[Zawgyi]

ကေမာၻဒီးယားရဲ႕အထင္ကရေနရာတစ္ခုမွာ ဓာတ္ဖမ္းခဲ့တဲ့ နန္းျမတ္ျဖိဳးသင္း

Let’s Go အစီအစဥ္ရုိက္ကူးေရးနဲ႕အတူလုိက္ပါသြားတဲ့ သရုပ္ေဆာင္၊ အဆုိေတာ္နန္းျမတ္ျဖိဳးသင္းကေတာ့ ကေမၻာဒီယားႏုိင္ငံမွာ အ၀ါေရာင္ဂါ၀န္ေလးနဲ႕အတူ လွေသြးၾကြယ္ေနတာကုိေတြ႕ရပါတယ္။


ခင္ပြန္းသည္နဲ႕အတူတူေရာက္ရွိေနတဲ့ နန္းျမတ္ဟာ ကေမာၻဒီးယားႏုိင္ငံ Sokha Beach Resort မွာ အမွတ္တရဓာတ္ပုံေလးေတြရုိက္ကူးခဲ့ျပီး သူမရဲ႕ အလွပုံရိပ္ေတြကုိ နာရီပုိင္းေလာက္က သူမရဲ႕ လူမႈကြန္ရက္အေကာင့္မွာ မွ်ေ၀ထားတာျဖစ္ပါတယ္။ ခ်စ္စရာေကာင္းတဲ့အေျပာအဆုိအမူအရာေလးေတြနဲ႕အတူ ကေလးဆန္ျပီးအေနေအးတဲ့ သူမရဲ႕ စတုိင္ေၾကာင့္ ပရိသတ္ေတြရဲ႕ခ်စ္ခင္အားေပးမႈေတြကုိရရွိထားပါတယ္။

အိမ္ေထာင္ေရးကံေကာင္းျပီး စိတ္ခ်မ္းသာဖြယ္ရာဘ၀ကုိပုိင္ဆုိင္ထားရသလုိ အႏုပညာဘက္မွာလည္း အဆုိပုိင္းမွာေရာ သရုပ္ေဆာင္ပုိင္းမွာပါ ေအာင္ျမင္ေနသူတစ္ေယာက္ျဖစ္ပါတယ္။ ပရိသတ္ေတြလည္း နန္းျမတ္ရဲ႕ ခ်စ္စရာေကာင္းတဲ့ ပုံေလးေတြကုိ သေဘာက်မယ္လုိ႕ ေမွ်ာ္လင့္ပါတယ္။

Photos Credit –  Nan Myat Phyo Thin

Stella(Akhayar)

www.akhayar.com

[Unicode]

ကမ္ဘောဒီးယားရဲ့အထင်ကရနေရာတစ်ခုမှာ ဓာတ်ဖမ်းခဲ့တဲ့ နန်းမြတ်ဖြိုးသင်း

Let’s Go အစီအစဉ်ရိုက်ကူးရေးနဲ့အတူလိုက်ပါသွားတဲ့ သရုပ်ဆောင်၊ အဆိုတော်နန်းမြတ်ဖြိုးသင်းကတော့ ကမ္ဘောဒီယားနိုင်ငံမှာ အဝါရောင်ဂါဝန်လေးနဲ့အတူ လှသွေးကြွယ်နေတာကိုတွေ့ရပါတယ်။

ခင်ပွန်းသည်နဲ့အတူတူရောက်ရှိနေတဲ့ နန်းမြတ်ဟာ ကမ္ဘောဒီးယားနိုင်ငံ Sokha Beach Resort မှာ အမှတ်တရဓာတ်ပုံလေးတွေရိုက်ကူးခဲ့ပြီး သူမရဲ့ အလှပုံရိပ်တွေကို နာရီပိုင်းလောက်က သူမရဲ့ လူမှုကွန်ရက်အကောင့်မှာ မျှဝေထားတာဖြစ်ပါတယ်။ ချစ်စရာကောင်းတဲ့အပြောအဆိုအမူအရာလေးတွေနဲ့အတူ ကလေးဆန်ပြီးအနေအေးတဲ့ သူမရဲ့ စတိုင်ကြောင့် ပရိသတ်တွေရဲ့ချစ်ခင်အားပေးမှုတွေကိုရရှိထားပါတယ်။

အိမ်ထောင်ရေးကံကောင်းပြီး စိတ်ချမ်းသာဖွယ်ရာဘဝကိုပိုင်ဆိုင်ထားရသလို အနုပညာဘက်မှာလည်း အဆိုပိုင်းမှာရော သရုပ်ဆောင်ပိုင်းမှာပါ အောင်မြင်နေသူတစ်ယောက်ဖြစ်ပါတယ်။ ပရိသတ်တွေလည်း နန်းမြတ်ရဲ့ ချစ်စရာကောင်းတဲ့ ပုံလေးတွေကို သဘောကျမယ်လို့ မျှော်လင့်ပါတယ်။

Photos Credit –  Nan Myat Phyo Thin

Stella(Akhayar)

www.akhayar.com