[Zawgyi]

ေမြးေန႕တူတဲ့ ျမင့္ျမတ္တုိ႕သားအဖ ရဲ႕ ၾကည္ႏူးစရာအလႈဒါန

ႏုိင္ငံေက်ာ္မင္းသားတစ္လက္ျဖစ္တဲ့ ျမင့္ျမတ္ကေတာ့ ၾသဂုတ္လ(၇)ရက္ေန႕ဟာ သူ႕ရဲ႕ ေမြးေန႕ျဖစ္သလုိ ဇနီးျဖစ္သူ ခင္သူေအာင္က သူ႕အတြက္ရင္ေသြးေလး ေမြးဖြားေပးခဲ့တဲ့ေန႕လည္းျဖစ္ပါတယ္။ ေမြးေန႕မွာ အမြန္ျမတ္ဆုံးလက္ေဆာင္အေနနဲ႕ ရရွိခဲ့တဲ့ ပရိသတ္အခ်စ္ေတာ္ ဂ်င္းေကာင္ ကေတာ့ ဖခင္ရာထူးတုိးသြားလုိ႕ ၀မ္းသာမဆုံးျဖစ္ေနျပီး သားနဲ႕ ဇနီးကုိလည္း အရိပ္တၾကည့္ၾကည့္နဲ႕ ၾကည့္မ၀ႏုိင္ေအာင္ျဖစ္ေနတာပါ။

ျမင့္ျမတ္ ရဲ႕ မိဘႏွစ္ပါးနဲ႕ တူေလး


ဒီေန႕ ၾသဂုတ္လ(၈)ရက္ေန႕မွာေတာ့ ျမင့္ျမတ္ဟာ သူ႕ရဲ႕ မိဘႏွစ္ပါးကုိ ဦးထိပ္ထားျပီး သားျဖစ္သူ ဂ်ဴနီယာျမင့္ျမတ္နဲ႕ စပ္တူ ေမြးေန႕ကုသုိလ္အျဖစ္ ရြာမပရိယတၱိစာသင္တိုက္မွာ ေန႕ဆြမ္းကပ္လႈခဲ့တယ္လုိ႕သိရပါတယ္။

ျမင့္ျမတ္ မိသားစု

ဂ်င္းေကာင္ ဇာတ္ရုပ္နဲ႕အတူ ပရိသတ္ခ်စ္ခင္အားေပးမႈပုိရခဲ့တဲ့ ျမင့္ျမတ္ နဲ႕ သားျဖစ္သူ ဂ်ဴနီယာျမင့္ျမတ္ ရဲ႕ ေမြးေန႕အလႈအတြက္ ပရိသတ္ေတြလည္း ဆုေတာင္းေပးလုိက္ၾကပါဦး ။ေန႕ေကာင္းေန႕ျမတ္ေလးမွာ ေမြးေန႕တူၾကတဲ့ ျမင့္ျမတ္ တုိ႕ သားအဖႏွစ္ေယာက္အတြက္ ပရိသတ္ေတြလည္းထပ္တူထပ္မွ် ပီတိျဖစ္ေနၾကမယ္လုိ႕ ထင္ပါတယ္။

Photos Credit – Myat Wai Tun Facebook

Stella(Akhayar)

www.Akhayar.com 

[Unicode]

မွေးနေ့တူတဲ့ မြင့်မြတ်တို့သားအဖ ရဲ့ ကြည်နူးစရာအလှုဒါန

နိုင်ငံကျော်မင်းသားတစ်လက်ဖြစ်တဲ့ မြင့်မြတ်ကတော့ သြဂုတ်လ(၇)ရက်နေ့ဟာ သူ့ရဲ့ မွေးနေ့ဖြစ်သလို ဇနီးဖြစ်သူ ခင်သူအောင်က သူ့အတွက်ရင်သွေးလေး မွေးဖွားပေးခဲ့တဲ့နေ့လည်းဖြစ်ပါတယ်။ မွေးနေ့မှာ အမွန်မြတ်ဆုံးလက်ဆောင်အနေနဲ့ ရရှိခဲ့တဲ့ ပရိသတ်အချစ်တော် ဂျင်းကောင် ကတော့ ဖခင်ရာထူးတိုးသွားလို့ ဝမ်းသာမဆုံးဖြစ်နေပြီး သားနဲ့ ဇနီးကိုလည်း အရိပ်တကြည့်ကြည့်နဲ့ ကြည့်မဝနိုင်အောင်ဖြစ်နေတာပါ။

ျမင့္ျမတ္ ရဲ႕ မိဘႏွစ္ပါးနဲ႕ တူေလး


ဒီနေ့ သြဂုတ်လ(၈)ရက်နေ့မှာတော့ မြင့်မြတ်ဟာ သူ့ရဲ့ မိဘနှစ်ပါးကို ဦးထိပ်ထားပြီး သားဖြစ်သူ ဂျူနီယာမြင့်မြတ်နဲ့ စပ်တူ မွေးနေ့ကုသိုလ်အဖြစ် ရွာမပရိယတ္တိစာသင်တိုက်မှာ နေ့ဆွမ်းကပ်လှုခဲ့တယ်လို့သိရပါတယ်။

ျမင့္ျမတ္ မိသားစု

ဂျင်းကောင် ဇာတ်ရုပ်နဲ့အတူ ပရိသတ်ချစ်ခင်အားပေးမှုပိုရခဲ့တဲ့ မြင့်မြတ် နဲ့ သားဖြစ်သူ ဂျူနီယာမြင့်မြတ် ရဲ့ မွေးနေ့အလှုအတွက် ပရိသတ်တွေလည်း ဆုတောင်းပေးလိုက်ကြပါဦး ။နေ့ကောင်းနေ့မြတ်လေးမှာ မွေးနေ့တူကြတဲ့ မြင့်မြတ် တို့ သားအဖနှစ်ယောက်အတွက် ပရိသတ်တွေလည်းထပ်တူထပ်မျှ ပီတိဖြစ်နေကြမယ်လို့ ထင်ပါတယ်။

Photos Credit – Myat Wai Tun Facebook

Stella(Akhayar)

www.Akhayar.com