[Zawgyi]
“The man i love the most
နဒီထွဋ်ဆွေ
ကြည်သာ (Akhayar)
www.akhayar.com
[Unicode]
အစ်ကို ဖြစ်သူ အကြောင်းတွေကို ရင်ဖွင့်ခဲ့တဲ့ ကျော်ထွဋ်ဆွေရဲ့ညီမနဒီထွဋ်ဆွေ
ကျော်ထွဋ်ဆွေရဲ့ ညီမလေးဖြစ်သူ နဒီထွဋ်ဆွေ က သူမရဲ့အစ်ကို ကို အရမ်းချစ်မိတယ်ဆိုပြီးတော့ သူမရဲ့လူမှုကွန်ရက်မှာဖော်ပြခဲ့ပါတယ်။ အခုလို အစ်ကို ဖြစ်သူ က ဂရုစိုက်ချစ်ခင်ပေးလို့ သူမအနေနဲ့လည်း အစ်ကိုကို ချစ်ခင်ရတာပါဆိုပြီးတော့ရေးသားခဲ့တာဖြစ်ပါတယ်။ သူတို့မောင်နှမ နှစ်ယောက်တစ်ယောက်ကို တစ်ယောက်ဘယ်လိုတွေဖေးမကူညီလို့ ချစ်ခင်ကြတယ်ဆိုတာကိုလည်း ပရိသတ်ကြီးသိရှိနိုင်အောင်ပြန်လည်ဝေမျှပေးလိုက်ပါတယ်။
“The man i love the most
ချစ်လာလို့ဒီစာလေးရေးလိုက်တယ်..ဘဝမှာဒီလိုအစ်ကိုမျိုးရထားတာတစ်ကယ်ကျေးဇူးတင်မိတယ်။နေ့တိုင်းအနားလာပြီး “အငယ်လေးအဆင်ပြေလား?အငယ်လေးအခြေအနေ?” ဆိုပြီးအမြဲမေးတယ်။ အပြင်ကပြန်ရောက်တိုင်း”အငယ်လေး”ဆိုပြီးခေါ်တာလေးအရမ်းချစ်တယ်”
နဒီထွဋ်ဆွေ
“မှတ်မှတ်ရရတစ်ခါကညဘက်ကြီးအသဲကွဲပြီးငိုနေတာတစ်ယောက်တည်းအခန်းထဲမှာ သူ့ကို ”Where r u now? I’m crying and i need ur hug”ဆိုပြီးပို့လိုက်တာ”ကိုကြီးကအလုပ်ကိစ္စရှိလို့အပြင်သွားနေတာပြန်လှည့်လာခဲ့မယ်အခု”ဆိုပြီးအိမ်တစ်ခေါက်ပြန်လာပြီး လာဖက်ပေးရှာတယ်။ပြီးမှသူသွားစရာရှိတာကိုသွားဖို့ပြန်ထွက်သွားခဲ့တယ်။အမြဲတမ်းအလိုလိုက်ပြီးချစ်ပေးရှာတယ်။အငယ်လေးကို ကိုကြီးအရမ်းချစ်သလို အငယ်လေးကလည်းကိုကြီးကိုအရမ်းချစ်ပါတယ်။”
ကျော်ထွဋ်ဆွေနဲ့ သူရဲ့မိခင်
ကျော်ထွဋ်ဆွေ တို့မောင်နှမ နှစ်ယောက်တစ်ယောက်ကိုတစ်ယောက်ချစ်ခင်ကြတာကို ကြည့်ရတာဟာ အားကျစရာပါ။ ညီအစ်မတွေ ညီအစ်ကို တွေမှာသာ တစ်ယောက်ကိုတစ်ယောက် အတော်ချစ်ခင်ကြတယ်ဆိုတာကို တွေ့ဖူးပေမယ်လည်း မောင်နှမတွေဒီလိုချစ်ကြတာကတော့ တကယ်ကို ရှားပါတယ်။ ဘာပဲပြောပြော သူတို့မောင်နှမ ကိုကြည့်ရင်း အစ်ကိုတစ်ယောက်တော့လိုချင်မိသွားတာအမှန်ပါပဲ။
Photo Credit: Nandi Htut Swe Facebook ၊ Kyaw Htut Swe Facebook
ကြည်သာ (Akhayar)
www.akhayar.com