ႔တာ ျဖစ္ပါတယ္။

Napoli-Vs-AC-Milan

Napoli-Vs-AC-Milan

ႏွစ္သင္းလံုးဟာ လူစံုတက္စံုနဲ႔ပြဲထြက္လာခဲ႔ၾကတာျဖစ္ျပီး ပြဲဟာအစပိုင္းထဲက ျမိဳင္ျမိဳင္ဆိုင္ဆိုင္ရိွခဲ႔ပါတယ္။ နာပိုလီအသင္းဟာ ေအစီမီလန္အသင္းကို ပိုမိုဖိအားေပးကစားႏိုင္ခဲ႔ပါတယ္။ ဒါေပမဲ႔ အဖြင္႔ဂိုးကို ေအစီမီလန္အသင္းက စတင္ရရိွခဲ႔ျပီး ပြဲခ်ိန္(၁၅)မိနစ္မွာ ဘိုရီနီ Borini ေခါင္းတိုက္ခ်ေပးလိုက္တဲ႔ ေဘာလံုးကို ဘိုနာဗန္က်ဴရာ Bonaventura က လွလွပပ ကန္သြင္းယူခဲ႔တာပါ။ ဂိုးေပးလိုက္ရတာေၾကာင္႔ နာပိုလီအသင္းဟာ တိုက္စစ္ကိုပိုမိုအားထည္႔ကစားခဲ႔ေပမယ္႔ ဂိုးရဖို႔ကေတာ႔ ခက္ခဲေနခဲ႔ပါတယ္။ ပြဲခ်ိန္(၄၉)မိနစ္မွာ ေအစီမီလန္အသင္းဟာ ဒုတိယဦးေဆာင္ဂိုးရရိွခဲ႔ျပီး ပင္နယ္တီဧရိယာထဲမွာ ဆူဆို Suso ခ်ေပးလိုက္တဲ႔ေဘာလံုးကို ကလာဘရီယာ Calabria ကအလိုက္သင္႔ကန္သြင္းယူခဲ႔တာပါ။

Zieliński-Celebrate

Zieliński-Celebrate

ပြဲခ်ိန္(၅၃)မိနစ္မွာေတာ႔ နာပိုလီအသင္းဟာ ေခ်ပဂိုးစတင္ရရိွခဲ႔ျပီး ကယ္လီဟြန္ Callejón ခ်ေပးလိုက္တဲ႔ ေဘာလံုးကို ဇီလင္စကီး Zieliński က ကန္သြင္းယူခဲ႔တာပါ။ ပြဲခ်ိန္(၆၇)မိနစ္မွာေတာ႔ နာပိုလီအသင္းဟာဒုတိယ ေခ်ပဂိုးရရိွခဲ႔ျပီး ေထာင္႔ကန္ေဘာကေန ေအစီမီလန္အသင္းဖ်က္ထုတ္လိုက္လို႔ က်လာတဲ႔ ေဘာလံုးကို ဇီလင္စကီး Zieliński က ကန္သြင္းယူခဲ႔တာပဲျဖစ္ပါတယ္။ ဒီဂိုးဟာ ေအစီမီလန္ဂိုးသမား ဒြန္နာရမ္မာ Donnarumma အေနနဲ႔ လိုတာထက္ပိုျပီး ေရွ႕ေရာက္ေနခဲ႔တဲ႔ သူရဲ႕အမွားေၾကာင္႔ေပးလိုက္ရတာ ျဖစ္ပါတယ္။ ပြဲခ်ိန္မိနစ္(၈၀)မွာေတာ႔ နာပိုလီအသင္းဟာ အႏိုင္ဂိုးရရိွခဲ႔ပါတယ္။ ဒီဂိုးဟာ နာပိုလီအသင္းရဲ႕တိုက္စစ္ဆင္ေနၾကပံုစံလို႔ေျပာလို႔ရတဲ႔ ေကာင္းမြန္တဲ႔တြဲလံုးေတြက တစ္ဆင္႔ရရိ္ွလာတဲ႔ အခြင္႔အေရးကို လူစား၀င္ကစားသမား မာတန္စ္ Mertens ကပိတ္သြင္းယူခဲ႔တာပါ။

Ancelotti

Ancelotti

နည္းျပ အန္ဆယ္ေလာ႔တီ Ancelotti ရဲ႕ နာပိုလီအသင္းဟာ အသင္းၾကီးေတြျဖစ္ၾကတဲ႔ လာဇီယို ၊ ေအစီမီလန္ တို႔ကိုဆက္တိုက္အႏိုင္ယူခဲ႔တာျဖစ္ျပီး စီးရီးေအခ်န္ပီယံဆုကို အရင္နွစ္ေတြကထက္ ပိုေမွ်ာ္လင္႔လို႔ရတဲ႔ အေျခအေနမွာရိွေနခဲ႔ပါျပီ။

Photo: Viralcast , Napoli Twitter , AC Milan Twitter , Sporting News
Ko Kyue(Akhayar)
www.akhayar.com

[Unicode]

အကောင်းဆုံးပုံစံနဲ့ ရှေ့ဆက်နေတဲ့ နည်းပြ အန်ဆယ်လော့တီ Ancelotti ရဲ့ နာပိုလီ

စီးရီးအေပွဲစဉ်(၂)ရဲ့ ပွဲစဉ်တစ်ပွဲဖြစ်တဲ့ နာပိုလီ – အေစီမီလန်ပွဲစဉ်ဟာ အပြန်အလှန်သွင်းဂိုးတွေနဲ့ ပရိသတ်အကြိုက်ဖြစ်ခဲ့ပါတယ်။ နာပိုလီအသင်းဟာ (၂)ဂိုးပြတ်အရှုံးကနေ (၃)ဂိုးပြန်သွင်းပြီး ပြန်လာနိုင်ခဲ့တာဖြစ်သလို နည်းပြအန်ဆယ်လော့တီ Ancelotti ဟာလည်း အသင်းဟောင်း အေစီမီလန်အသင်းကို အနိုင်ယူခဲ့တာ ဖြစ်ပါတယ်။

Napoli-Vs-AC-Milan

Napoli-Vs-AC-Milan

နှစ်သင်းလုံးဟာ လူစုံတက်စုံနဲ့ပွဲထွက်လာခဲ့ကြတာဖြစ်ပြီး ပွဲဟာအစပိုင်းထဲက မြိုင်မြိုင်ဆိုင်ဆိုင်ရှိခဲ့ပါတယ်။ နာပိုလီအသင်းဟာ အေစီမီလန်အသင်းကို ပိုမိုဖိအားပေးကစားနိုင်ခဲ့ပါတယ်။ ဒါပေမဲ့ အဖွင့်ဂိုးကို အေစီမီလန်အသင်းက စတင်ရရှိခဲ့ပြီး ပွဲချိန်(၁၅)မိနစ်မှာ ဘိုရီနီ Borini ခေါင်းတိုက်ချပေးလိုက်တဲ့ ဘောလုံးကို ဘိုနာဗန်ကျူရာ Bonaventura က လှလှပပ ကန်သွင်းယူခဲ့တာပါ။ ဂိုးပေးလိုက်ရတာကြောင့် နာပိုလီအသင်းဟာ တိုက်စစ်ကိုပိုမိုအားထည့်ကစားခဲ့ပေမယ့် ဂိုးရဖို့ကတော့ ခက်ခဲနေခဲ့ပါတယ်။ ပွဲချိန်(၄၉)မိနစ်မှာ အေစီမီလန်အသင်းဟာ ဒုတိယဦးဆောင်ဂိုးရရှိခဲ့ပြီး ပင်နယ်တီဧရိယာထဲမှာ ဆူဆို Suso ချပေးလိုက်တဲ့ဘောလုံးကို ကလာဘရီယာ Calabria ကအလိုက်သင့်ကန်သွင်းယူခဲ့တာပါ။

Zieliński-Celebrate

Zieliński-Celebrate

ပွဲချိန်(၅၃)မိနစ်မှာတော့ နာပိုလီအသင်းဟာ ချေပဂိုးစတင်ရရှိခဲ့ပြီး ကယ်လီဟွန် Callejón ချပေးလိုက်တဲ့ ဘောလုံးကို ဇီလင်စကီး Zieliński က ကန်သွင်းယူခဲ့တာပါ။ ပွဲချိန်(၆၇)မိနစ်မှာတော့ နာပိုလီအသင်းဟာဒုတိယ ချေပဂိုးရရှိခဲ့ပြီး ထောင့်ကန်ဘောကနေ အေစီမီလန်အသင်းဖျက်ထုတ်လိုက်လို့ ကျလာတဲ့ ဘောလုံးကို ဇီလင်စကီး Zieliński က ကန်သွင်းယူခဲ့တာပဲဖြစ်ပါတယ်။ ဒီဂိုးဟာ အေစီမီလန်ဂိုးသမား ဒွန်နာရမ်မာ Donnarumma အနေနဲ့ လိုတာထက်ပိုပြီး ရှေ့ရောက်နေခဲ့တဲ့ သူရဲ့အမှားကြောင့်ပေးလိုက်ရတာ ဖြစ်ပါတယ်။ ပွဲချိန်မိနစ်(၈၀)မှာတော့ နာပိုလီအသင်းဟာ အနိုင်ဂိုးရရှိခဲ့ပါတယ်။ ဒီဂိုးဟာ နာပိုလီအသင်းရဲ့တိုက်စစ်ဆင်နေကြပုံစံလို့ပြောလို့ရတဲ့ ကောင်းမွန်တဲ့တွဲလုံးတွေက တစ်ဆင့်ရရိှလာတဲ့ အခွင့်အရေးကို လူစားဝင်ကစားသမား မာတန်စ် Mertens ကပိတ်သွင်းယူခဲ့တာပါ။

Ancelotti

Ancelotti

နည်းပြ အန်ဆယ်လော့တီ Ancelotti ရဲ့ နာပိုလီအသင်းဟာ အသင်းကြီးတွေဖြစ်ကြတဲ့ လာဇီယို ၊ နာပိုလီ တို့ကိုဆက်တိုက်အနိုင်ယူခဲ့တာဖြစ်ပြီး စီးရီးအေချန်ပီယံဆုကို အရင်နှစ်တွေကထက် ပိုမျှော်လင့်လို့ရတဲ့ အခြေအနေမှာရှိနေခဲ့ပါပြီ။

Photo: Viralcast , Napoli Twitter , AC Milan Twitter , Sporting News
Ko Kyue(Akhayar)
www.akhayar.com