[Zawgyi]

လီဗာပူးလ္ရဲ႕ လုိအပ္ေနတဲ့ ကြက္လပ္ကုိ ျဖည့္ဆည္းေပးမယ့္သူ နာဘီကီတာ Naby Keita

နာဘီကီတာ Naby Keita ကုိ လီဗာပူးလ္ ဘာလုိ႔ အသည္းအသန္ ေခၚယူခ်င္ခဲ့ရတာလဲဆုိတဲ့ ေမးခြန္းရဲ႕ အေျဖကုိ ၀က္စ္ဟမ္းနဲ႔ပဲြမွာ ရွာေတြ႕လုိက္ရၿပီ။ နာဘီကီတာဟာ လီဗာပူးလ္နည္းျပ ယာဂန္ကေလာ့ပ္ Jurgen Klopp ရင္ဆုိင္ေနရတဲ့ ျပႆနာအတြက္ အေျဖျဖစ္ေနလုိ႔ပဲ။ ၀က္စ္ဟမ္းကုိ (၄)ဂုိးျပတ္ အႏုိင္ရခဲ့တဲ့ပဲြမွာ နာဘီကီတာရဲ႕ ေျခစြမ္းကုိ ပရိသတ္ေတြ ၾကည့္လုိက္ရမွာေပါ့။ သူ႔ရဲ႕ Movement ၊ Vision ၊ Pace ေတြက ၀က္စ္ဟမ္းခံစစ္ကုိ တစစီၿဖိဳခဲြခဲ့ၿပီး အဖြင့္ဂုိးက သူ ပါ၀င္ပတ္သက္မႈေၾကာင့္ ရခဲ့တာပါ။

Salah-Score-For-Liverpool

Salah-Score-For-Liverpool

လီဗာပူးလ္အသင္းမွာ အရင္ကတည္းက လုိအပ္တာက ကြင္းလယ္နဲ႔ တိုက္စစ္ကုိ ခ်ိတ္ဆက္ေပးမယ့္ ကစားသမားပဲ။ ဆာလာ Salah ၊ ေဖမီႏုိ Firmino ၊ မာေနး Mane တို႔လုိ Finishing Skill ေကာင္းတဲ့ ကစားသမားေတြအတြက္ ပံ့ပုိးမႈ လုပ္ႏုိင္မယ့္ကစားသမားမ်ိဳး၊ သူတို႔(၃)ဦးရဲ႕ တိုးအား၊ ႐ုန္းအားေတြေၾကာင့္ လြတ္ထြက္လာတဲ့ Space ေတြကုိ ေကာင္းေကာင္း အသုံးခ်ႏုိင္မယ့္ ကစားသမားမ်ိဳး လုိအပ္ခဲ့တာပါ။ ခ်ိန္ဘာလိန္ Chamberlain က အဲဒီေနရာကုိ ၀င္ကစားႏုိင္တဲ့ကစားသမားမ်ိဳးျဖစ္ၿပီး အခု နာဘီကီတာ ေရာက္လာတာေၾကာင့္ ပုိေကာင္းဖုိ႔ပဲရွိေတာ့တယ္။

Naby-Keita-Playing-Style

Naby-Keita-Playing-Style

နာဘီကီတာက ယာဂန္ကေလာ့ပ္ လုိခ်င္တဲ့ ၿပိဳင္ဘက္ကုိ Press လုပ္ဖုိ႔၊ ေဘာလုံးဆုံး႐ႈံးသြားရင္လည္း အျမန္ဆုံး ျပန္ Cover လုပ္မယ့္ ကစားသမားမ်ိဳးပဲ။ အခုအခ်ိန္မွာ နာဘီကီတာရဲ႕ေျပာင္းေရႊ႕ေၾကး ေပါင္(၅၂.၅)သန္းက ထုိက္တန္မႈရွိလားဆုိတဲ့ ေမးခြန္းကုိ ေမးစရာမလုိေလာက္ေတာ့ဘူးလုိ႔ ထင္တယ္။ လီဗာပူးလ္အသငး္ရဲ႕ ဂႏၳ၀င္နံပါတ္(၈)ပုိင္ရွင္သစ္ နာဘီကီတာဟာ လီဗာပူးလ္အသင္း လုိအပ္ေနတဲ့ ကြက္လပ္ကုိ ျဖည့္ဆည္းေပးမယ့္ Piece Of Puzzle ဆုိတာ အေသအခ်ာပဲျဖစ္ပါေတာ့တယ္ . . .

REF:Mirror
Photo:straitstimes,iNews,Nigeriapen
Naing Linn(Akhayar)
www.akhayar.com

[Unicode]

လီဗာပူးလ်ရဲ့ လိုအပ်နေတဲ့ ကွက်လပ်ကို ဖြည့်ဆည်းပေးမယ့်သူ နာဘီကီတာ Naby Keita

နာဘီကီတာ Naby Keita ကို လီဗာပူးလ် ဘာလို့ အသည်းအသန် ခေါ်ယူချင်ခဲ့ရတာလဲဆိုတဲ့ မေးခွန်းရဲ့ အဖြေကို ဝက်စ်ဟမ်းနဲ့ပွဲမှာ ရှာတွေ့လိုက်ရပြီ။ နာဘီကီတာဟာ လီဗာပူးလ်နည်းပြ ယာဂန်ကလော့ပ် Jurgen Klopp ရင်ဆိုင်နေရတဲ့ ပြဿနာအတွက် အဖြေဖြစ်နေလို့ပဲ။ ဝက်စ်ဟမ်းကို (၄)ဂိုးပြတ် အနိုင်ရခဲ့တဲ့ပွဲမှာ နာဘီကီတာရဲ့ ခြေစွမ်းကို ပရိသတ်တွေ ကြည့်လိုက်ရမှာပေါ့။ သူ့ရဲ့ Movement ၊ Vision ၊ Pace တွေက ဝက်စ်ဟမ်းခံစစ်ကို တစစီဖြိုခွဲခဲ့ပြီး အဖွင့်ဂိုးက သူ ပါဝင်ပတ်သက်မှုကြောင့် ရခဲ့တာပါ။

Salah-Score-For-Liverpool

Salah-Score-For-Liverpool

လီဗာပူးလ်အသင်းမှာ အရင်ကတည်းက လိုအပ်တာက ကွင်းလယ်နဲ့ တိုက်စစ်ကို ချိတ်ဆက်ပေးမယ့် ကစားသမားပဲ။ ဆာလာ Salah ၊ ဖေမီနို Firmino ၊ မာနေး Mane တို့လို Finishing Skill ကောင်းတဲ့ ကစားသမားတွေအတွက် ပံ့ပိုးမှု လုပ်နိုင်မယ့်ကစားသမားမျိုး၊ သူတို့(၃)ဦးရဲ့ တိုးအား၊ ရုန်းအားတွေကြောင့် လွတ်ထွက်လာတဲ့ Space တွေကို ကောင်းကောင်း အသုံးချနိုင်မယ့် ကစားသမားမျိုး လိုအပ်ခဲ့တာပါ။ ချိန်ဘာလိန် Chamberlain က အဲဒီနေရာကို ဝင်ကစားနိုင်တဲ့ကစားသမားမျိုးဖြစ်ပြီး အခု နာဘီကီတာ ရောက်လာတာကြောင့် ပိုကောင်းဖို့ပဲရှိတော့တယ်။

Naby-Keita-Playing-Style

Naby-Keita-Playing-Style

နာဘီကီတာက ယာဂန်ကလော့ပ် လိုချင်တဲ့ ပြိုင်ဘက်ကို Press လုပ်ဖို့၊ ဘောလုံးဆုံးရှုံးသွားရင်လည်း အမြန်ဆုံး ပြန် Cover လုပ်မယ့် ကစားသမားမျိုးပဲ။ အခုအချိန်မှာ နာဘီကီတာရဲ့ပြောင်းရွှေ့ကြေး ပေါင်(၅၂.၅)သန်းက ထိုက်တန်မှုရှိလားဆိုတဲ့ မေးခွန်းကို မေးစရာမလိုလောက်တော့ဘူးလို့ ထင်တယ်။ လီဗာပူးလ်အသင်းရဲ့ ဂန္ထဝင်နံပါတ်(၈)ပိုင်ရှင်သစ် နာဘီကီတာဟာ လီဗာပူးလ်အသင်း လိုအပ်နေတဲ့ ကွက်လပ်ကို ဖြည့်ဆည်းပေးမယ့် Piece Of Puzzle ဆိုတာ အသေအချာပဲဖြစ်ပါတော့တယ် . . .

REF:Mirror
Photo:straitstimes,iNews,Nigeriapen
Naing Linn(Akhayar)
www.akhayar.com