လက္သည္းေျခသည္း ဒီဇိုင္းမိုက္မိုက္ေလးေတြဆိုးရတာၾကိဳက္တဲ႔သူေတြအတြက္ ႏိုင္ငံတကာမွာ လူၾကိဳက္မ်ားေနတဲ႔ လက္သည္း Trend ေလးေတြကိုေဖာ္ျပေပးမယ္ေနာ္။ ရိုးရွင္းတယ္ထင္ရေပမယ္႔ အႏုပညာဆန္တဲ႔ ဒီပံုစံေလးေတြက ဒီကေကာင္မေလးေတြအတြက္လည္း အဆင္ေျပေစမွာပါ။

လက္သည္းေျခသည္းဒီဇိုင္းသစ္ေလးေျပာင္းဆုိးဖို႔ Idea ေလးေတြ အသစ္ရတာေပါ႔ေနာ။

(၁) ဒါကေတာ႔ ထိုင္ဝမ္မွာေခတ္စားေနတဲ႔ ပံုစံေလးပါ။ ပန္းေရာင္သန္းေနတဲ႔ပါးအို႔ေလးလို လွပေနေစမယ္႔ဖန္တီးမႈျဖစ္ပါတယ္။ Base Coat ဆုိးျပီး ပန္းေရာင္လက္သည္းနီကို လက္သည္းအလယ္မွာဆိုးရမွာပါ။ ျပီးရင္ Top Coat ထပ္လို႔ရပါတယ္။ တခ်ိဳ႕လက္သည္းေတြမွာ ေက်ာက္ေလး တစ္လံုး ႏွစ္လံုးကပ္ေပးရင္ပိုမိုက္သြားႏိုင္ပါတယ္။

(၂) ဒီပံုစံေလးကလည္း ဖန္တီးရလြယ္ကူပါတယ္။ အနီနဲ႔ၾကက္ေသြးကို တစ္မ်ိဳးလွေအာင္ဖန္တီးထားပံုပါ။ Graphic ဆန္တဲ႔ဒီဒီဇိုင္းက စက္ဝိုင္းေလးကို ညီညီညာညာဆြဲတတ္ဖို႔ေတာ႔လိုပါတယ္။ တျခားအေရာင္ေလးေတြနဲ႔လည္း ေျပာင္းလဲဖန္တီးႏိုင္ပါတယ္။ Top Coat ေလးဆိုးျပီးရင္ ေတာက္ပတဲ႔အဆင္အေသြးနဲ႔ လွပႏိုင္ပါတယ္။

(၃)  1980 ျပည္႔ႏွစ္အခ်ိန္ေတြက ေခတ္စားခဲ႔တဲ႔ အေရာင္အေသြးေလးေတြပါ။ အေရာင္ေတြကို လိုက္ဖက္ေအာင္ ေပါင္းစပ္ဖန္တီးရတာၾကိဳက္သူေတြအတြက္ အဆင္ေျပပါတယ္။ ပန္းခ်ီမ်က္စိရွိသူေလးေတြအေနနဲ႔ တျခားအေရာင္တြဲစပ္မႈအမ်ိဳးမ်ိဳးကို ဖန္တီးလို႔ရပါတယ္။

(၄) ေရာင္စံုသက္တန္႔ေတြလို ေတာက္ပလွပေနေစမယ္႔ ဒီဇိုင္းျဖစ္ပါတယ္။ အစင္းဆြဲတဲ႔ ဒီဇိုင္းက ရိုးတယ္ဆိုေပမယ္႔ အေရာင္တြဲစပ္မႈအဆန္းေလးေတြကို ေရြးထုတ္ျပီးဖန္တီးၾကည္႔ႏိုင္ပါတယ္။ အနည္းဆံုး အေရာင္ ၄ ေရာင္ကေန ၅ ေရာင္အထိ ဆိုးႏိုင္ပါတယ္။ လူငယ္ဆန္ျပီး သြက္လက္လန္းဆန္းတဲ႔ အသြင္ကိုရေစမွာပါ။

ဂ်ဴဂ်ဴး(အခရာ)

www.akhayar.com

Unicode

လက်သည်းခြေသည်း ဒီဇိုင်းမိုက်မိုက်လေးတွေဆိုးရတာကြိုက်တဲ့သူတွေအတွက် နိုင်ငံတကာမှာ လူကြိုက်များနေတဲ့ လက်သည်း Trend လေးတွေကိုဖော်ပြပေးမယ်နော်။ ရိုးရှင်းတယ်ထင်ရပေမယ့် အနုပညာဆန်တဲ့ ဒီပုံစံလေးတွေက ဒီကကောင်မလေးတွေအတွက်လည်း အဆင်ပြေစေမှာပါ။
လက်သည်းခြေသည်းဒီဇိုင်းသစ်လေးပြောင်းဆိုးဖို့ Idea လေးတွေ အသစ်ရတာပေါ့နော။

(၁)ဒါကတော့ ထိုင်ဝမ်မှာခေတ်စားနေတဲ့ ပုံစံလေးပါ။ ပန်းရောင်သန်းနေတဲ့ပါးအို့လေးလို လှပနေစေမယ့်ဖန်တီးမှုဖြစ်ပါတယ်။ Base Coat ဆိုးပြီး ပန်းရောင်လက်သည်းနီကို လက်သည်းအလယ်မှာဆိုးရမှာပါ။ ပြီးရင် Top Coat ထပ်လို့ရပါတယ်။ တချို့လက်သည်းတွေမှာ ကျောက်လေး တစ်လုံး နှစ်လုံးကပ်ပေးရင်ပိုမိုက်သွားနိုင်ပါတယ်။

(၂)ဒီပုံစံလေးကလည်း ဖန်တီးရလွယ်ကူပါတယ်။ အနီနဲ့ကြက်သွေးကို တစ်မျိုးလှအောင်ဖန်တီးထားပုံပါ။ Graphic ဆန်တဲ့ဒီဒီဇိုင်းက စက်ဝိုင်းလေးကို ညီညီညာညာဆွဲတတ်ဖို့တော့လိုပါတယ်။ တခြားအရောင်လေးတွေနဲ့လည်း ပြောင်းလဲဖန်တီးနိုင်ပါတယ်။ Top Coat လေးဆိုးပြီးရင် တောက်ပတဲ့အဆင်အသွေးနဲ့ လှပနိုင်ပါတယ်။

(၃)1980 ပြည့်နှစ်အချိန်တွေက ခေတ်စားခဲ့တဲ့ အရောင်အသွေးလေးတွေပါ။ အရောင်တွေကို လိုက်ဖက်အောင် ပေါင်းစပ်ဖန်တီးရတာကြိုက်သူတွေအတွက် အဆင်ပြေပါတယ်။ ပန်းချီမျက်စိရှိသူလေးတွေအနေနဲ့ တခြားအရောင်တွဲစပ်မှုအမျိုးမျိုးကို ဖန်တီးလို့ရပါတယ်။

(၄)ရောင်စုံသက်တန့်တွေလို တောက်ပလှပနေစေမယ့် ဒီဇိုင်းဖြစ်ပါတယ်။ အစင်းဆွဲတဲ့ ဒီဇိုင်းက ရိုးတယ်ဆိုပေမယ့် အရောင်တွဲစပ်မှုအဆန်းလေးတွေကို ရွေးထုတ်ပြီးဖန်တီးကြည့်နိုင်ပါတယ်။ အနည်းဆုံး အရောင် ၄ ရောင်ကနေ ၅ ရောင်အထိ ဆိုးနိုင်ပါတယ်။ လူငယ်ဆန်ပြီး သွက်လက်လန်းဆန်းတဲ့ အသွင်ကိုရစေမှာပါ။

ဂျူဂျူး(အခရာ)

www.akhayar.com