[Zawgyi]

ကေလးယူဖို႔အစီအစဥ္မရွိေသးဘူးဆိုတဲ့ နန္းျမတ္ၿဖိဳးသင္း

မၾကာေသးခင္ကမွ အိမ္ေထာင္ျပဳသြားတဲ့ သရုပ္ေဆာင္နန္းျမတ္ၿဖိဳးသင္းက ရင္ေသြးရတနာယူဖို႔ ေလာေလာဆယ္အစီအစဥ္မရွိေသးဘူးလို႔ ဆိုပါတယ္။“နန္းျမတ္ ေလာေလာဆယ္ေတာ့ ကေလးယူဖို႔အစီအစဥ္မရွိေသးပါဘူး။ ဘယ္ေတာ့ေလာက္ယူမယ္လို႔လည္း မခန္႔မွန္းထားေသးပါဘူး။ ေလာေလာဆယ္ေတာ့ မယူျဖစ္ေသးတာေတာ့ ေသခ်ာပါတယ္” လို႔ နန္းျမတ္ၿဖိဳးသင္းကေျပာပါတယ္။

သရုပ္ေဆာင္နန္းျမတ္ၿဖိဳးသင္းအေနနဲ႔ မၾကာခင္ရံုတင္ျပသေတာ့မယ့္ “နယူးဗားရွင္း”ရုပ္ရွင္ဆိုတဲ့ ရုပ္ရွင္ဇာတ္ကားႀကီးထဲမွာလည္း ပါဝင္သရုပ္ေဆာင္ထားၿပီး၊ အဲဒီဇာတ္ကားထဲက ဖက္ရွင္ေတြနဲ႔ပတ္သက္ၿပီး “နယူဗားရွင္းေလးက နာမည္ေလးအတိုင္းပဲ ဖန္စီဟာသကားေလးျဖစ္ကာ ရသေလးကလည္းအျခားကားနဲ႔မတူဘဲ တစ္မ်ိဳးေလးခံစားရပါတယ္။ ပရိသတ္ေတြလာၾကည့္ရင္ လူငယ္ေတြရဲ႕သဘာဝေလးေတြကို ျမင္ရမယ္။ ေပ်ာ္လည္းေပ်ာ္ရမယ္။ ရယ္စရာဟာသေလးေတြလည္း ပါတယ္။ ပရိသတ္ေတြလာၾကည့္တဲ့အခါမွာ ေပ်ာ္စရာေကာင္းၿပီး မပ်င္းရတဲ့ဇာတ္ကားေလးတစ္ကားျဖစ္မွာပါ။ ဖက္ရွင္ပိုင္းမွာကေတာ့ သာမန္ေက်ာင္းသူေတြ၊ ျပင္ပကမိန္းကေလးေတြ ေတာ္ေတာ္ကိုလွေနၾကတယ္။ နန္းျမတ္တို႔ကေတာင္ ျပန္အတုယူေနတဲ့အေျခအေနေတြေတာင္ ရွိပါတယ္။ အဲဒါေၾကာင့္ နန္းျမတ္လည္း ဇာတ္ေကာင္တစ္ခုရလာၿပီဆိုတာနဲ႔ ဝတ္စားဆင္ယင္မႈအပိုင္းကို ဇာတ္နဲ႔အံ့ဝင္ခြင္က်ျဖစ္ေအာင္၊ ဇာတ္ေကာင္နဲ႔လိုက္ဖက္တဲ့ဖက္ရွင္ျဖစ္ေအာင္ ေသခ်ာျပင္ဆင္ၿပီး ဝတ္တယ္။ ရုပ္ရွင္ဇာတ္ကားႀကီးေတြ ရိုက္ထားတာရွိပါေသးတယ္။ ဒီဇာတ္ကားထဲမွာဆိုရင္ တခ်ိဳ႕စကားလံုးေတြက ႀကိဳတိုက္ထားတာမဟုတ္ဘူး။ ရိုက္ေနရင္းမွ ေျပာမိသြားတာ။ အဲဒီေတာ့ တစ္ေယာက္နဲ႔တစ္ေယာက္ မတိုက္ထားေတာ့ရယ္မိၾကတာေပ့ါ။ အဲဒါေလးေတြက အမွတ္တရပါပဲ။ ဒါရိုက္တာကလည္း အသစ္ဆိုေပမယ့္လည္း နန္းျမတ္တို႔ပါဝင္ၾကတဲ့ သရုပ္ေဆာင္ေတြအားလံုးက ေသေသသပ္သပ္နဲ႔ႀကိဳးစားထားတယ္။ ပရိသတ္ေတြလည္းႀကိဳက္ၾကမယ္လို႔ထင္ပါတယ္” လို႔ ေျပာပါတယ္။

www.akhayar.com

Facebook လူမႈကြန္ရက္ေပၚတြင္တင္ဆက္ေနသည့္ စာမ်က္ႏွာမ်ားတြင္ အခရာမွတင္ဆက္ထားသည့္ ေဆာင္းပါးမ်ား၊ သတင္းမ်ားကို ခြင့္ျပဳခ်က္ တစ္စံုတစ္ရာ ရယူထားျခင္းမရွိဘဲ စီးပြားျဖစ္ ကူးယူသံုးစြဲေနသည္မ်ားကို ေတြ႕ရွိေနရပါသည္။ အခရာစာမ်က္ႏွာအား တစ္ဦးတစ္ေယာက္ခ်င္း ေဝမ်ွသည္ကို အသိအမွတ္ျပဳေက်းဇူးတင္ေသာ္လည္း စီပြားျဖစ္တည္ေထာင္ထားသည့္ စာမ်က္ႏွာမ်ား၊ ဝက္ဘ္ဆုိက္မ်ားတြင္ ကူးယူတင္ဆက္ေနသည္မ်ားကိုမူ ျပင္းထန္စြာကန္႔ကြက္ပါသည္။ သို႕ျဖစ္ပါ၍ အခရာမီဒီယာမွတင္ဆက္ေနသည့္ အေၾကာင္းအရာမ်ားထဲမွ စာသားအခ်ိဳ႕ကုိျဖစ္ေစ ၊ အပုဒ္လိုက္ျဖစ္ေစ ၊ တစ္ပိုဒ္ျခင္းျဖစ္ေစ ကူးယူသံုးစြဲျခင္းမျပဳရန္ႏွင့္ ဆက္လက္ျပဳလုပ္ပါက ခိုးယူသံုးစြဲေနသည့္ စာမ်က္ႏွာမ်ားကို အမည္ႏွင့္တကြ အမ်ားသိေစရန္ေၾကညာသြားမည္ျဖစ္ၿပီး ဥပေဒအရ အေရးယူမည္ျဖစ္ေၾကာင္း သတိေပးေၾကညာအပ္ပါသည္။

[Unicode]

ကလေးယူဖို့အစီအစဉ်မရှိသေးဘူးဆိုတဲ့ နန်းမြတ်ဖြိုးသင်း

မကြာသေးခင်ကမှ အိမ်ထောင်ပြုသွားတဲ့ သရုပ်ဆောင်နန်းမြတ်ဖြိုးသင်းက ရင်သွေးရတနာယူဖို့ လောလောဆယ်အစီအစဉ်မရှိသေးဘူးလို့ ဆိုပါတယ်။“နန်းမြတ် လောလောဆယ်တော့ ကလေးယူဖို့အစီအစဉ်မရှိသေးပါဘူး။ ဘယ်တော့လောက်ယူမယ်လို့လည်း မခန့်မှန်းထားသေးပါဘူး။ လောလောဆယ်တော့ မယူဖြစ်သေးတာတော့ သေချာပါတယ်” လို့ နန်းမြတ်ဖြိုးသင်းကပြောပါတယ်။

သရုပ်ဆောင်နန်းမြတ်ဖြိုးသင်းအနေနဲ့ မကြာခင်ရုံတင်ပြသတော့မယ့် “နယူးဗားရှင်း”ရုပ်ရှင်ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးထဲမှာလည်း ပါဝင်သရုပ်ဆောင်ထားပြီး၊ အဲဒီဇာတ်ကားထဲက ဖက်ရှင်တွေနဲ့ပတ်သက်ပြီး “နယူဗားရှင်းလေးက နာမည်လေးအတိုင်းပဲ ဖန်စီဟာသကားလေးဖြစ်ကာ ရသလေးကလည်းအခြားကားနဲ့မတူဘဲ တစ်မျိုးလေးခံစားရပါတယ်။ ပရိသတ်တွေလာကြည့်ရင် လူငယ်တွေရဲ့သဘာဝလေးတွေကို မြင်ရမယ်။ ပျော်လည်းပျော်ရမယ်။ ရယ်စရာဟာသလေးတွေလည်း ပါတယ်။ ပရိသတ်တွေလာကြည့်တဲ့အခါမှာ ပျော်စရာကောင်းပြီး မပျင်းရတဲ့ဇာတ်ကားလေးတစ်ကားဖြစ်မှာပါ။ ဖက်ရှင်ပိုင်းမှာကတော့ သာမန်ကျောင်းသူတွေ၊ ပြင်ပကမိန်းကလေးတွေ တော်တော်ကိုလှနေကြတယ်။ နန်းမြတ်တို့ကတောင် ပြန်အတုယူနေတဲ့အခြေအနေတွေတောင် ရှိပါတယ်။ အဲဒါကြောင့် နန်းမြတ်လည်း ဇာတ်ကောင်တစ်ခုရလာပြီဆိုတာနဲ့ ဝတ်စားဆင်ယင်မှုအပိုင်းကို ဇာတ်နဲ့အံ့ဝင်ခွင်ကျဖြစ်အောင်၊ ဇာတ်ကောင်နဲ့လိုက်ဖက်တဲ့ဖက်ရှင်ဖြစ်အောင် သေချာပြင်ဆင်ပြီး ဝတ်တယ်။ ရုပ်ရှင်ဇာတ်ကားကြီးတွေ ရိုက်ထားတာရှိပါသေးတယ်။ ဒီဇာတ်ကားထဲမှာဆိုရင် တချို့စကားလုံးတွေက ကြိုတိုက်ထားတာမဟုတ်ဘူး။ ရိုက်နေရင်းမှ ပြောမိသွားတာ။ အဲဒီတော့ တစ်ယောက်နဲ့တစ်ယောက် မတိုက်ထားတော့ရယ်မိကြတာပေ့ါ။ အဲဒါလေးတွေက အမှတ်တရပါပဲ။ ဒါရိုက်တာကလည်း အသစ်ဆိုပေမယ့်လည်း နန်းမြတ်တို့ပါဝင်ကြတဲ့ သရုပ်ဆောင်တွေအားလုံးက သေသေသပ်သပ်နဲ့ကြိုးစားထားတယ်။ ပရိသတ်တွေလည်းကြိုက်ကြမယ်လို့ထင်ပါတယ်” လို့ ပြောပါတယ်။

www.akhayar.com

Facebook လူမှုကွန်ရက်ပေါ်တွင်တင်ဆက်နေသည့် စာမျက်နှာများတွင် အခရာမှတင်ဆက်ထားသည့် ဆောင်းပါးများ၊ သတင်းများကို ခွင့်ပြုချက် တစ်စုံတစ်ရာ ရယူထားခြင်းမရှိဘဲ စီးပွားဖြစ် ကူးယူသုံးစွဲနေသည်များကို တွေ့ရှိနေရပါသည်။ အခရာစာမျက်နှာအား တစ်ဦးတစ်ယောက်ချင်း ဝေမျှသည်ကို အသိအမှတ်ပြုကျေးဇူးတင်သော်လည်း စီပွားဖြစ်တည်ထောင်ထားသည့် စာမျက်နှာများ၊ ဝက်ဘ်ဆိုက်များတွင် ကူးယူတင်ဆက်နေသည်များကိုမူ ပြင်းထန်စွာကန့်ကွက်ပါသည်။ သို့ဖြစ်ပါ၍ အခရာမီဒီယာမှတင်ဆက်နေသည့် အကြောင်းအရာများထဲမှ စာသားအချို့ကိုဖြစ်စေ ၊ အပုဒ်လိုက်ဖြစ်စေ ၊ တစ်ပိုဒ်ခြင်းဖြစ်စေ ကူးယူသုံးစွဲခြင်းမပြုရန်နှင့် ဆက်လက်ပြုလုပ်ပါက ခိုးယူသုံးစွဲနေသည့် စာမျက်နှာများကို အမည်နှင့်တကွ အများသိစေရန်ကြေညာသွားမည်ဖြစ်ပြီး ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း သတိပေးကြေညာအပ်ပါသည်။