ခရီးသွားခြင်းနဲ့ပတ်သက်လို့ နန်းမြတ်ဖြိုးသင်းက သူမအမြင်တွေ ခံစားချက်တွေကို အခုလို ပြောပြသွားပါတယ်။

Relax ဖြစ်စေဖို့ ခရီးသွားမယ်

နန်းမြတ်ကခရီးသွားရတာကို ကြိုက်ပါတယ်။ စိတ်တွေမွန်းကျပ်လာပြီ ပင်ပန်းလာပြီဆိုရင် ခရီးတွေသွားဖြစ်တယ်။ ခရီးသွားခြင်းက ကိုယ့်ကိုတကယ် Relax ဖြစ်စေပါတယ်။

သီချင်းဆိုရင်းနဲ့တော့ ပြည်တွင်းခရီးတွေ အများကြီးရောက်တယ်။ နိုင်ငံခြားခရီးစဉ်ဆိုရင်တော့ Let’s Go Programနဲ့လည်း သွားဖြစ်တယ်။ ကိုယ့်ဘာသာလည်းသွားဖြစ်တယ်။ ကိုယ့်ဘာသာသွားတာဆိုရင်တော့ ဗန်ကောက်ကိုအများဆုံးသွားဖြစ်တယ်။

ခရီးသွားရတာအကြိုက်ဆုံးနေရာကတော့ အေးအေးချမ်းချမ်းလည်းရှိပြီး သဘာဝရှုခင်းတွေ အများဆုံးရှိတဲ့နေရာပေါ့။ အဲလိုနေရာလေးတွေက စိတ်ပြေလက်ပျောက်လည်းရှိတယ် ရှုခင်းလေးတွေနဲ့ဆိုတော့ ပိုပြီးတော့ Relax ဖြစ်စေတယ်လို့ခံစားမိပါတယ်။

ဘဝအမှတ်တရဖြစ်တဲ့ခရီးကတော့ မလေးရှားခရီးစဉ်ပါ။ အဲဒီမှာ အာဆီယံ ၁၀ နိုင်ငံက အနုပညာရှင်တွေအားလုံးနဲ့ တွေ့ရတယ်။ ကိုယ့်နိုင်ငံကအနုပညာရှင်တွေလည်းပါတယ်။ အရမ်းပင်ပန်းပြီးတော့ ပျော်ရပါတယ်။ သူတို့ကနေရာစုံအောင်လိုက်ပို့ပေမယ့် ကိုယ်ကမသွားချင်တော့လောက်အောင်ပင်ပန်းတယ်။ ဒါပေမဲ့ ပြန်စဉ်းစားကြည့်တော့လည်း မရောက်ဖူးတဲ့နေရာတွေ ရောက်ရတယ်။ အရမ်းလည်းပျော်ခဲ့ရတဲ့ ခရီးစဉ်အဖြစ်အမှတ်ရနေပါတယ်။

www.akhayar.com