[Zawgyi]

နန္းေဝေဝထြန္းရဲ႕ပထမဆံုးရုပ္ရွင္အတြက္ရင္ခုန္သံ

ရံုတင္ေတာ့မယ့္ မုျဒာေခၚသံဇာတ္ကားမွာ ပါဝင္သရုပ္ေဆာင္ထားတဲ့ နန္းေဝေဝထြန္းရဲ႕ ပထမဆံုးဇာတ္ကားအတြက္ ရင္ခုန္သံစကားသံတခ်ိဳ႕ကို အခုလိုအင္တာဗ်ဴးေမးျမန္းျဖစ္ခဲ့ပါတယ္။

နန္းေဝေဝထြန္း

နန္းေဝေဝထြန္း

မုျဒာေခၚသံ ဇာတ္ကားမွာ ပါဝင္ျဖစ္ခဲ့တဲ့ပံုကေတာ့ စကားဝါသရုပ္ေဆာင္သင္တန္းကေန ဇာတ္ကားအတြက္ သရုပ္ေဆာင္ေခၚတယ္ဆိုလုိ႕ သြားေရာက္ယွဥ္ၿပိဳင္ျဖစ္တာပါ။ ဒီဇာတ္ကားမွာ နန္းက မင္းသမီးရဲ႕သူငယ္ခ်င္းေနရာကေန ဇာတ္ပို႕အေနနဲ႕ပါဝင္သရုပ္ေဆာင္ထားပါတယ္။

နန္းေဝေဝထြန္း ၊ ဇာဏ္ခီ ၊ လွယဥ္ေက်း

နန္းေဝေဝထြန္း ၊ ဇာဏ္ခီ ၊ လွယဥ္ေက်း

အမွတ္တရေလးေတြ

ဇာတ္ကားရိုက္ရင္းနဲ႕အမွတ္ရစရာေတြ ကေတာ့ အမ်ားႀကီးေပါ့ ဒီကားဟာ နန္းရဲ႕ ပထမဆံုး အေတြ႕အၾကံဳလို႕ေျပာရင္လည္းမမွားပါဘူး။ ဒီဇာတ္ကားမွာ အဂၤလိပ္စကားေျပာဖို႕ အတြက္ႀကိဳးစားခဲ့ရတာေတြ ကလည္းအမွတ္တရ တစ္ခုပါပဲ။ဆရာသမားေတြ နဲ႕ သရုပ္ေဆာင္နည္းျပရဲ႕ သင္ၾကားမႈေအာက္မွာ ေတာ့ အမွတ္ရစရာေတြ ကေတာ့ အေတာ့္ ကို မ်ားပါတယ္။

မေမ့နိုင္တဲ့ ဇာတ္ဝင္ခန္း

ေမ့လို႕မရတဲ့ ဇာတ္ဝင္ခန္းေလးကေတာ့ သူငယ္ခ်င္းတစ္ေယာက္ကို ဆံုးရူံး ရေတာ့မယ္ ဆိုတဲ့ ခံစားမႈေပါ့ေနာ္ အဲ့လိုခံစားမႈျဖစ္ၿပီးေတာထဲမွာ ေျပးလႊားရတဲ့ အခန္းေလးေပါ့ ဒါရိုက္တာကလည္း ဒီဇာတ္ဝင္ခန္းေလး အတြက္အႀကိမ္ႀကိမ္ႀကိဳးစားခိုင္းတယ္ အရမ္းကိုလည္းႀကိဳးစားထားတဲ့ အခန္းျဖစ္တဲ့အတြက္ ရိုက္ကူး ေရးသာၿပီးခဲ့တယ္အဲ့ Mood (မုဒ္)ေၾကာင့္ တစ္ညလံုးေတာင္ေကာင္းေကာင္းအိပ္မေပ်ာ္ဘဲ လန္႕လန္႕နိုးတဲ့ အထိျဖစ္ခဲ့ရပါတယ္။ ဒါကေတာ့ ညီမအတြက္တကယ္ကိုမေမ့နိုင္တဲ့ အမွတ္တရပါ။

နန္းေဝေဝထြန္း ၊ ဇာဏ္ခီ ၊ လွယဥ္ေက်း

နန္းေဝေဝထြန္း ၊ ဇာဏ္ခီ ၊ လွယဥ္ေက်း

လတ္တေလာလုပ္ေဆာင္ေနတာေတြ

လတ္တေလာကေတာ့ ျပည္ၿမိဳ႕မွာ Lucky8 ဆိုတဲ့ Gym ေလးကို ဖြင့္ထားပါတယ္ေနာက္ၿပီး ပရဟိတသင္တန္းေတြအေနနဲ႕ေမာ္ဒယ္သင္တန္းေတြ အျပင္Presentation သင္တန္းေလးေတြကိုလည္း ပရဟိတသင္ၾကားေပးေနပါတယ္။ တတ္နိုင္သမွ်ရိုက္ကူးေရးကိုေတာ့ သြားေရးလာေရးေႀကာင့္ သိပ္လုပ္ေလ့ေတာ့မရွိဘူးေပါ့ေနာ္။   ကိုယ္ပိုင္စီးပြားေရးလုပ္ေနတဲ့ အတြက္ Gymကိုေတာ့ အခ်ိန္ပိုေပးျဖစ္ေနပါတယ္။

Gym ဖြင့္ထားတဲ့ နန္းေဝေဝထြန္း

Gym ဖြင့္ထားတဲ့ နန္းေဝေဝထြန္း

မုျဒာေခၚသံဇာတ္ကား ျပသမယ့္Press Show  ပြဲတက္ေရာက္ဖို႕ ကိုေတာ့ ပြဲစီစဥ္သူေတြ က အကုန္စီစဥ္ေပးထားတဲ့ အတြက္ အဆင္ေျပပါတယ္လို႕ နန္းေဝေဝထြန္း ကေျပာျပခဲ့ပါတယ္။

ၾကည္သာ (အခရာ)

www.akhayar.com

Facebook လူမႈကြန္ရက္ေပၚတြင္တင္ဆက္ေနသည့္ စာမ်က္ႏွာမ်ားတြင္ အခရာမွတင္ဆက္ထားသည့္ ေဆာင္းပါးမ်ား၊ သတင္းမ်ားကို ခြင့္ျပဳခ်က္ တစ္စံုတစ္ရာ ရယူထားျခင္းမရွိဘဲ စီးပြားျဖစ္ ကူးယူသံုးစြဲေနသည္မ်ားကို ေတြ႕ရွိေနရပါသည္။ အခရာစာမ်က္ႏွာအား တစ္ဦးတစ္ေယာက္ခ်င္း ေဝမ်ွသည္ကို အသိအမွတ္ျပဳေက်းဇူးတင္ေသာ္လည္း စီပြားျဖစ္တည္ေထာင္ထားသည့္ စာမ်က္ႏွာမ်ား၊ ဝက္ဘ္ဆုိက္မ်ားတြင္ ကူးယူတင္ဆက္ေနသည္မ်ားကိုမူ ျပင္းထန္စြာကန္႔ကြက္ပါသည္။ သို႕ျဖစ္ပါ၍ အခရာမီဒီယာမွတင္ဆက္ေနသည့္ အေၾကာင္းအရာမ်ားထဲမွ စာသားအခ်ိဳ႕ကုိျဖစ္ေစ ၊ အပုဒ္လိုက္ျဖစ္ေစ ၊ တစ္ပိုဒ္ျခင္းျဖစ္ေစ ကူးယူသံုးစြဲျခင္းမျပဳရန္ႏွင့္ ဆက္လက္ျပဳလုပ္ပါက ခိုးယူသံုးစြဲေနသည့္ စာမ်က္ႏွာမ်ားကို အမည္ႏွင့္တကြ အမ်ားသိေစရန္ေၾကညာသြားမည္ျဖစ္ၿပီး ဥပေဒအရ အေရးယူမည္ျဖစ္ေၾကာင္း သတိေပးေၾကညာအပ္ပါသည္။

[Unicode]

နန်းဝေဝေထွန်းရဲ့ပထမဆုံးရုပ်ရှင်အတွက်ရင်ခုန်သံ

ရုံတင်တော့မယ့် မုဒြာခေါ်သံဇာတ်ကားမှာ ပါဝင်သရုပ်ဆောင်ထားတဲ့ နန်းဝေဝေထွန်းရဲ့ ပထမဆုံးဇာတ်ကားအတွက် ရင်ခုန်သံစကားသံတချို့ကို အခုလိုအင်တာဗျူးမေးမြန်းဖြစ်ခဲ့ပါတယ်။

နန်းဝေဝေထွန်း

နန်းဝေဝေထွန်း

မုဒြာခေါ်သံ ဇာတ်ကားမှာ ပါဝင်ဖြစ်ခဲ့တဲ့ပုံကတော့ စကားဝါသရုပ်ဆောင်သင်တန်းကနေ ဇာတ်ကားအတွက် သရုပ်ဆောင်ခေါ်တယ်ဆိုလို့ သွားရောက်ယှဉ်ပြိုင်ဖြစ်တာပါ။ ဒီဇာတ်ကားမှာ နန်းက မင်းသမီးရဲ့သူငယ်ချင်းနေရာကနေ ဇာတ်ပို့အနေနဲ့ပါဝင်သရုပ်ဆောင်ထားပါတယ်။

နန်းဝေဝေထွန်း ၊ ဇာဏ်ခီ ၊ လှယဉ်ကျေး

နန်းဝေဝေထွန်း ၊ ဇာဏ်ခီ ၊ လှယဉ်ကျေး

အမှတ်တရလေးတွေ

ဇာတ်ကားရိုက်ရင်းနဲ့အမှတ်ရစရာတွေ ကတော့ အများကြီးပေါ့ ဒီကားဟာ နန်းရဲ့ ပထမဆုံး အတွေ့အကြုံလို့ပြောရင်လည်းမမှားပါဘူး။ ဒီဇာတ်ကားမှာ အင်္ဂလိပ်စကားပြောဖို့ အတွက်ကြိုးစားခဲ့ရတာတွေ ကလည်းအမှတ်တရ တစ်ခုပါပဲ။ဆရာသမားတွေ နဲ့ သရုပ်ဆောင်နည်းပြရဲ့ သင်ကြားမှုအောက်မှာ တော့ အမှတ်ရစရာတွေ ကတော့ အတော့် ကို များပါတယ်။

မမေ့နိုင်တဲ့ ဇာတ်ဝင်ခန်း

မေ့လို့မရတဲ့ ဇာတ်ဝင်ခန်းလေးကတော့ သူငယ်ချင်းတစ်ယောက်ကို ဆုံးရူံး ရတော့မယ် ဆိုတဲ့ ခံစားမှုပေါ့နော် အဲ့လိုခံစားမှုဖြစ်ပြီးတောထဲမှာ ပြေးလွှားရတဲ့ အခန်းလေးပေါ့ ဒါရိုက်တာကလည်း ဒီဇာတ်ဝင်ခန်းလေး အတွက်အကြိမ်ကြိမ်ကြိုးစားခိုင်းတယ် အရမ်းကိုလည်းကြိုးစားထားတဲ့ အခန်းဖြစ်တဲ့အတွက် ရိုက်ကူး ရေးသာပြီးခဲ့တယ်အဲ့ Mood (မုဒ်)ကြောင့် တစ်ညလုံးတောင်ကောင်းကောင်းအိပ်မပျော်ဘဲ လန့်လန့်နိုးတဲ့ အထိဖြစ်ခဲ့ရပါတယ်။ ဒါကတော့ ညီမအတွက်တကယ်ကိုမမေ့နိုင်တဲ့ အမှတ်တရပါ။

နန်းဝေဝေထွန်း ၊ ဇာဏ်ခီ ၊ လှယဉ်ကျေး

နန်းဝေဝေထွန်း ၊ ဇာဏ်ခီ ၊ လှယဉ်ကျေး

လတ်တလောလုပ်ဆောင်နေတာတွေ

လတ်တလောကတော့ ပြည်မြို့မှာ Lucky8 ဆိုတဲ့ Gym လေးကို ဖွင့်ထားပါတယ်နောက်ပြီး ပရဟိတသင်တန်းတွေအနေနဲ့မော်ဒယ်သင်တန်းတွေ အပြင်Presentation သင်တန်းလေးတွေကိုလည်း ပရဟိတသင်ကြားပေးနေပါတယ်။ တတ်နိုင်သမျှရိုက်ကူးရေးကိုတော့ သွားရေးလာရေးကြောင့် သိပ်လုပ်လေ့တော့မရှိဘူးပေါ့နော်။ ကိုယ်ပိုင်စီးပွားရေးလုပ်နေတဲ့ အတွက် Gymကိုတော့ အချိန်ပိုပေးဖြစ်နေပါတယ်။

Gym ဖွင့်ထားတဲ့ နန်းဝေဝေထွန်း

Gym ဖွင့်ထားတဲ့ နန်းဝေဝေထွန်း

မုဒြာခေါ်သံဇာတ်ကား ပြသမယ့်Press Show ပွဲတက်ရောက်ဖို့ ကိုတော့ ပွဲစီစဉ်သူတွေ က အကုန်စီစဉ်ပေးထားတဲ့ အတွက် အဆင်ပြေပါတယ်လို့ နန်းဝေဝေထွန်း ကပြောပြခဲ့ပါတယ်။

ကြည်သာ (အခရာ)

www.akhayar.com

Facebook လူမှုကွန်ရက်ပေါ်တွင်တင်ဆက်နေသည့် စာမျက်နှာများတွင် အခရာမှတင်ဆက်ထားသည့် ဆောင်းပါးများ၊ သတင်းများကို ခွင့်ပြုချက် တစ်စုံတစ်ရာ ရယူထားခြင်းမရှိဘဲ စီးပွားဖြစ် ကူးယူသုံးစွဲနေသည်များကို တွေ့ရှိနေရပါသည်။ အခရာစာမျက်နှာအား တစ်ဦးတစ်ယောက်ချင်း ဝေမျှသည်ကို အသိအမှတ်ပြုကျေးဇူးတင်သော်လည်း စီပွားဖြစ်တည်ထောင်ထားသည့် စာမျက်နှာများ၊ ဝက်ဘ်ဆိုက်များတွင် ကူးယူတင်ဆက်နေသည်များကိုမူ ပြင်းထန်စွာကန့်ကွက်ပါသည်။ သို့ဖြစ်ပါ၍ အခရာမီဒီယာမှတင်ဆက်နေသည့် အကြောင်းအရာများထဲမှ စာသားအချို့ကိုဖြစ်စေ ၊ အပုဒ်လိုက်ဖြစ်စေ ၊ တစ်ပိုဒ်ခြင်းဖြစ်စေ ကူးယူသုံးစွဲခြင်းမပြုရန်နှင့် ဆက်လက်ပြုလုပ်ပါက ခိုးယူသုံးစွဲနေသည့် စာမျက်နှာများကို အမည်နှင့်တကွ အများသိစေရန်ကြေညာသွားမည်ဖြစ်ပြီး ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း သတိပေးကြေညာအပ်ပါသည်။