[Zawgyi]






“ဘဝ၏ပါရမီဖြည့်ဘက်



ကြည်သာ (Akhayar)

www.akhayar.com

[Unicode]

သာသနာ့ဘောင်ဝင်ရောက်နေတဲ့ သရုပ်ဆောင်နိုင်လူ

လူကြမ်းသရုပ်ဆောင် နိုင်လူ ဟာ ဧပြီလ ၁၀ ရက်နေ့က မိဘတွေကို ရည်စူးပြီး ရဟန်းဝတ်ခဲ့တယ်လို့သိရပါတယ်။ နှစ်သစ်အခါသမယ မှာ ကောင်းမှုကုသိုလ် ပြုပြီး ကိုနိုင်လူနဲ့ အတူ သူ့ရဲ့ အမျိုးသမီးကလည်း မယ်သီလရှင်ဝတ်တာကို တွေ့ရပါတယ်။သမီးလေးကိုတော့ အဘိုးအဘွားမိသားစုဝင်တွေနဲ့ ခဏ ထားခဲ့တယ်လို့သိရပါတယ်။

မိဘ နှစ်ပါးအတွက် ရည်စူးပြီး သာသနာ့ဘောင်ကို ဝင်ရောက်ခဲ့သူ

မိဘ နှစ်ပါးအတွက် ရည်စူးပြီး သာသနာ့ဘောင်ကို ဝင်ရောက်ခဲ့သူ

သင်္ကြန်အတတ်နေ့ညမှာ လူဝတ်ပြန်လဲမှာဖြစ်ပြီး သာသနာ့ဘောင်ကို ၇ ရက်တာဝင်ရောက်ကာ ကုသိုလ်ကောင်းမှုတွေပြုသွားမှာဖြစ်ပါတယ်။လူကြမ်းသရုပ်ဆောင်နိုင်လူ က အသက်ရှင်စဉ်အချိန်မှာ တရားအားထုတ်တာက အကျိုးမယုတ်စေဘူးဆိုတာကိုလည်းသူ့ရဲ့ လူမှုကွန်ရက်ပေါ်မှာ အခုလိုရေးသားထားတာကိုတွေ့ရပါတယ်။

“ဘဝ၏ပါရမီဖြည့်ဘက်
အချိန်တွေမရှိတော့ဘူး
မအားလပ်တဲ့ကြားတဲ့ကလူတွေသေသွားရတယ်
အားလို့သေသွာတဲ့လူတွေမရှိပါဘူး
သေရင်ဘာမှယူသွာလို့မရတဲ့ဟာတွေကိုတတ်မက်နေမဲ့အစား
ပါသွားမဲ့ဟာတွေကိုလုပ်ရအောင်
ကိုယ်လျှောက်မဲ့လမ်းကိုယ်တိုင်ဖောက်မှ
အသေမြတ်၍သံသာရာကောင်းမည်
သံသရာတိုမှနိဗ္ဗာန်လမ်းသို့ရောက်နိုင်မည်
တရက်အာထုတ်အကျို းမယုတ်
ရေစက်များစွာစုသောအခါရာဝင်အိုးပင်ပြည့်လေသည်”

အရှင်စိန္တာမယ(သရုပ်ဆောင်နိုင်လူရဲ့ ရဟန်းဘွဲ့ အမည်)

Photo Credit: Naing Lu Facebook

ကြည်သာ (Akhayar)

www.akhayar.com