ျမန္မာႏုိင္ငံမွာ စတုတၳေျမာက္ ဆက္သြယ္ေရးေအာ္ပေရတာျဖစ္တဲ့ Mytel ရဲ႕ Brand Ambassadors ၂ ဦးျဖစ္တဲ့ အကယ္ဒမီဆုရွင္ ရုပ္ရွင္မင္းသားေနတုိး နဲ႔ ဗီယမ္နမ္ေမာ္ဒယ္ ငုရင္ထရမ္တို႔က အခု Mytel ကေန တရားဝင္ေရာင္းခ်ေနျပီျဖစ္တဲ့ မိုက္တယ္ SIM Card ေတြအသံုးျပဳရတဲ့ အေတြ႕အၾကံဳကို အခုလုိပဲ ေျပာျပသြားခဲ့ပါတယ္။

Mytel

အခု Mytel ရဲ႕ Brand Ambassadors ေတြျဖစ္တဲ့ ေနတုိးနဲ႔ ငုရင္ထရမ္တို႔က Mytel ရဲ႕ ကြန္ရက္ကို အရင္ဆံုးစမ္းသပ္အသံုးျပဳေနတဲ့သူေတြလည္းျဖစ္ပါတယ္။ အခု Mytel အသံုးျပဳသူေတြဟာ ပထမဆံုး ၃ လမွာ 1500MB နဲ႔ မိနစ္ ၁၅၀ ဖုန္းေျပာလုိ႔ရမယ့္ ဆုမဲေတြကိုလည္း ရရွိမွာျဖစ္သလုိ ဖုန္းေငြျဖည့္ျခင္းအတြက္လည္း ၁၀၀ ရာခုိင္ႏႈန္း Bonus ေတြကို ရရွိဦးမွာပါ။ ဒါတင္မကေသးပဲ Double Benefits Plan ျဖစ္တဲ့ 5GB နဲ႔ မိနစ္ ၂၅၀ ဖုန္းေျပာခြင့္ကို ၄၀၀၀ က်ပ္ထဲနဲ႔ ဝယ္ယူႏုိင္မွာျဖစ္ပါတယ္။ အခု Mytel ရဲ႕ Promotion ေတြက ဇြန္လ ၉ ရက္ေန႔ကေန စက္တင္ဘာလ ၈ ရက္ေန႔အထိ အက်ံဳးဝင္မွာပဲျဖစ္ပါတယ္။

Mytel

အခုလုိမ်ိဳး ေစ်းႏႈန္းသက္သာျပီး Promotion ေတြအမ်ားၾကီးရွိေနတဲ့ Mytel အေၾကာင္းကို ေနတိုးနဲ႔ ငုရင္ထရမ္တုိ႔ကဘယ္လုိမ်ိဳး ေျပာျပသြားခဲ့သလဲ?

အရင္ဆံုး ေနတုိးကေတာ့ “Mytel နဲ႔ ပတ္သတ္ျပီးေတာ့ ကၽြန္ေတာ္အၾကိဳက္ဆံုး Feature ကေတာ့ VoLTE နည္းပညာပါ၊ ကၽြန္ေတာ္ YouTube Video တစ္ခုၾကည့္ေနရင္းနဲ႔ သူငယ္ခ်င္းတစ္ေယာက္ကို ဖုန္းေခၚၾကည့္တဲ့အခ်ိန္မွာ ဖုန္းလုိင္းကလည္း အသံၾကည္လင္ေနျပီးေတာ့ Video ကလည္း လံုးဝမထစ္သြားတာက ေတာ္ေတာ္ေလးကို အံ့ၾသဖုိ႔ေကာင္းပါတယ္။” လို႔ ေျပာၾကားခဲ့ပါတယ္။

ဒါတင္မဟုတ္ေသးပဲ ေနတုိးက သူဟာ အခုလုိမ်ိဳး Mytel ရဲ႕ တစိတ္တပိုင္းမွာ ပါဝင္ရတဲ့အတြက္ ဂုဏ္ယူမိျပီးေတာ့ Mytel ဟာ သာမန္ Telecom Service တစ္ခုထက္ေတာင္ ပိုတယ္လို႔ ေျပာၾကားခဲ့ပါတယ္။ Mytel ဟာ ႏုိင္ငံ ၂ ခု ပူးေပါင္းတာလို႔ေျပာလုိ႔ရျပီးေတာ့ သူဟာ အဓိကက်တဲ့ျမိဳ႕ျပေတြတင္မဟုတ္ပဲ ႏုိင္ငံတကာအထိပါ Mytel ရဲ႕ 4G ကြန္ရက္ကေန တစ္ဆင့္ ပရိသတ္ေတြကို ဆက္သြယ္ေပးသြားမယ္လုိ႔ ထပ္ေလာင္းေျပာၾကားခဲ့ပါေသးတယ္။

Mytel

ဗီယမ္နမ္က နာမည္ၾကီးေမာ္ဒယ္ ငုရင္ထရမ္ကလည္း သူ႔ရဲ႕ အေတြ႕အၾကံဳကို မွ်ေဝေပးခဲ့ပါတယ္။

“ကၽြန္မကေတာ့ ဗီယမ္နမ္မွာ က်န္ခဲ့တဲ့ ကၽြန္မရဲ႕ မိသားစုနဲ႔ Video Call ေျပာျဖစ္ခဲ့ျပီး သူတို႔ကို ကၽြန္မ ရန္ကုန္မွာ အဆင္ေျပေနတယ္ဆိုတာကို အသိေပးျဖစ္ခဲ့ပါတယ္။ အင္တာနက္လုိင္းက အရမ္းကိုေကာင္းမြန္ျပီးေတာ့ ကၽြန္မတို႔က ဒီႏုိင္ငံက ဘယ္ေလာက္လွတယ္ဆုိတာနဲ႔ ျမန္မာႏုိင္ငံမွာ ကၽြန္မဘာေတြလုပ္ျဖစ္မလဲဆိုတာကို နာရီနဲ႔ခ်ီျပီးကို ေျပာျဖစ္ခဲ့ပါတယ္။ အခုလုိမ်ိဳး Mytel ရဲ႕ ေကာင္းမြန္လွတဲ့ 4G ကြန္ရက္ေၾကာင့္ ႏုိင္ငံရပ္ျခားမွာ ေနထုိင္ေနတဲ့ မိသားစုေတြကလည္း ပိုျပီး ဆက္သြယ္ႏုိင္ေတာ့မွာပါ။”

Mytel

Mytel ဟာ အသံုးျပဳသူေတြအတြက္ Shake App ကိုလည္း မိတ္ဆက္ေပးခဲ့ျပီးေတာ့ အဆုိပါ App က အသံုးျပဳရတာလည္း အလြန္လြယ္ကူျပီး အသံုးျပဳသူေတြက သူတို႔ရဲ႕ ဖုန္းေတြကို Shake လုိက္ရုံနဲ႔တင္္ iPhone X ၊ Scholarship Package ၊ Data Package ေတြနဲ႔ ဖုန္းေျပာဆုိတဲ့ မိနစ္ေတြကို လက္ေဆာင္ရဦးမွာပါ။ အခု Shake ျပဳလုပ္ျပီး လက္ေဆာင္ေတြကို ၾသဂုတ္လ ၈ ရက္ေန႔အထိ တစ္ေန႔ကို ၅ ၾကိမ္ Shake လုပ္ႏုိင္မယ္လုိ႔ သိရပါတယ္။

Zawyè (Akhayar) 

www.akhayar.com

Facebook လူမႈကြန္ရက္ေပၚတြင္တင္ဆက္ေနသည့္ စာမ်က္ႏွာမ်ားတြင္ အခရာမွတင္ဆက္ထားသည့္ ေဆာင္းပါးမ်ား၊ သတင္းမ်ားကို ခြင့္ျပဳခ်က္ တစ္စံုတစ္ရာ ရယူထားျခင္းမရွိဘဲ စီးပြားျဖစ္ ကူးယူသံုးစြဲေနသည္မ်ားကို ေတြ႕ရွိေနရပါသည္။ အခရာစာမ်က္ႏွာအား တစ္ဦးတစ္ေယာက္ခ်င္း ေဝမ်ွသည္ကို အသိအမွတ္ျပဳေက်းဇူးတင္ေသာ္လည္း စီပြားျဖစ္တည္ေထာင္ထားသည့္ စာမ်က္ႏွာမ်ား၊ ဝက္ဘ္ဆုိက္မ်ားတြင္ ကူးယူတင္ဆက္ေနသည္မ်ားကိုမူ ျပင္းထန္စြာကန္႔ကြက္ပါသည္။ သို႕ျဖစ္ပါ၍ အခရာမီဒီယာမွတင္ဆက္ေနသည့္ အေၾကာင္းအရာမ်ားထဲမွ စာသားအခ်ိဳ႕ကုိျဖစ္ေစ ၊ အပုဒ္လိုက္ျဖစ္ေစ ၊ တစ္ပိုဒ္ျခင္းျဖစ္ေစ ကူးယူသံုးစြဲျခင္းမျပဳရန္ႏွင့္ ဆက္လက္ျပဳလုပ္ပါက ခိုးယူသံုးစြဲေနသည့္ စာမ်က္ႏွာမ်ားကို အမည္ႏွင့္တကြ အမ်ားသိေစရန္ေၾကညာသြားမည္ျဖစ္ၿပီး ဥပေဒအရ အေရးယူမည္ျဖစ္ေၾကာင္း သတိေပးေၾကညာအပ္ပါသည္။

[UNICODE]

မြန်မာနိုင်ငံမှာ စတုတ္ထမြောက် ဆက်သွယ်ရေးအော်ပရေတာဖြစ်တဲ့ Mytel ရဲ့ Brand Ambassadors ၂ ဦးဖြစ်တဲ့ အကယ်ဒမီဆုရှင် ရုပ်ရှင်မင်းသားနေတိုး နဲ့ ဗီယမ်နမ်မော်ဒယ် ငုရင်ထရမ်တို့က အခု Mytel ကနေ တရားဝင်ရောင်းချနေပြီဖြစ်တဲ့ မိုက်တယ် SIM Card တွေအသုံးပြုရတဲ့ အတွေ့အကြုံကို အခုလိုပဲ ပြောပြသွားခဲ့ပါတယ်။

Mytel

အခု Mytel ရဲ့ Brand Ambassadors တွေဖြစ်တဲ့ နေတိုးနဲ့ ငုရင်ထရမ်တို့က Mytel ရဲ့ ကွန်ရက်ကို အရင်ဆုံးစမ်းသပ်အသုံးပြုနေတဲ့သူတွေလည်းဖြစ်ပါတယ်။ အခု Mytel အသုံးပြုသူတွေဟာ ပထမဆုံး ၃ လမှာ 1500MB နဲ့ မိနစ် ၁၅၀ ဖုန်းပြောလို့ရမယ့် ဆုမဲတွေကိုလည်း ရရှိမှာဖြစ်သလို ဖုန်းငွေဖြည့်ခြင်းအတွက်လည်း ၁၀၀ ရာခိုင်နှုန်း Bonus တွေကို ရရှိဦးမှာပါ။ ဒါတင်မကသေးပဲ Double Benefits Plan ဖြစ်တဲ့ 5GB နဲ့ မိနစ် ၂၅၀ ဖုန်းပြောခွင့်ကို ၄၀၀၀ ကျပ်ထဲနဲ့ ဝယ်ယူနိုင်မှာဖြစ်ပါတယ်။ အခု Mytel ရဲ့ Promotion တွေက ဇွန်လ ၉ ရက်နေ့ကနေ စက်တင်ဘာလ ၈ ရက်နေ့အထိ အကျုံးဝင်မှာပဲဖြစ်ပါတယ်။

Mytel

အခုလိုမျိုး ဈေးနှုန်းသက်သာပြီး Promotion တွေအများကြီးရှိနေတဲ့ Mytel အကြောင်းကို နေတိုးနဲ့ ငုရင်ထရမ်တို့ကဘယ်လိုမျိုး ပြောပြသွားခဲ့သလဲ?

အရင်ဆုံး နေတိုးကတော့ “Mytel နဲ့ ပတ်သတ်ပြီးတော့ ကျွန်တော်အကြိုက်ဆုံး Feature ကတော့ VoLTE နည်းပညာပါ၊ ကျွန်တော် YouTube Video တစ်ခုကြည့်နေရင်းနဲ့ သူငယ်ချင်းတစ်ယောက်ကို ဖုန်းခေါ်ကြည့်တဲ့အချိန်မှာ ဖုန်းလိုင်းကလည်း အသံကြည်လင်နေပြီးတော့ Video ကလည်း လုံးဝမထစ်သွားတာက တော်တော်လေးကို အံ့သြဖို့ကောင်းပါတယ်။” လို့ ပြောကြားခဲ့ပါတယ်။

ဒါတင်မဟုတ်သေးပဲ နေတိုးက သူဟာ အခုလိုမျိုး Mytel ရဲ့ တစိတ်တပိုင်းမှာ ပါဝင်ရတဲ့အတွက် ဂုဏ်ယူမိပြီးတော့ Mytel ဟာ သာမန် Telecom Service တစ်ခုထက်တောင် ပိုတယ်လို့ ပြောကြားခဲ့ပါတယ်။ Mytel ဟာ နိုင်ငံ ၂ ခု ပူးပေါင်းတာလို့ပြောလို့ရပြီးတော့ သူဟာ အဓိကကျတဲ့မြို့ပြတွေတင်မဟုတ်ပဲ နိုင်ငံတကာအထိပါ Mytel ရဲ့ 4G ကွန်ရက်ကနေ တစ်ဆင့် ပရိသတ်တွေကို ဆက်သွယ်ပေးသွားမယ်လို့ ထပ်လောင်းပြောကြားခဲ့ပါသေးတယ်။

Mytel

ဗီယမ်နမ်က နာမည်ကြီးမော်ဒယ် ငုရင်ထရမ်ကလည်း သူ့ရဲ့ အတွေ့အကြုံကို မျှဝေပေးခဲ့ပါတယ်။

“ကျွန်မကတော့ ဗီယမ်နမ်မှာ ကျန်ခဲ့တဲ့ ကျွန်မရဲ့ မိသားစုနဲ့ Video Call ပြောဖြစ်ခဲ့ပြီး သူတို့ကို ကျွန်မ ရန်ကုန်မှာ အဆင်ပြေနေတယ်ဆိုတာကို အသိပေးဖြစ်ခဲ့ပါတယ်။ အင်တာနက်လိုင်းက အရမ်းကိုကောင်းမွန်ပြီးတော့ ကျွန်မတို့က ဒီနိုင်ငံက ဘယ်လောက်လှတယ်ဆိုတာနဲ့ မြန်မာနိုင်ငံမှာ ကျွန်မဘာတွေလုပ်ဖြစ်မလဲဆိုတာကို နာရီနဲ့ချီပြီးကို ပြောဖြစ်ခဲ့ပါတယ်။ အခုလိုမျိုး Mytel ရဲ့ ကောင်းမွန်လှတဲ့ 4G ကွန်ရက်ကြောင့် နိုင်ငံရပ်ခြားမှာ နေထိုင်နေတဲ့ မိသားစုတွေကလည်း ပိုပြီး ဆက်သွယ်နိုင်တော့မှာပါ။”

Mytel

Mytel ဟာ အသုံးပြုသူတွေအတွက် Shake App ကိုလည်း မိတ်ဆက်ပေးခဲ့ပြီးတော့ အဆိုပါ App က အသုံးပြုရတာလည်း အလွန်လွယ်ကူပြီး အသုံးပြုသူတွေက သူတို့ရဲ့ ဖုန်းတွေကို Shake လိုက်ရုံနဲ့တင် iPhone X ၊ Scholarship Package ၊ Data Package တွေနဲ့ ဖုန်းပြောဆိုတဲ့ မိနစ်တွေကို လက်ဆောင်ရဦးမှာပါ။ အခု Shake ပြုလုပ်ပြီး လက်ဆောင်တွေကို သြဂုတ်လ ၈ ရက်နေ့အထိ တစ်နေ့ကို ၅ ကြိမ် Shake လုပ်နိုင်မယ်လို့ သိရပါတယ်။

Zawyè (Akhayar) 

www.akhayar.com