[Zawgyi]

ဒါရိုက္တာျဖစ္ခ်င္တယ္လို႔ဆိုလာတဲ့ သရုပ္ေဆာင္နန္းဆုဦး

သရုပ္ေဆာင္နန္းဆုဦးက “မဟူရာရုပ္ရွင္ရံု”ရုပ္ရွင္ဇာတ္ကားႀကီးထဲမွာ ဒါရိုက္တာျဖစ္ခ်င္တဲ့ေကာင္မေလးတစ္ေယာက္ရဲ႕ ဇာတ္ေကာင္ေနရာကေန ပါဝင္သရုပ္ေဆာင္သြားမွာျဖစ္ေၾကာင္းကို ေျပာပါတယ္။ “ ဒီဇာတ္ကားေလးရဲ႕ဇာတ္ညႊန္းကိုဖတ္ၾကည့္တယ္။ ဖတ္ေတာ့ သေဘာက်တယ္။ ခပ္ၾကမ္းၾကမ္းနဲ႔ ထိတ္လန္႔ေျခာက္ျခားစရာေကာင္းတဲ့ သရဲကားလိုမ်ိဳးဆိုေတာ့ ကိုယ္လည္းရိုက္ခ်င္တယ္။ ထိတ္လန္႔ေျခာက္ျခားစရာဇာတ္ကားျဖစ္ေပမယ့္ ဇာတ္လမ္းဇာတ္အိမ္ေလးက ေကာင္းတယ္။ ဒီရုပ္ရွင္ကားထဲမွာညီမရဲ႕ဇာတ္ေကာင္က အႏုပညာကိုဝါသနာပါတဲ့ ေကာင္မေလး၊ ဒါရိုက္တာျဖစ္ခ်င္တဲ့သူေပ့ါ။ ဒါရိုက္တာအလုပ္ကို အရမ္းကိုဝါသနာပါတယ္။ ေနာက္တစ္ခုကက်ေတာ့ တျခားႏိုင္ငံကမင္းသမီးတစ္ေယာက္လည္းပါတယ္။ အဲဒီအတြက္ ညီမအေနနဲ႔ အေတြ႔အႀကံဳေကာင္းတစ္ခုလည္းရတယ္။ တျခားႏိုင္ငံက ညီမတို႔ႏုိင္ငံမွာလုပ္ေနတဲ့ အႏုပညာအလုပ္ေတြကို သတိျပဳမိမယ္။ ညီမတို႔အေနနဲ႔လည္း သူတို႔ရဲ႕အႏုပညာေတြကို ေလ့လာလို႔ရတယ္ေပ့ါ။ ဒီဇာတ္ကားက သရဲကားကိုႀကိဳက္တဲ့သူေတြအတြက္ကေတာ့ တကယ့္ကိုေကာင္းတဲ့ ဇာတ္ကားတစ္ကား ထြက္ေပၚလာမွာပါ” ရုပ္ရွင္ဇာတ္ကားနဲ႔ပတ္သက္ၿပီး နန္းဆုဦးကေျပာျပပါတယ္။

သရုပ္ေဆာင္နန္းဆုဦးအေနနဲ႔ လြန္ခဲ့တဲ့ဆယ္ႏွစ္ေလာက္ကအျဖစ္အပ်က္ကို ရိုက္ကူးရမွာဆိုေတာ့ ႀကိဳတင္ျပင္ဆင္မႈေတြကေရာ ဘယ္လိုေတြျပဳလုပ္သြားဦးမလဲလို႔ ေမးၾကည့္ရာ“ ႀကိဳတင္ျပင္ဆင္မႈအပိုင္းကေတာ့ ဒါရိုက္တာက ဇာတ္လမ္းစေပးတဲ့အခ်ိန္မွာ၊ တစ္ဖြဲ႕သားလံုး ေဆြးေႏြးပြဲလုပ္တယ္။ ဒါရိုက္တာက သူလုိခ်င္တဲ့ဇာတ္ေကာင္ေတြကိုေျပာတယ္။ ၂၀၁၂ မွာျဖစ္တဲ့အျဖစ္အပ်က္ကိုရိုက္တာဆိုေတာ့ အဲဒီအခ်ိန္တုန္းကဖက္ရွင္ဒီဇိုင္းနဲ႔ ညီမရဲ႕သရုပ္ေဆာင္ရမယ့္ဇာတ္ေကာင္ကို ညွိရတယ္။ ၿပီးေတာ့ ဒါရိုက္တာလိုခ်င္တဲ့ ကာလာေလးေတြ၊ ပံုစံေလးေတြျပင္ဆင္တယ္။ ဒါက အဝတ္အစားဒီဇိုင္းပိုင္းျပင္ဆင္မႈပါ။ ဇာတ္ေကာင္ပိုင္းကက်ေတာ့ ဒါရိုက္တာက သူလိုခ်င္တဲ့ဇာတ္ေကာင္ရဲ႕ အေၾကာင္းအရာေတြ စီစစ္ခ်က္ေတြကို ပို႔ေပးထားတယ္။ အဲဒါေတြကို ဖတ္ၾကည့္တယ္။ ဒါရိုက္တာနဲ႔တိုင္ပင္ၿပီးေတာ့ပဲလုပ္ျဖစ္တယ္” လို႔ ေျပာပါတယ္။

www.akhayarmedia.com

Facebook လူမႈကြန္ရက္ေပၚတြင္တင္ဆက္ေနသည့္ စာမ်က္ႏွာမ်ားတြင္ အခရာမွတင္ဆက္ထားသည့္ ေဆာင္းပါးမ်ား၊ သတင္းမ်ားကို ခြင့္ျပဳခ်က္ တစ္စုံတစ္ရာ ရယူထားျခင္းမရွိဘဲ စီးပြားျဖစ္ ကူးယူသုံးစြဲေနသည္မ်ားကို ေတြ႕ရွိေနရပါသည္။ အခရာစာမ်က္ႏွာအား တစ္ဦးတစ္ေယာက္ခ်င္း ေဝမွ်သည္ကို အသိအမွတ္ျပဳေက်းဇူးတင္ေသာ္လည္း စီပြားျဖစ္တည္ေထာင္ထားသည့္ စာမ်က္ႏွာမ်ား၊ ဝက္ဘ္ဆိုက္မ်ားတြင္ ကူးယူတင္ဆက္ေနသည္မ်ားကိုမူ ျပင္းထန္စြာကန႔္ကြက္ပါသည္။ သို႔ျဖစ္ပါ၍ အခရာမီဒီယာမွတင္ဆက္ေနသည့္ အေၾကာင္းအရာမ်ားထဲမွ စာသားအခ်ိဳ႕ကိုျဖစ္ေစ ၊ အပုဒ္လိုက္ျဖစ္ေစ ၊ တစ္ပိုဒ္ျခင္းျဖစ္ေစ ကူးယူသုံးစြဲျခင္းမျပဳရန္ႏွင့္ ဆက္လက္ျပဳလုပ္ပါက ခိုးယူသုံးစြဲေနသည့္ စာမ်က္ႏွာမ်ားကို အမည္ႏွင့္တကြ အမ်ားသိေစရန္ေၾကညာသြားမည္ျဖစ္ၿပီး ဥပေဒအရ အေရးယူမည္ျဖစ္ေၾကာင္း သတိေပးေၾကညာအပ္ပါသည္။

[Unicode]

ဒါရိုက်တာဖြစ်ချင်တယ်လို့ဆိုလာတဲ့ သရုပ်ဆောင်နန်းဆုဦး

သရုပ်ဆောင်နန်းဆုဦးက “မဟူရာရုပ်ရှင်ရုံ”ရုပ်ရှင်ဇာတ်ကားကြီးထဲမှာ ဒါရိုက်တာဖြစ်ချင်တဲ့ကောင်မလေးတစ်ယောက်ရဲ့ ဇာတ်ကောင်နေရာကနေ ပါဝင်သရုပ်ဆောင်သွားမှာဖြစ်ကြောင်းကို ပြောပါတယ်။ “ ဒီဇာတ်ကားလေးရဲ့ဇာတ်ညွှန်းကိုဖတ်ကြည့်တယ်။ ဖတ်တော့ သဘောကျတယ်။ ခပ်ကြမ်းကြမ်းနဲ့ ထိတ်လန့်ခြောက်ခြားစရာကောင်းတဲ့ သရဲကားလိုမျိုးဆိုတော့ ကိုယ်လည်းရိုက်ချင်တယ်။ ထိတ်လန့်ခြောက်ခြားစရာဇာတ်ကားဖြစ်ပေမယ့် ဇာတ်လမ်းဇာတ်အိမ်လေးက ကောင်းတယ်။ ဒီရုပ်ရှင်ကားထဲမှာညီမရဲ့ဇာတ်ကောင်က အနုပညာကိုဝါသနာပါတဲ့ ကောင်မလေး၊ ဒါရိုက်တာဖြစ်ချင်တဲ့သူပေ့ါ။ ဒါရိုက်တာအလုပ်ကို အရမ်းကိုဝါသနာပါတယ်။ နောက်တစ်ခုကကျတော့ တခြားနိုင်ငံကမင်းသမီးတစ်ယောက်လည်းပါတယ်။ အဲဒီအတွက် ညီမအနေနဲ့ အတွေ့အကြုံကောင်းတစ်ခုလည်းရတယ်။ တခြားနိုင်ငံက ညီမတို့နိုင်ငံမှာလုပ်နေတဲ့ အနုပညာအလုပ်တွေကို သတိပြုမိမယ်။ ညီမတို့အနေနဲ့လည်း သူတို့ရဲ့အနုပညာတွေကို လေ့လာလို့ရတယ်ပေ့ါ။ ဒီဇာတ်ကားက သရဲကားကိုကြိုက်တဲ့သူတွေအတွက်ကတော့ တကယ့်ကိုကောင်းတဲ့ ဇာတ်ကားတစ်ကား ထွက်ပေါ်လာမှာပါ” ရုပ်ရှင်ဇာတ်ကားနဲ့ပတ်သက်ပြီး နန်းဆုဦးကပြောပြပါတယ်။

သရုပ်ဆောင်နန်းဆုဦးအနေနဲ့ လွန်ခဲ့တဲ့ဆယ်နှစ်လောက်ကအဖြစ်အပျက်ကို ရိုက်ကူးရမှာဆိုတော့ ကြိုတင်ပြင်ဆင်မှုတွေကရော ဘယ်လိုတွေပြုလုပ်သွားဦးမလဲလို့ မေးကြည့်ရာ“ ကြိုတင်ပြင်ဆင်မှုအပိုင်းကတော့ ဒါရိုက်တာက ဇာတ်လမ်းစပေးတဲ့အချိန်မှာ၊ တစ်ဖွဲ့သားလုံး ဆွေးနွေးပွဲလုပ်တယ်။ ဒါရိုက်တာက သူလိုချင်တဲ့ဇာတ်ကောင်တွေကိုပြောတယ်။ ၂၀၁၂ မှာဖြစ်တဲ့အဖြစ်အပျက်ကိုရိုက်တာဆိုတော့ အဲဒီအချိန်တုန်းကဖက်ရှင်ဒီဇိုင်းနဲ့ ညီမရဲ့သရုပ်ဆောင်ရမယ့်ဇာတ်ကောင်ကို ညှိရတယ်။ ပြီးတော့ ဒါရိုက်တာလိုချင်တဲ့ ကာလာလေးတွေ၊ ပုံစံလေးတွေပြင်ဆင်တယ်။ ဒါက အဝတ်အစားဒီဇိုင်းပိုင်းပြင်ဆင်မှုပါ။ ဇာတ်ကောင်ပိုင်းကကျတော့ ဒါရိုက်တာက သူလိုချင်တဲ့ဇာတ်ကောင်ရဲ့ အကြောင်းအရာတွေ စီစစ်ချက်တွေကို ပို့ပေးထားတယ်။ အဲဒါတွေကို ဖတ်ကြည့်တယ်။ ဒါရိုက်တာနဲ့တိုင်ပင်ပြီးတော့ပဲလုပ်ဖြစ်တယ်” လို့ ပြောပါတယ်။

www.akhayarmedia.com

Facebook လူမှုကွန်ရက်ပေါ်တွင်တင်ဆက်နေသည့် စာမျက်နှာများတွင် အခရာမှတင်ဆက်ထားသည့် ဆောင်းပါးများ၊ သတင်းများကို ခွင့်ပြုချက် တစ်စုံတစ်ရာ ရယူထားခြင်းမရှိဘဲ စီးပွားဖြစ် ကူးယူသုံးစွဲနေသည်များကို တွေ့ရှိနေရပါသည်။ အခရာစာမျက်နှာအား တစ်ဦးတစ်ယောက်ချင်း ဝေမျှသည်ကို အသိအမှတ်ပြုကျေးဇူးတင်သော်လည်း စီပွားဖြစ်တည်ထောင်ထားသည့် စာမျက်နှာများ၊ ဝက်ဘ်ဆိုက်များတွင် ကူးယူတင်ဆက်နေသည်များကိုမူ ပြင်းထန်စွာကန့်ကွက်ပါသည်။ သို့ဖြစ်ပါ၍ အခရာမီဒီယာမှတင်ဆက်နေသည့် အကြောင်းအရာများထဲမှ စာသားအချို့ကိုဖြစ်စေ ၊ အပုဒ်လိုက်ဖြစ်စေ ၊ တစ်ပိုဒ်ခြင်းဖြစ်စေ ကူးယူသုံးစွဲခြင်းမပြုရန်နှင့် ဆက်လက်ပြုလုပ်ပါက ခိုးယူသုံးစွဲနေသည့် စာမျက်နှာများကို အမည်နှင့်တကွ အများသိစေရန်ကြေညာသွားမည်ဖြစ်ပြီး ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း သတိပေးကြေညာအပ်ပါသည်။