[Zawgyi]

အသက္ ၃၂ နွစ္ျပည့္ေမြးေန႔မွာ ကေလးအေဖျဖစ္မယ့္ ျမင့္ျမတ္

ဒီေန႔ ၾသဂုတ္လ ၇ ရက္ေန႔ဟာ ဆိုရင္ ျမင့္ျမတ္ရဲ ႔ အသက္ ၃၂ နွစ္ျပည့္ေမြးေန႔ပဲျဖစ္ပါတယ္။ သူ႔ကို ၁၉၈၆ ခုနွစ္ ၾသဂုတ္လ ၇ ရက္ေန႔မွာ ေမြးခဲ့တာပါ။ ဒီေန႔မွာပဲ ျမင့္ျမတ္ရဲ ႔အမ်ိဳးသမီးျဖစ္သူက ကေလးေမြးမယ္လုိ႔လည္း သိထားပါတယ္။

 

ျမင့့္ျမတ္ရဲ ႔ မိန္းမျဖစ္သူ က သူ႕အမ်ိဳးသားရဲ ႔ေမြးေန႕မွာ ကေလးေလးေမြးမယ္လို႔ မီဒီယာအင္တာဗ်ဴးေတြကေနတဆင့္ သိရွိထားၿပီးျဖစ္သလို ဒီေန႔မွာလည္း ဝိတိုရိယေဆးရံုမွာ ကေလးေမြးဖို႔ အတြက္ေရာက္ရွိေနၾကၿပီျဖစ္ပါတယ္။

ကေလးကေတာ့ ျမင့္ျမတ္တို႔ ဇနီးေမာင္နွံအတြက္ သားဦးလည္း ျဖစ္ပါတယ္။ အသက္ ၃၂ နွစ္ျပည့္တဲ့ ေန႔မွာ ေဖေဖျမင့္ျမတ္အတြက္ ပရိသတ္ႀကီးကလည္း ထပ္တူဝမ္းသာပီတိျဖစ္ရပါတယ္။ ေမြးေန႔မွာ ေပ်ာ္ရႊင္မႈ အမ်ားႀကီးပိုင္ဆိုင္နုိင္ပါေစလို႔လည္း ဆုေတာင္းေပးလိုက္ပါတယ္။

Photo Credit: Myint Myat

ၾကည္သာ (Akhayar)

www.akhayar.com
[Unicode]

အသက် ၃၂ နှစ်ပြည့်မွေးနေ့မှာ ကလေးအဖေဖြစ်မယ့် မြင့်မြတ်

ဒီနေ့ သြဂုတ်လ ၇ ရက်နေ့ဟာ ဆိုရင် မြင့်မြတ်ရဲ့ အသက် ၃၂ နှစ်ပြည့်မွေးနေ့ပဲဖြစ်ပါတယ်။ သူ့ကို ၁၉၈၆ ခုနှစ် သြဂုတ်လ ၇ ရက်နေ့မှာ မွေးခဲ့တာပါ။ ဒီနေ့မှာပဲ မြင့်မြတ်ရဲ့အမျိုးသမီးဖြစ်သူက ကလေးမွေးမယ်လို့လည်း သိထားပါတယ်။

 

မြင့်မြတ်ရဲ့ မိန်းမဖြစ်သူ က သူ့အမျိုးသားရဲ့မွေးနေ့မှာ ကလေးလေးမွေးမယ်လို့ မီဒီယာအင်တာဗျူးတွေကနေတဆင့် သိရှိထားပြီးဖြစ်သလို ဒီနေ့မှာလည်း ဝိတိုရိယဆေးရုံမှာ ကလေးမွေးဖို့ အတွက်ရောက်ရှိနေကြပြီဖြစ်ပါတယ်။

ကလေးကတော့ မြင့်မြတ်တို့ ဇနီးမောင်နှံအတွက် သားဦးလည်း ဖြစ်ပါတယ်။ အသက် ၃၂ နှစ်ပြည့်တဲ့ နေ့မှာ ဖေဖေမြင့်မြတ်အတွက် ပရိသတ်ကြီးကလည်း ထပ်တူဝမ်းသာပီတိဖြစ်ရပါတယ်။ မွေးနေ့မှာ ပျော်ရွှင်မှု အများကြီးပိုင်ဆိုင်နိုင်ပါစေလို့လည်း ဆုတောင်းပေးလိုက်ပါတယ်။

Photo Credit: Myint Myat

ကြည်သာ (Akhayar)

www.akhayar.com