[Zawgyi]





ကြည်သာ (Akhayar)


www.akhayar.com

[Unicode]

အချစ်ရေးမှာအောင်မြင်သလို အလုပ်တွေလည်းလုပ်နေရတဲ့ အရုပ်မလေးနန်းဆု

အဆိုတော်သရုပ်ဆောင်နန်းဆုရတီစိုး ရဲ့ အရုပ်မလေးနဲ့တူတဲ့ ဓါတ်ပုံလေးတွေဟာ လတ်တလောလူမှုကွန်ရက်ပေါ်မှာ ရေပန်းစားနေပါတယ်။ ဒီရက်ပိုင်းမှာလည်း ကြော်ငြာတွေကို ရိုက်ကူးနေရပြီး တစ်နေ့ထက်တစ်နေ့ ပိုပိုလှလာတာကို လည်းတွေ့ရပါတယ်။သူမတင်ထားတဲ့ ပုံလေးတွေကလည်း People Magazine Cover အတွက် ရိုက်ကူးပေးခဲ့တဲ့ ပုံလေးတွေဖြစ်တယ်လို့သိရပါတယ်။

နန်းဆုဟာ အချစ်ရေးမှာလည်း အဆိုတော် G-Fatt ကအလိုလိုက်ချစ်ခင်မှုတွေကို အပြည့်အဝရရှိထားလို့ မိန်းကလေးပရိသတ်တွေရဲ့ အားကျမှုကိုလည်း ရရှိနေသူတစ်ဦးဖြစ်ပါတယ်။

သူမကို ကြည့်လိုက်ရင် အလုပ်အတွက်အမြဲတမ်းတတ်ကြွတဲ့ ပုံစံအသွင်ရှိပြီး အဆိုတော်တစ်ဦးဖြစ်သလို သရုပ်ဆောင်မင်းသမီးတစ်ဦးလည်းဖြစ်တဲ့ အတွက်အနုပညာနဲ့ပတ်သတ်ရင်ထူးချွန်တဲ့သူတစ်ဦးဖြစ်ပါတယ်။ အခုလတ်တလောမှာတော့ ကြော်ငြာရိုက်ကူးခြင်းတွေကို လုပ်ဆောင်နေတာတွေ့ရပါတယ်။

ကြည်သာ (Akhayar)

Photo Credit: Nansu Yati Soe Facebook

www.akhayar.com