[Zawgyi]

ဂ်ပန္ကေနေတာင္ခ်က္ခ်င္းျပန္လာခ်င္တယ္ လို႕ ေျပာလိုက္တဲ့ “ည” မင္းသမီး နန္းထေရစီ

ည ရုပ္ရွင္ဇာတ္ကားကို ျပန္လည္ကာရံုတင္ျပသေနၿပီ ျဖစ္တဲ့ အတြက္ ဂ်ပန္မွာ သြားေရာက္ပညာသင္ယူေနတဲ့ မင္းသမီးေလး နန္းထေရစီ က ခ်က္ခ်င္းေတာင္ ျမန္မာျပည္က ပရိသတ္ေတြဆီ ကို ျပန္လာခ်င္မိတယ္လို႕သူမရဲ႕ လူမႈကြန္ရက္ေပၚမွာ ေရးသားထားပါတယ္။

ညဇာတ္လမ္းထဲမွ မင္းသမီးေလး နန္းထေရစီ

ညဇာတ္လမ္းထဲမွ မင္းသမီးေလး နန္းထေရစီ

“ဒီေန႔ ( ည) ကားေလးရံုျပန္တင္ျဖစ္လို႔ အရမ္းဝမ္းသာမိတယ္ ၿပီးေတာ့ရံုျပည့္လာၾကည့္ၾကတယ္ၾကားလို႔ အရမ္းေက်းဇူးတင္မိပါတယ္အကုန္လံုးအခုလိုမ်ိဳးလာေရာက္အားေပးၾကလို႔အရမ္းဝမ္းသာပါတယ္
ၿပီးေတာ့Tracy ဂ်ပန္မွာေရာက္ေနလို႔ ပရိသတ္ေတြနဲ႔အတူတူရွိမေနႏိုင္လို႔စိတ္မေကာင္းပါဘူး ျဖစ္ႏိုင္ရင္ခုခ်က္ခ်င္းေတာင္ျပန္လာခ်င္တယ္ 😭😭😭” လို႕ေရးထားတာလည္း ျဖစ္ပါတယ္။

ဒါရိုက္တာထူးပိုင္ေဇာ္ဦး နွင့္ နန္းထေရစီ

ဒါရိုက္တာထူးပိုင္ေဇာ္ဦး နွင့္ နန္းထေရစီ

ည ရုပ္ရွင္ ဇာတ္ကားကို နွစ္ဆန္းနွစ္ရက္ေန႕ က စတင္ၿပီး JCGV ရုပ္ရွင္ရံုေတြမွာ ျပသေနတာျဖစ္ပါတယ္။ ည ရုပ္ရွင္ဇာတ္ကားဟာ မ်က္နွာသစ္အနုပညာရွင္ေတြ ပါဝင္သရုပ္ေဆာင္ထားၿပီး ဒါရိုက္တာထူးပိုင္ေဇာ္ဦးရဲ႕ ပထမဆံုး ရုပ္ရွင္ဇာတ္ကားလို႕ေျပာရင္လည္း မမွားပါဘူး။ နန္းထေရစီ ဟာ ည ဇာတ္ကားနဲ႕ ပထမ ဆံုး ပရိသတ္ရင္ထဲ ကို ဝင္ေရာက္လာတဲ့ မင္းသမီးေလးျဖစ္ၿပီး ယခင္က အဆိုေတာ္ စိုင္းစိုင္းခမ္းလိႈင္ရဲ႕ MTV တစ္ခုမွာ ပါဝင္သရုပ္ေဆာင္ဖူးရာကေန အနုပညာ လမ္းေၾကာင္းေပၚကို စတင္ေရာက္ရွိခဲ့တာျဖစ္တယ္ လို႕လည္း သိရပါတယ္။

Photo Credit:Nang Tracy Facebook

ၾကည္သာ (Akhayar)

www.akhayar.com
[Unicode]

ဂျပန်ကနေတောင်ချက်ချင်းပြန်လာချင်တယ် လို့ ပြောလိုက်တဲ့ “ည” မင်းသမီး နန်းထရေစီ

ည ရုပ်ရှင်ဇာတ်ကားကို ပြန်လည်ကာရုံတင်ပြသနေပြီ ဖြစ်တဲ့ အတွက် ဂျပန်မှာ သွားရောက်ပညာသင်ယူနေတဲ့ မင်းသမီးလေး နန်းထရေစီ က ချက်ချင်းတောင် မြန်မာပြည်က ပရိသတ်တွေဆီ ကို ပြန်လာချင်မိတယ်လို့သူမရဲ့ လူမှုကွန်ရက်ပေါ်မှာ ရေးသားထားပါတယ်။

ညဇာတ်လမ်းထဲမှ မင်းသမီးလေး နန်းထရေစီ

ညဇာတ်လမ်းထဲမှ မင်းသမီးလေး နန်းထရေစီ

“ဒီနေ့ ( ည) ကားလေးရုံပြန်တင်ဖြစ်လို့ အရမ်းဝမ်းသာမိတယ် ပြီးတော့ရုံပြည့်လာကြည့်ကြတယ်ကြားလို့ အရမ်းကျေးဇူးတင်မိပါတယ်အကုန်လုံးအခုလိုမျိုးလာရောက်အားပေးကြလို့အရမ်းဝမ်းသာပါတယ်
ပြီးတော့Tracy ဂျပန်မှာရောက်နေလို့ ပရိသတ်တွေနဲ့အတူတူရှိမနေနိုင်လို့စိတ်မကောင်းပါဘူး ဖြစ်နိုင်ရင်ခုချက်ချင်းတောင်ပြန်လာချင်တယ် 😭😭😭” လို့ရေးထားတာလည်း ဖြစ်ပါတယ်။

ဒါရိုက်တာထူးပိုင်ဇော်ဦး နှင့် နန်းထရေစီ

ဒါရိုက်တာထူးပိုင်ဇော်ဦး နှင့် နန်းထရေစီ

ည ရုပ်ရှင် ဇာတ်ကားကို နှစ်ဆန်းနှစ်ရက်နေ့ က စတင်ပြီး JCGV ရုပ်ရှင်ရုံတွေမှာ ပြသနေတာဖြစ်ပါတယ်။ ည ရုပ်ရှင်ဇာတ်ကားဟာ မျက်နှာသစ်အနုပညာရှင်တွေ ပါဝင်သရုပ်ဆောင်ထားပြီး ဒါရိုက်တာထူးပိုင်ဇော်ဦးရဲ့ ပထမဆုံး ရုပ်ရှင်ဇာတ်ကားလို့ပြောရင်လည်း မမှားပါဘူး။ နန်းထရေစီ ဟာ ည ဇာတ်ကားနဲ့ ပထမ ဆုံး ပရိသတ်ရင်ထဲ ကို ဝင်ရောက်လာတဲ့ မင်းသမီးလေးဖြစ်ပြီး ယခင်က အဆိုတော် စိုင်းစိုင်းခမ်းလှိုင်ရဲ့ MTV တစ်ခုမှာ ပါဝင်သရုပ်ဆောင်ဖူးရာကနေ အနုပညာ လမ်းကြောင်းပေါ်ကို စတင်ရောက်ရှိခဲ့တာဖြစ်တယ် လို့လည်း သိရပါတယ်။

Photo Credit:Nang Tracy Facebook

ကြည်သာ (Akhayar)

www.akhayar.com