[Zawgyi]






ကြည်သာ (Akhayar)

www.akhayar.com
[Unicode]

လိုနေတာကတော့ ချိုတဲ့အချစ်တွေပဲဆိုပြီး ညိမ်းသော် ကိုပြောလိုက်တဲ့ နန်းစန္ဒာလှထွန်း

နန်းစန္ဒာလှထွန်း နဲ့ ညိမ်းသော် တို့ရဲ့ကြော်ငြာရိုက်ကူးနေတဲ့ မြင်ကွင်းတွေကို မြင်တွေ့ရမှာဖြစ်ပါတယ်။ အဲ့လိုရိုက်ကူးရေးလုပ်နေကြတဲ့ ပုံလေးတွေကို နန်းစန္ဒာလှထွန်းက ညိမ်းသော် ကို Tag တွဲထားတဲ့ စာလေးက “လိုနေတာကတော့ ချိုတဲ့အချစ်တွေပဲ” ဆိုပြီးရေးထားတာကိုလည်း တွေ့ရပါတယ်။

နှစ်ယောက်စလုံးချစ်စရာကောင်းတဲ့ အသွင်အပြင်လေးတွေနဲ့ ကြော်ငြာရိုက်ကွင်းမှာလိုက်ဖက်မှုရှိရတာကိုလည်း တွေ့ရပါတယ်။

ညိမ်းသော် ကလည်း လူငယ်အနုပညာရှင်တွေထဲမှာ အောင်မြင်မှုရရှိနေသူတစ်ဦးဖြစ်ပြီး နန်းစန္ဒာလှထွန်းကလည်း MRTV4 ဇာတ်လမ်းတွဲတွေရိုက်ကူးလာရာမှတဆင့် ပရိသတ်ရဲ့ချစ်ခင်မှုကို ရရှိလာတဲ့ လူငယ်အနုပညာရှင်တစ်ဦးဖြစ်ပါတယ်။

Photo Credit: Nyein Taw Facebook

ကြည်သာ (Akhayar)

www.akhayar.com