[Zawgyi]
ဇာတ်လမ်းတွဲတွေပိုပြီးရိုက်ဖြစ်နေတယ်ဆိုတဲ့ နန်းခင်ဇေယျာ
www.akhayar.com
[Unicode]
ဇာတ်လမ်းတွဲတေွပိုပြီးရိုက်ဖြစ်နေတယ်ဆိုတဲ့ နန်းခင်ဇေယျာ
ဗီဒီယိုကားတွေပဲရိုက်လာခဲ့ရာမှ ရိုက်ကူးမှုနည်းနည်းကျဲသွားရာကနေ အခုတော့ ရုပ်သံဇာတ်လမ်းတွဲမှာပါဝင်သရုပ်ဆောင်တော့မယ်လို့ သိရပါတယ်။ ဇာတ်လမ်း တွဲရိုက်ကူးလက်ခံဖြစ်ရတဲ့အကြောင်းကိုတော့
ဇာတ်လမ်းတွဲ တွေပိုပြီးရိုက်ဖြစ်နေတဲ့ နန်းခင်ဇေယျာ
ဇာတ်လမ်းတွဲ တွေပိုပြီးရိုက်ဖြစ်နေတဲ့ နန်းခင်ဇေယျာ
“ဇာတ်လမ်းတွဲကအခုမှပထမဆုံး ရိုက်ဖြစ်တာပါ။ တစ်ခါမှတော့ မရိုက်ဘူးပါဘူး။ နောက်ပိုင်းမှာ များသောအားဖြင့် ဇာတ်လမ်းတွဲတွေပိုရိုက်လာကြတာများ ပါတယ်။ ပိုရိုက်လာရတဲ့သူတွေလည်းရှိတော့ အဲဒါကြောင့်ရိုက်ဖြစ်သွားတာပါပဲ” ဆိုပြီးပြောပြခဲ့ပါတယ်။
ဇာတ်လမ်းတွဲမှာသရုပ်ဆောင်ရတာက ပရိသတ်နဲ့ပိုပြီး ထိတွေ့ခွင့်ရှိတယ်လို့ထင်တဲ့အတွက် နောက်ပိုင်းမှာလည်းဇာတ်လမ်းတွဲတွေမှာပိုပြီးမြင်လာရဖို့ရှိတယ်လို့လည်းဆိုပါတယ်။
ဇာတ်လမ်းတွဲ တွေပိုပြီးရိုက်ဖြစ်နေတဲ့ နန်းခင်ဇေယျာ
ဇာတ်လမ်းတွဲ တွေပိုပြီးရိုက်ဖြစ်နေတဲ့ နန်းခင်ဇေယျာ
“ကာရိုက်တာ ပိုင်းထူးခြားတာမရှိပါဘူး။ ဖန်စီဟာသကားလေးပါပဲ။ ဇာတ်လမ်း တွဲကပရိသတ်နဲ့ပိုပြီး ထိတွေ့ခွင့်ရှိတယ်ထင်လို့ပါ။ ပြီးတော့ Series ဆိုတော့ လည်းအချိန် ပိုပေးရတယ်။ တစ်ခုနဲ့တစ်ခုတော့ မတူကြဘူးပေါ့။ ဇာတ်လမ်းတွဲ၊ ဗီဒီယို၊ ရုပ်ရှင်အားလုံးက သူ့ဟာနဲ့သူတော့ အားလုံးကွဲပြား ပါတယ်။ဇာတ်လမ်းတွဲအတွက် အဓိကဖက်ရှင်ကို ဦးစားပေး ထားပါတယ်။ ကိုယ်ကဒီဇာတ်လမ်းတွဲမှာ မင်းသမီးဖြစ်ချင်ပြီးတော့ သင်တန်း တက်ရင်းနဲ့မော်ဒယ်လ် ဖြစ်သွားတာလေးပေါ့။ ဆံပင်ပုံစံကအစ အဝတ်အစား ကကိုယ်ကြိုက်သလိုဝတ်လို့ရတယ်ဆိုတော့ အဆင်ပြေပါတယ်” လို့ပြောပြခဲ့ ပါတယ်။
နန်းခင်ဇေယျာက လတ်တလောမှာတော့ ရုပ်ရှင်ကားကြီးကို ဒါရိုက်တာကိုဆာမိနဲ့ရိုက်ကူးနေတယ်လို့သိရပါတယ်။
Photo Credit:Nan Khin Zayyar Facebook Page
www.akhayar.com