[Zawgyi]

ကားရုိက္က်ဲသြားရျခင္းနဲ႔ပတ္သက္ၿပီး ေျပာျပလာတဲ့ နန္းဆုဦး

မင္းသမီးထဲမွာ အေနေအးေဆးၿပီး ဖက္ရွင္နဲ႔ပတ္သက္ရင္လည္း အထာက်က်၀တ္စားတတ္သူျဖစ္သလို ဒီေန႔ထိ နာမည္ပ်က္မရိွတဲ့ မင္းသမီးတစ္လက္ဆိုရင္လည္းမမွားပါဘူး။ သူကေတာ့ သရုပ္ေဆာင္ နန္းဆုဦးပဲျဖစ္ပါတယ္။ လတ္တေလာမွာ ‘လၾကတ္ည’ဆိုတဲ့ ဗီဒီယိုကားေလးကို မင္းသား မင္းခန္႔ညီနဲ ့ရိုက္ကူးေနၿပီး ဒါရိုက္တာကေတာ့ ရာ၀င္အိုးပါ။

ဒီကားေလးမွာေတာ့ Nurse တစ္ေယာက္အျဖစ္ သရုပ္ေဆာင္ထားပါတယ္။ Nurse ပီပီ လူေတြကို စာနာတတ္တယ္။ ဂရုစိုက္တတ္တဲ့ သူမ်ိဳးေလးေပါ့။ လတ္တေလာမွာ “Cheese ကိတ္” ဆိုတဲ့ ဟာသကားေလးထြက္ဖို႔ရိွမယ္။ ေနာက္တစ္ကားက ဦးလူမင္းနဲ႔တစ္ကားထြက္မယ္။ ဒီႏွစ္ထဲမွာ ရုပ္ရွင္ကားႀကီးတစ္ကားရိုက္ဖို႔ေတာ့ရိွတယ္။ နန္းဆုကားရိုက္က်ဲသြားတာကေလ ဇာတ္တစ္ခုကိုၾကည့္ၿပီးေရြးခ်ယ္ေနလို့ပါ။ဇာတ္လမ္းကို အရင္ၾကည့္တယ္။ ကိုယ့္အတြက္ လုပ္ပိုင္ခြင့္ရိွတဲ့ ဇာတ္မ်ိဳးျဖစ္ရမယ္။ လုပ္ကြက္ရိွရမယ္။ လုပ္ကြက္နည္းၿပီး အခန္းအရမ္းမ်ားတာကိုလည္း မလိုခ်င္ဘူး။

အဲလိုေတြေၾကာင့္လည္း လက္မခံျဖစ္ပဲ မရိုက္ျဖစ္တာမ်ားတယ္။ ကိုယ့္အတြက္လုပ္ပိုင္ခြင့္နဲ႔ လုပ္ကြက္သာရိွမယ္ဆိုရင္ အခန္းနည္းရင္နည္းပါေစ။ လက္ခံရိုက္ကူးျဖစ္ပါတယ္တဲ့။ သူမရဲ႕အခ်စ္ေရးနဲ႔ ပတ္သက္ၿပီးေတာ့လည္း ေလာေလာဆယ္ အခ်စ္ေရးနဲ႔ပတ္သက္ၿပီး ေျပာစရာဘာမွကိုမရိွဘူးျဖစ္ေနတယ္။ တစ္ေန႔တစ္ေန႔ အႏုပညာအလုပ္ေတြနဲ႔ပဲ အခ်ိန္ကုန္ေနတာေလ။ အခ်စ္ေရးကရိွလာၿပီဆိုရင္လည္း ပရိသတ္ေတြကိုခ်ျပမွာပါဆိုၿပီး ဖြင့္ဟခဲ့ပါေသးတယ္။

www.akhayar.com

Facebook လူမႈကြန္ရက္ေပၚတြင္တင္ဆက္ေနသည့္ စာမ်က္ႏွာမ်ားတြင္ အခရာမွတင္ဆက္ထားသည့္ ေဆာင္းပါးမ်ား၊ သတင္းမ်ားကို ခြင့္ျပဳခ်က္ တစ္စုံတစ္ရာ ရယူထားျခင္းမရွိဘဲ စီးပြားျဖစ္ ကူးယူသုံးစြဲေနသည္မ်ားကို ေတြ႕ရွိေနရပါသည္။ အခရာစာမ်က္ႏွာအား တစ္ဦးတစ္ေယာက္ခ်င္း ေဝမွ်သည္ကို အသိအမွတ္ျပဳေက်းဇူးတင္ေသာ္လည္း စီပြားျဖစ္တည္ေထာင္ထားသည့္ စာမ်က္ႏွာမ်ား၊ ဝက္ဘ္ဆိုက္မ်ားတြင္ ကူးယူတင္ဆက္ေနသည္မ်ားကိုမူ ျပင္းထန္စြာကန႔္ကြက္ပါသည္။ သို႔ျဖစ္ပါ၍ အခရာမီဒီယာမွတင္ဆက္ေနသည့္ အေၾကာင္းအရာမ်ားထဲမွ စာသားအခ်ိဳ႕ကိုျဖစ္ေစ ၊ အပုဒ္လိုက္ျဖစ္ေစ ၊ တစ္ပိုဒ္ျခင္းျဖစ္ေစ ကူးယူသုံးစြဲျခင္းမျပဳရန္ႏွင့္ ဆက္လက္ျပဳလုပ္ပါက ခိုးယူသုံးစြဲေနသည့္ စာမ်က္ႏွာမ်ားကို အမည္ႏွင့္တကြ အမ်ားသိေစရန္ေၾကညာသြားမည္ျဖစ္ၿပီး ဥပေဒအရ အေရးယူမည္ျဖစ္ေၾကာင္း သတိေပးေၾကညာအပ္ပါသည္။

[Unicode]

ကားရိုက်ကျဲသွားရခြင်းနဲ့ပတ်သက်ပြီး ပြောပြလာတဲ့ နန်းဆုဦး

မင်းသမီးထဲမှာ အနေအေးဆေးပြီး ဖက်ရှင်နဲ့ပတ်သက်ရင်လည်း အထာကျကျဝတ်စားတတ်သူဖြစ်သလို ဒီနေ့ထိ နာမည်ပျက်မရှိတဲ့ မင်းသမီးတစ်လက်ဆိုရင်လည်းမမှားပါဘူး။ သူကတော့ သရုပ်ဆောင် နန်းဆုဦးပဲဖြစ်ပါတယ်။ လတ်တလောမှာ ‘လကြတ်ည’ဆိုတဲ့ ဗီဒီယိုကားလေးကို မင်းသား မင်းခန့်ညီနဲ့ရိုက်ကူးနေပြီး ဒါရိုက်တာကတော့ ရာဝင်အိုးပါ။

ဒီကားလေးမှာတော့ Nurse တစ်ယောက်အဖြစ် သရုပ်ဆောင်ထားပါတယ်။ Nurse ပီပီ လူတွေကို စာနာတတ်တယ်။ ဂရုစိုက်တတ်တဲ့ သူမျိုးလေးပေါ့။ လတ်တလောမှာ “Cheese ကိတ်” ဆိုတဲ့ ဟာသကားလေးထွက်ဖို့ရှိမယ်။ နောက်တစ်ကားက ဦးလူမင်းနဲ့တစ်ကားထွက်မယ်။ ဒီနှစ်ထဲမှာ ရုပ်ရှင်ကားကြီးတစ်ကားရိုက်ဖို့တော့ရှိတယ်။ နန်းဆုကားရိုက်ကျဲသွားတာကလေ ဇာတ်တစ်ခုကိုကြည့်ပြီးရွေးချယ်နေလို့ပါ။ဇာတ်လမ်းကို အရင်ကြည့်တယ်။ ကိုယ့်အတွက် လုပ်ပိုင်ခွင့်ရှိတဲ့ ဇာတ်မျိုးဖြစ်ရမယ်။ လုပ်ကွက်ရှိရမယ်။ လုပ်ကွက်နည်းပြီး အခန်းအရမ်းများတာကိုလည်း မလိုချင်ဘူး။

အဲလိုတွေကြောင့်လည်း လက်မခံဖြစ်ပဲ မရိုက်ဖြစ်တာများတယ်။ ကိုယ့်အတွက်လုပ်ပိုင်ခွင့်နဲ့ လုပ်ကွက်သာရှိမယ်ဆိုရင် အခန်းနည်းရင်နည်းပါစေ။ လက်ခံရိုက်ကူးဖြစ်ပါတယ်တဲ့။ သူမရဲ့အချစ်ရေးနဲ့ ပတ်သက်ပြီးတော့လည်း လောလောဆယ် အချစ်ရေးနဲ့ပတ်သက်ပြီး ပြောစရာဘာမှကိုမရှိဘူးဖြစ်နေတယ်။ တစ်နေ့တစ်နေ့ အနုပညာအလုပ်တွေနဲ့ပဲ အချိန်ကုန်နေတာလေ။ အချစ်ရေးကရှိလာပြီဆိုရင်လည်း ပရိသတ်တွေကိုချပြမှာပါဆိုပြီး ဖွင့်ဟခဲ့ပါသေးတယ်။

www.akhayar.com

Facebook လူမှုကွန်ရက်ပေါ်တွင်တင်ဆက်နေသည့် စာမျက်နှာများတွင် အခရာမှတင်ဆက်ထားသည့် ဆောင်းပါးများ၊ သတင်းများကို ခွင့်ပြုချက် တစ်စုံတစ်ရာ ရယူထားခြင်းမရှိဘဲ စီးပွားဖြစ် ကူးယူသုံးစွဲနေသည်များကို တွေ့ရှိနေရပါသည်။ အခရာစာမျက်နှာအား တစ်ဦးတစ်ယောက်ချင်း ဝေမျှသည်ကို အသိအမှတ်ပြုကျေးဇူးတင်သော်လည်း စီပွားဖြစ်တည်ထောင်ထားသည့် စာမျက်နှာများ၊ ဝက်ဘ်ဆိုက်များတွင် ကူးယူတင်ဆက်နေသည်များကိုမူ ပြင်းထန်စွာကန့်ကွက်ပါသည်။ သို့ဖြစ်ပါ၍ အခရာမီဒီယာမှတင်ဆက်နေသည့် အကြောင်းအရာများထဲမှ စာသားအချို့ကိုဖြစ်စေ ၊ အပုဒ်လိုက်ဖြစ်စေ ၊ တစ်ပိုဒ်ခြင်းဖြစ်စေ ကူးယူသုံးစွဲခြင်းမပြုရန်နှင့် ဆက်လက်ပြုလုပ်ပါက ခိုးယူသုံးစွဲနေသည့် စာမျက်နှာများကို အမည်နှင့်တကွ အများသိစေရန်ကြေညာသွားမည်ဖြစ်ပြီး ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း သတိပေးကြေညာအပ်ပါသည်။