[Zawgyi]




www.akhayar.com

[Unicode]

ဆိုက်ကားလေးပေါ်ထိုင်ရင်း ပရိသတ်ကို အသိပညာ ပေးလိုက်တဲ့ နန်းဆုရတီစိုး

အရင်ခေတ်ကဆိုရင် နောက်ဖေးလမ်းကြားမှာထွက်ပြီး လူကြီးတွေ သတင်းစာဖတ်၊ ကလေးတွေလည်း ဆော့ကစားလို့ရတယ်ဆိုတာ ကြားခဲ့ဖူးပါတယ်။ အခုခေတ်ရန်ကုန်မြို့ကြီးကတော့ သိတဲ့အတိုင်းပါပဲ၊ နောက်ဖေးမှာ အမှိုက်တွေပုံ၊ ရေဆိုးတွေနဲ့ ကြွက်တွေနဲ့ပါ။ ဘယ်လိုပဲ စည်ပင်က ရှင်းရှင်း အပေါ်ထပ်ကနေ အမှိုက်ပစ်ချတာတို့၊ အနီးနားအိမ်က စည်းကမ်းမဲ့အမှိုက်ပုံတာမျိုးနဲ့ ပြန်ပွမြဲပါပဲ။ တကယ်လို့ နောက်ဖေးလမ်းကြားလေးသာ သန့်ရှင်းပြီး သပ်ရပ်နေမယ်ဆိုရင် ကလေးတွေ အပြင်ထွက်ဆော့လို့ ရမယ်၊ အနားယူအပန်းဖြေလို့ ရမယ်ဆိုတာကို နန်းဆုရတီစိုးက ဒီပုံလေးတွေနဲ့ သက်သေပြထားပါတယ်။

ပရိသတ်ကြီးရော.. ကိုယ့်အိမ်နောက်ဖေးလမ်းကြားမြေကွက်လပ်လေးတွေကို အခုလို သန့်ရှင်းသပ်ရပ်ကြည်နူးစရာအဖြစ် အသွင်မပြောင်းချင်ကြဘူးလား၊ လူညီပြီး စည်းကမ်းရှိရင် ရနိုင်ပါတယ်နော်။

www.akhayar.com

Photo Credit : Nan Su Yati Soe & Alinn Yaung Photography