[Zawgyi]
www.akhayar.com
[Unicode]
သင်္ကြန်ဆိုတာ ကိုယ်အရမ်းကြိုက်တဲ့ပွဲတော်လို့ဆိုတဲ့ နန်းဆုဦး
ဒီနှစ်သင်္ကြန်မှာရော သရုပ်ဆောင်နန်းဆုဦးက သင်္ကြန်နဲ့ပတ်သက်ပြီး ဘာတွေရင်ဖွင့်ပြောဆိုခဲ့သလဲဆိုတော့ “သင်္ကြန်မှာ ဘာလုပ်ဖြစ်မလဲ မသိသေးပါဘူး။ အခုထိကို မစဉ်းစားရသေးဘူး။ သင်္ကြန်နဲ့ပတ်သက်တဲ့ အမှတ်တရတွေကတော့ အများကြီးပဲ။ အမြဲရှိတာပေါ့။ သင်္ကြန်ဆိုတာ တစ်နှစ်မှတစ်ခါကြုံရတဲ့ နန်းဆုတို့ အရမ်းကြိုက်တဲ့ Festival ကြီးလေ။ သင်္ကြန်အစားအစာဆိုရင် မုန့်လုံးရေပေါ်ကြိုက်တယ်။ အရင်က ကိုယ်တွေလျှောက်လည်တုန်းက မဏ္ဍပ်တွေက အများကြီးပဲလေ။ ကန်တော်ကြီးပတ်လမ်းတို့၊ အင်းလျားကန်ဘောင်တို့ဆိုတာ မဏ္ဍပ်တွေ အပြည့်လေ အရမ်းပျော်ဖို့ကောင်းခဲ့တယ်။
ဒီနှစ်သင်္ကြန်မှာ အရင်တုန်းကလို လူငယ်တွေအတွက် မဏ္ဍပ်တွေ အများကြီးရှိမယ်ဆိုရင်တော့ ပိုပြီးပျော်စရာကောင်းမယ့်နှစ်လို့ ထင်ပါတယ်။ အားလုံးပျော်ကြမှာပေါ့။ နှစ်သစ်မှာ ပရိသတ်ကြီးအားလုံးပဲ စိတ်ချမ်းသာ၊ ကိုယ်ကျန်းမာရှိကြပြီး ပျော်စရာကောင်းတဲ့နှစ်သစ်ကို ပိုင်ဆိုင်နိုင်ပါစေ”လို့ ဆုတောင်းပေးပါတယ်။
Photo Credit:Nan Su Oo Facebook
www.akhayar.com