[Zawgyi]

ပရိသတ္ေတြ စိတ္ဝင္စားမႈရရွိေနတဲ့“ဒုဌ၀တီကုိလြန္၍” ဇာတ္ကားကို မၾကာမီ ၾကည့္ရႈရေတာ့မယ္

Trailer ထြက္လာကတည္းက ျမန္မာ႔ရုပ္ရွင္ခ်စ္ပရိသတ္ေတြရဲ႕ စိတ္ဝင္စားမႈအျမင့္ဆံုးကိုရရွိခဲ့တဲ့ “ဒုဌ၀တီကုိလြန္၍” ရုပ္ရွင္ဇာတ္ကားႀကီးကို လာမယ့္ ေမလ 4 ရက္ေန႔မွာ JCGV ရုပ္ရွင္ရံုႀကီးမ်ားမွာ ျပသသြားေတာ့မွာ ျဖစ္တယ္လို႔သိရပါတယ္။ “ဒုဌ၀တီကုိလြန္၍” ဇာတ္ကားကို မ်ိဳးဆက္သစ္လူငယ္ဒါရိုက္တာတစ္ဦးျဖစ္တဲ့ အာကာက ပံုေဖာ္ရိုက္ကူးထားကာ သရုပ္ေဆာင္မ်ားအေနနဲ႔ ႏိုင္းႏိုင္း၊ အမြန္း၊ ေဇာ္ေဇာ္ေအာင္၊ ေနာ္ေအာင္၊ Joe Moreira၊ ဆန္းထြဋ္တို႔အျပင္ တစ္ျခားအႏုပညာရွင္ သရုပ္ေဆာင္မ်ားကလည္း ပါဝင္သရုပ္ေဆာင္ထားၾကပါတယ္။

“ဒုဌ၀တီကုိလြန္၍” ဇာတ္ကားက တကယ္ကိုေဖ်ာ္ေျဖေရးသက္သက္ ရုပ္ရွင္ဇာတ္ကားတစ္ကားျဖစ္ကာ ရတနာသိုက္ကို လိုက္ရွာတဲ့ဇာတ္ကို အေျခခံထားတဲ့အျပင္ စြန္႔စားခန္းေတြပါဝင္ထားတဲ့ အက္ရွင္ဇာတ္ကားျဖစ္တဲ့အတြက္ ပရိသတ္ေတြအေနနဲ႔ တကယ္ကို ေဖ်ာ္ေျဖမႈအျပည့္အဝရရွိေစမယ့္ ဇာတ္ကားတစ္ကားျဖစ္ေၾကာင္းကိုေတာ့ ဇာတ္ကားကို ပံုေဖာ္ဖန္တီးထားတဲ့ ဒါရိုက္တာအာကာက ေျပာျပထားခဲ့တာျဖစ္ပါတယ္။

ဇာတ္ကားကို ရိုက္ကူးပံုေဖာ္ခဲ့တဲ့ ဒါရိုက္တာအာကာက “လူငယ္ရိုက္ခ်က္ျဖစ္တဲ့အတြက္ ရူးရူးသြပ္သြပ္ေတြပါတယ္။ စည္းေတြေဘာင္ေတြမရွိဘူး။ ပံုမွန္ရိုးရိုးေလးေျပာလို႔ရတဲ့ဟာကို ဆန္းဆန္းေလးရိုက္ခ်င္တယ္။ နည္းနည္းေလးလႈပ္လိုက္ရမွ စာအုပ္ႀကီးအတိုင္း မရိုက္ဘူး။ အဲဒီအတြက္ စာအုပ္ႀကီးအတိုင္း မထြက္လာဘူးေပ့ါ။ လိုက္နာရမယ့္စည္းကမ္းကို လိုက္နာတယ္။ ရူးရူးသြပ္သြပ္ကို ရိုက္ၾကတယ္။ စည္းေဘာင္ေတြလံုးဝမရွိဘဲ ရုိက္ထားတယ္။ အဲဒီေတာ့ ကၽြန္ေတာ္ကိုယ္တုိင္လည္း အရမ္းကိုႀကိဳက္တဲ့ ဇာတ္ကားတစ္ကားပါ” လို႔ ေျပာပါတယ္။

“ဒုဌ၀တီကုိလြန္၍”ဇာတ္ကားကို၂၀၁၇ ခုႏွစ္ မတ္လ ၁၂ ရက္ေန႔က အျမည္းအေနနဲ႔ Teaser ၁ မိနစ္စာ Video အပိုင္းကေလးကို တင္ေပးခဲ့ရာ ပရိသတ္ေတြရဲ႕စိတ္ဝင္စားမႈကို အမ်ားအျပားရရွိခဲ့ၿပီး တစ္ရက္အတြင္းမွာ အဲဒီဗီဒီယိုဖိုင္ကို ၾကည့္ရႈသူပရိသတ္ေပါင္း ၈ သိန္းေက်ာ္ ရွိခဲ့တယ္လို႔လည္း သိရပါတယ္။

www.akhayar.com

Facebook လူမႈကြန္ရက္ေပၚတြင္တင္ဆက္ေနသည့္ စာမ်က္ႏွာမ်ားတြင္ အခရာမွတင္ဆက္ထားသည့္ ေဆာင္းပါးမ်ား၊ သတင္းမ်ားကို ခြင့္ျပဳခ်က္ တစ္စုံတစ္ရာ ရယူထားျခင္းမရွိဘဲ စီးပြားျဖစ္ ကူးယူသုံးစြဲေနသည္မ်ားကို ေတြ႕ရွိေနရပါသည္။ အခရာစာမ်က္ႏွာအား တစ္ဦးတစ္ေယာက္ခ်င္း ေဝမွ်သည္ကို အသိအမွတ္ျပဳေက်းဇူးတင္ေသာ္လည္း စီပြားျဖစ္တည္ေထာင္ထားသည့္ စာမ်က္ႏွာမ်ား၊ ဝက္ဘ္ဆိုက္မ်ားတြင္ ကူးယူတင္ဆက္ေနသည္မ်ားကိုမူ ျပင္းထန္စြာကန႔္ကြက္ပါသည္။ သို႔ျဖစ္ပါ၍ အခရာမီဒီယာမွတင္ဆက္ေနသည့္ အေၾကာင္းအရာမ်ားထဲမွ စာသားအခ်ိဳ႕ကိုျဖစ္ေစ ၊ အပုဒ္လိုက္ျဖစ္ေစ ၊ တစ္ပိုဒ္ျခင္းျဖစ္ေစ ကူးယူသုံးစြဲျခင္းမျပဳရန္ႏွင့္ ဆက္လက္ျပဳလုပ္ပါက ခိုးယူသုံးစြဲေနသည့္ စာမ်က္ႏွာမ်ားကို အမည္ႏွင့္တကြ အမ်ားသိေစရန္ေၾကညာသြားမည္ျဖစ္ၿပီး ဥပေဒအရ အေရးယူမည္ျဖစ္ေၾကာင္း သတိေပးေၾကညာအပ္ပါသည္။

[Unicode]

ပရိသတ်တွေ စိတ်ဝင်စားမှုရရှိနေတဲ့“ဒုဌဝတီကိုလွန်၍” ဇာတ်ကားကို မကြာမီ ကြည့်ရှုရတော့မယ်

Trailer ထွက်လာကတည်းက မြန်မာ့ရုပ်ရှင်ချစ်ပရိသတ်တွေရဲ့ စိတ်ဝင်စားမှုအမြင့်ဆုံးကိုရရှိခဲ့တဲ့ “ဒုဌဝတီကိုလွန်၍” ရုပ်ရှင်ဇာတ်ကားကြီးကို လာမယ့် မေလ 4 ရက်နေ့မှာ JCGV ရုပ်ရှင်ရုံကြီးများမှာ ပြသသွားတော့မှာ ဖြစ်တယ်လို့သိရပါတယ်။ “ဒုဌဝတီကိုလွန်၍” ဇာတ်ကားကို မျိုးဆက်သစ်လူငယ်ဒါရိုက်တာတစ်ဦးဖြစ်တဲ့ အာကာက ပုံဖော်ရိုက်ကူးထားကာ သရုပ်ဆောင်များအနေနဲ့ နိုင်းနိုင်း၊ အမွန်း၊ ဇော်ဇော်အောင်၊ နော်အောင်၊ Joe Moreira၊ ဆန်းထွဋ်တို့အပြင် တစ်ခြားအနုပညာရှင် သရုပ်ဆောင်များကလည်း ပါဝင်သရုပ်ဆောင်ထားကြပါတယ်။

“ဒုဌဝတီကိုလွန်၍” ဇာတ်ကားက တကယ်ကိုဖျော်ဖြေရေးသက်သက် ရုပ်ရှင်ဇာတ်ကားတစ်ကားဖြစ်ကာ ရတနာသိုက်ကို လိုက်ရှာတဲ့ဇာတ်ကို အခြေခံထားတဲ့အပြင် စွန့်စားခန်းတွေပါဝင်ထားတဲ့ အက်ရှင်ဇာတ်ကားဖြစ်တဲ့အတွက် ပရိသတ်တွေအနေနဲ့ တကယ်ကို ဖျော်ဖြေမှုအပြည့်အဝရရှိစေမယ့် ဇာတ်ကားတစ်ကားဖြစ်ကြောင်းကိုတော့ ဇာတ်ကားကို ပုံဖော်ဖန်တီးထားတဲ့ ဒါရိုက်တာအာကာက ပြောပြထားခဲ့တာဖြစ်ပါတယ်။

ဇာတ်ကားကို ရိုက်ကူးပုံဖော်ခဲ့တဲ့ ဒါရိုက်တာအာကာက “လူငယ်ရိုက်ချက်ဖြစ်တဲ့အတွက် ရူးရူးသွပ်သွပ်တွေပါတယ်။ စည်းတွေဘောင်တွေမရှိဘူး။ ပုံမှန်ရိုးရိုးလေးပြောလို့ရတဲ့ဟာကို ဆန်းဆန်းလေးရိုက်ချင်တယ်။ နည်းနည်းလေးလှုပ်လိုက်ရမှ စာအုပ်ကြီးအတိုင်း မရိုက်ဘူး။ အဲဒီအတွက် စာအုပ်ကြီးအတိုင်း မထွက်လာဘူးပေ့ါ။ လိုက်နာရမယ့်စည်းကမ်းကို လိုက်နာတယ်။ ရူးရူးသွပ်သွပ်ကို ရိုက်ကြတယ်။ စည်းဘောင်တွေလုံးဝမရှိဘဲ ရိုက်ထားတယ်။ အဲဒီတော့ ကျွန်တော်ကိုယ်တိုင်လည်း အရမ်းကိုကြိုက်တဲ့ ဇာတ်ကားတစ်ကားပါ” လို့ ပြောပါတယ်။

“ဒုဌဝတီကိုလွန်၍”ဇာတ်ကားကို၂၀၁၇ ခုနှစ် မတ်လ ၁၂ ရက်နေ့က အမြည်းအနေနဲ့ Teaser ၁ မိနစ်စာ Video အပိုင်းကလေးကို တင်ပေးခဲ့ရာ ပရိသတ်တွေရဲ့စိတ်ဝင်စားမှုကို အများအပြားရရှိခဲ့ပြီး တစ်ရက်အတွင်းမှာ အဲဒီဗီဒီယိုဖိုင်ကို ကြည့်ရှုသူပရိသတ်ပေါင်း ၈ သိန်းကျော် ရှိခဲ့တယ်လို့လည်း သိရပါတယ်။

www.akhayar.com

Facebook လူမှုကွန်ရက်ပေါ်တွင်တင်ဆက်နေသည့် စာမျက်နှာများတွင် အခရာမှတင်ဆက်ထားသည့် ဆောင်းပါးများ၊ သတင်းများကို ခွင့်ပြုချက် တစ်စုံတစ်ရာ ရယူထားခြင်းမရှိဘဲ စီးပွားဖြစ် ကူးယူသုံးစွဲနေသည်များကို တွေ့ရှိနေရပါသည်။ အခရာစာမျက်နှာအား တစ်ဦးတစ်ယောက်ချင်း ဝေမျှသည်ကို အသိအမှတ်ပြုကျေးဇူးတင်သော်လည်း စီပွားဖြစ်တည်ထောင်ထားသည့် စာမျက်နှာများ၊ ဝက်ဘ်ဆိုက်များတွင် ကူးယူတင်ဆက်နေသည်များကိုမူ ပြင်းထန်စွာကန့်ကွက်ပါသည်။ သို့ဖြစ်ပါ၍ အခရာမီဒီယာမှတင်ဆက်နေသည့် အကြောင်းအရာများထဲမှ စာသားအချို့ကိုဖြစ်စေ ၊ အပုဒ်လိုက်ဖြစ်စေ ၊ တစ်ပိုဒ်ခြင်းဖြစ်စေ ကူးယူသုံးစွဲခြင်းမပြုရန်နှင့် ဆက်လက်ပြုလုပ်ပါက ခိုးယူသုံးစွဲနေသည့် စာမျက်နှာများကို အမည်နှင့်တကွ အများသိစေရန်ကြေညာသွားမည်ဖြစ်ပြီး ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း သတိပေးကြေညာအပ်ပါသည်။