[Zawgyi]

ရိုက္ျပီးခ်က္ခ်င္းမထုတ္ႏိုင္တဲ့အခက္အခဲေလးေတြေၾကာင့္ပရိသတ္နဲ႔အဆက္သြယ္ ပ်က္မွာ စိုးတယ္လို႕နန္းဆုဦးေျပာ

က်ရာဇတ္ရုပ္ကို ပီပီျပင္ျပင္သရုပ္ေဆာင္တတ္တဲ့ နန္းဆုဦးကသူႀကိဳးစားထားရ သေလာက္ ရိုက္ထားၿပီးသား တစ္ခ်ိဳ႕ကားေတြရဲ႕ပရိုဂ်ဴဆာေတြအေနနဲ႔ ခ်က္ခ်င္းမထုတ္ႏိုင္လို႔ ပရိသတ္ေရွ႕ေရာက္မလာတာေၾကာင့္ ႀကိဳးစားမႈအရာမထင္ဘူးလို႔ ေျပာၾကားလိုက္ပါတယ္။

“ရုပ္ရွင္ကားႀကီးေတြကရိုက္ၿပီးလို႔ရုံတင္မယ္ဆိုသိတဲ့အတိုင္း၂ႏွစ္ျဖစ္ခ်င္ျဖစ္မယ္။ ဗီဒီယိုက်ေတာ့ ၄လေနရင္ ထြက္ တယ္။ အခုက်ေတာ့ ၈လနဲ႔လည္းမထြက္ဘူး။ ၁ႏွစ္နဲ႔လည္းမထြက္ဘူး။ ဗီဒီယိုပရိုဂ်ဴဆာေတြရိုက္ၿပီးရင္ ခ်က္ခ်င္းမ ထုတ္ႏိုင္တဲ့ အခက္အခဲေလးေတြရိွေတာ့ အႏုပညာရွင္နဲ႔ ပရိသတ္ၾကား အဆက္ အသြယ္ျပတ္သ လိုမ်ိဳးေတာ့ ျဖစ္ သြား တာေပါ့။ နန္းဆုကေတာ့ ပုံမွန္ေလးရိုက္ျဖစ္ေနပါတယ္။ ျပႆနာကဘာလဲဆိုရင္ ရိုက္ေတာ့ရိုက္ေနရတာပဲ။ ဒါေပမယ့္ကားေတြ ကမထြက္လာဘူး။ တစ္ခ်ိဳ႕ကားေတြဆို ခ်န္နယ္ေတြကို ေရာင္းလိုက္တယ္လို႔ ၾကားတယ္။ တစ္ခ်ိဳ႕ေတြက်ေတာ့လည္း ရိုက္ကူးၿပီးရင္မထုတ္ေသးတာ လားမသိပါဘူး” လို႔ ဆုိပါတယ္။

နန္းဆုဦး

နန္းဆုဦး

ပရိသတ္ေတြနဲ႔လည္း ဗီဒီယိုကားေတြကေနတဆင့္ အဆက္အသြယ္မျပတ္ေစခ်င္တဲ့အတြက္လဲ သူ႔အေနနဲ႔ ကာရိုက္ တာေရြးခ်ယ္မႈကို အမ်ားၾကီးျပဳလုပ္ေလ့မရွိဘူးလို႔လည္း ဆက္လက္ေျပာျပပါတယ္။

“နန္းဆုကေတာ့ နန္းဆုပရိသတ္ေတြ နဲ႔ဒီမီဒီယာကေနပဲျဖစ္ျဖစ္၊ တစ္ျခား activities နဲ႔ပဲျဖစ္ျဖစ္၊ ေဖ့ဘြတ္ ကေနပဲျဖစ္ျဖစ္ အဆက္အသြယ္ကေတာ့ ရိွပါတယ္။ နန္းဆုရဲ႕အႏုပညာအေနနဲ႔ ခ်ျပဖို႔က်ေတာ့မထြက္ လာဘူး ေပါ့ေနာ္။ ပရိသတ္ေတြကို ဗီဒီယိုနဲ႔အဆက္ အသြယ္မျပတ္ခ်င္ဘူး။ ကာရိုက္တာကို အရမ္းႀကီးေရြးခ်ယ္တာမ်ိဳး မဟုတ္ဘဲနဲ႔ေရာက္လာတဲ့ကာရိုက္တာကိုပဲ အေကာင္းဆုံးလုပ္တယ္။ ရုပ္ရွင္က်ေတာ့ တာ၀န္လည္းပိုႀကီးတယ္။ နန္းဆုမႏိုင္တဲ့တာ၀န္မ်ိဳးဆိုရင္ေတာ့ တာ၀န္မယူခ်င္ဘူးေပါ့ေနာ္။ နန္းဆုရယ္ဒီျဖစ္တဲ့ကာရိုက္တာမ်ိဳး ပရိသတ္ေတြ ကိုအေကာင္းဆုံး တင္ျပႏိုင္မယ့္ ဟာမ်ိဳးဆိုနန္းဆုလုပ္ပါတယ္။ ရုပ္ရွင္ကားႀကီးဆိုရင္ေတာ့ကာရိုက္တာေရြး ခ်ယ္ၿပီးမွ လက္ခံရိုက္ကူးျဖစ္ပါတယ္”လို႔ဆိုပါတယ္။နန္းဆုဦးဟာ လတ္တေလာမွာေတာ့ ဗီဒီယိုကားေတြနဲ႔ ရုပ္ရွင္ကားႀကီးေတြရိုက္ကူးသြားဖို႔ရိွတယ္လို႔ သိရပါတယ္။

Photo Credit:Nan Su Oo Facebook

www.akhayar.com
[Unicode]

ရိုက်ပြီးချက်ချင်းမထုတ်နိုင်တဲ့အခက်အခဲလေးတွေကြောင့်ပရိသတ်နဲ့အဆက်သွယ် ပျက်မှာ စိုးတယ်လို့နန်းဆုဦးပြော

ကျရာဇတ်ရုပ်ကို ပီပီပြင်ပြင်သရုပ်ဆောင်တတ်တဲ့ နန်းဆုဦးကသူကြိုးစားထားရ သလောက် ရိုက်ထားပြီးသား တစ်ချို့ကားတွေရဲ့ပရိုဂျူဆာတွေအနေနဲ့ ချက်ချင်းမထုတ်နိုင်လို့ ပရိသတ်ရှေ့ရောက်မလာတာကြောင့် ကြိုးစားမှုအရာမထင်ဘူးလို့ ပြောကြားလိုက်ပါတယ်။

“ရုပ်ရှင်ကားကြီးတွေကရိုက်ပြီးလို့ရုံတင်မယ်ဆိုသိတဲ့အတိုင်း၂နှစ်ဖြစ်ချင်ဖြစ်မယ်။ ဗီဒီယိုကျတော့ ၄လနေရင် ထွက် တယ်။ အခုကျတော့ ၈လနဲ့လည်းမထွက်ဘူး။ ၁နှစ်နဲ့လည်းမထွက်ဘူး။ ဗီဒီယိုပရိုဂျူဆာတွေရိုက်ပြီးရင် ချက်ချင်းမ ထုတ်နိုင်တဲ့ အခက်အခဲလေးတွေရှိတော့ အနုပညာရှင်နဲ့ ပရိသတ်ကြား အဆက် အသွယ်ပြတ်သ လိုမျိုးတော့ ဖြစ် သွား တာပေါ့။ နန်းဆုကတော့ ပုံမှန်လေးရိုက်ဖြစ်နေပါတယ်။ ပြဿနာကဘာလဲဆိုရင် ရိုက်တော့ရိုက်နေရတာပဲ။ ဒါပေမယ့်ကားတွေ ကမထွက်လာဘူး။ တစ်ချို့ကားတွေဆို ချန်နယ်တွေကို ရောင်းလိုက်တယ်လို့ ကြားတယ်။ တစ်ချို့တွေကျတော့လည်း ရိုက်ကူးပြီးရင်မထုတ်သေးတာ လားမသိပါဘူး” လို့ ဆိုပါတယ်။

နန်းဆုဦး

နန်းဆုဦး

ပရိသတ်တွေနဲ့လည်း ဗီဒီယိုကားတွေကနေတဆင့် အဆက်အသွယ်မပြတ်စေချင်တဲ့အတွက်လဲ သူ့အနေနဲ့ ကာရိုက် တာရွေးချယ်မှုကို အများကြီးပြုလုပ်လေ့မရှိဘူးလို့လည်း ဆက်လက်ပြောပြပါတယ်။

“နန်းဆုကတော့ နန်းဆုပရိသတ်တွေ နဲ့ဒီမီဒီယာကနေပဲဖြစ်ဖြစ်၊ တစ်ခြား activities နဲ့ပဲဖြစ်ဖြစ်၊ ဖေ့ဘွတ် ကနေပဲဖြစ်ဖြစ် အဆက်အသွယ်ကတော့ ရှိပါတယ်။ နန်းဆုရဲ့အနုပညာအနေနဲ့ ချပြဖို့ကျတော့မထွက် လာဘူး ပေါ့နော်။ ပရိသတ်တွေကို ဗီဒီယိုနဲ့အဆက် အသွယ်မပြတ်ချင်ဘူး။ ကာရိုက်တာကို အရမ်းကြီးရွေးချယ်တာမျိုး မဟုတ်ဘဲနဲ့ရောက်လာတဲ့ကာရိုက်တာကိုပဲ အကောင်းဆုံးလုပ်တယ်။ ရုပ်ရှင်ကျတော့ တာဝန်လည်းပိုကြီးတယ်။ နန်းဆုမနိုင်တဲ့တာဝန်မျိုးဆိုရင်တော့ တာဝန်မယူချင်ဘူးပေါ့နော်။ နန်းဆုရယ်ဒီဖြစ်တဲ့ကာရိုက်တာမျိုး ပရိသတ်တွေ ကိုအကောင်းဆုံး တင်ပြနိုင်မယ့် ဟာမျိုးဆိုနန်းဆုလုပ်ပါတယ်။ ရုပ်ရှင်ကားကြီးဆိုရင်တော့ကာရိုက်တာရွေး ချယ်ပြီးမှ လက်ခံရိုက်ကူးဖြစ်ပါတယ်”လို့ဆိုပါတယ်။နန်းဆုဦးဟာ လတ်တလောမှာတော့ ဗီဒီယိုကားတွေနဲ့ ရုပ်ရှင်ကားကြီးတွေရိုက်ကူးသွားဖို့ရှိတယ်လို့ သိရပါတယ်။

Photo Credit:Nan Su Oo Facebook

www.akhayar.com