







Zawyè (Akhayar) 

www.akhayar.com

Facebook လူမှုကွန်ရက်ပေါ်တွင်တင်ဆက်နေသည့် စာမျက်နှာများတွင် အခရာမှတင်ဆက်ထားသည့် ဆောင်းပါးများ၊ သတင်းများကို ခွင့်ပြုချက် တစ်စုံတစ်ရာ ရယူထားခြင်းမရှိဘဲ စီးပွားဖြစ် ကူးယူသုံးစွဲနေသည်များကို တွေ့ရှိနေရပါသည်။ အခရာစာမျက်နှာအား တစ်ဦးတစ်ယောက်ချင်း ဝေမျှသည်ကို အသိအမှတ်ပြုကျေးဇူးတင်သော်လည်း စီပွားဖြစ်တည်ထောင်ထားသည့် စာမျက်နှာများ၊ ဝက်ဘ်ဆိုက်များတွင် ကူးယူတင်ဆက်နေသည်များကိုမူ ပြင်းထန်စွာကန့်ကွက်ပါသည်။ သို့ဖြစ်ပါ၍ အခရာမီဒီယာမှတင်ဆက်နေသည့် အကြောင်းအရာများထဲမှ စာသားအချို့ကိုဖြစ်စေ ၊ အပုဒ်လိုက်ဖြစ်စေ ၊ တစ်ပိုဒ်ခြင်းဖြစ်စေ ကူးယူသုံးစွဲခြင်းမပြုရန်နှင့် ဆက်လက်ပြုလုပ်ပါက ခိုးယူသုံးစွဲနေသည့် စာမျက်နှာများကို အမည်နှင့်တကွ အများသိစေရန်ကြေညာသွားမည်ဖြစ်ပြီး ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း သတိပေးကြေညာအပ်ပါသည်။

[UNICODE]

မြန်မာနိုင်ငံအတွင်း စတုတ္ထမြောက် ဆက်သွယ်ရေးအော်ပရေတာဖြစ်လာတဲ့ Mytel ကနေ အခုလက်ရှိမှာ 2G နဲ့ 4G ကွန်ရက်တွေကို စတင်ဝန်ဆောင်မှုပေးနေပြီးတော့ တယ်လီဖုန်းဆက်သွယ်ခဈေးနှုန်းတွေနဲ့ အင်တာနက် Data Package ဈေးနှုန်းတွေက အများပြည်သူတတ်နိုင်တဲ့ ဈေးနှုန်းတွေဖြစ်တယ်ဆိုတာကတာ့ သိရှိပြီးဖြစ်မှာပါ။

ဒါပေမယ့် Mytel က အခုလိုမျိုး အသုံးပြုသူတွေကို ဈေးနှုန်းသက်သာတဲ့ Data Package တွေအပြင် Shake App တစ်ခုကို ထုတ်ပေးထားပြီးတော့ ကိုယ့်ဖုန်းကို Shake လုပ်လိုက်ရုံနဲ့ အဖိုးတန်ဆုလာဒ်တွေကို ရရှိနိုင်စေအောင် ပြုလုပ်ပေးထားပါတယ်။

အခုလိုမျိုး Mytel SIM Card ကို အသုံးပြုနေပြီဆိုတာနဲ့ အခု”Shake the Amazing” Promotion ကို ကံစမ်းခွင့်ရှိပါတယ်။ ဘယ်လိုမျိုး ပြုလုပ်ရမလဲဆိုရင်တော့

အရင်ဆုံး Website https://mytel.com.mm ဒါမှမဟုတ် Mytel Application ကို Google Play store နဲ့ App Store မှာ Download ရယူထားပါ ဒါမှမဟုတ် *966# ကို ခေါ်ဆိုပြီး ကံစမ်းကြည့်လို့ရပါတယ်။

အခုလိုမျိုး Website ဒါမှမဟုတ် App ကတစ်ဆင့် Shake တော့မယ်ဆိုရင်တော့ Login မှာ ကိုယ့်ရဲ့ Mytel ဖုန်းနံပါတ်နဲ့ OTP (One Time Password) ကို ထည့်သွင်းဖို့လိုအပ်မှာဖြစ်ပါတယ်။

ဝင်ရောက်ပြီးပြီဆိုရင်တော့ Shake ဖို့အတွက် Website နဲ့ App မှာ ရှိတဲ့ “Lucky Draw” ကို နှိပ်ဖို့ လိုအပ်မှာပါ။ *966# ကို ခေါ်ဆိုထားတယ်ဆိုရင်တော့ “*966# > 8. Lucky Draw > Play > Receive SMS” ကနေ Luck Draw ကို ကံစမ်းနိုင်ပါတယ်။

အခုလိုမျိုး App မှာ Shake လိုက်တာနဲ့ iPhone X ဖုန်းအသစ် ၊ English Scholarship တွေ၊ GBs ပေါင်းများစွာရမယ့် Data Packages တွေနဲ့ ဖုန်းပြောဆိုနိုင်တဲ့ မိနစ်တွေကို ရရှိမှာဖြစ်ပါတယ်။

အခုလိုမျိုး Shake လုပ်မယ်ဆိုရင် တစ်နေ့ကို ၅ ကြိမ်အထိ Shake နိုင်မှာဖြစ်ပြီးတော့ ဇွန်လ ၉ ရက်နေ့ကနေ သြဂုတ်လ ၈ ရက်နေ့အထိ ကံစမ်းနိုင်မှာဖြစ်တယ်လို့ သိရပါတယ်။ Akhayar ပရိတ်သတ်ကြီးထဲမှာရော Mytel သုံးနေကြပြီဆိုရင် Shake ပြီးကြပြီလား?

Zawyè (Akhayar) 

www.akhayar.com