ျမန္မာမီဒီယာဆဲဗင္းကုမၸဏီက ထုတ္လုပ္ရိုက္ကူးမယ့္ မဂၤလာရွိတဲ့အရပ္ ရုပ္သံဇာတ္လမ္းတြဲမွာ ပါဝင္သ႐ုပ္ေဆာင္မယ့္ ျမင့္ျမတ္က ပရိတ္သတ္နဲ႔ နီးစပ္မႈ လုိခ်င္တဲ႔အတြက္ ဇာတ္လမ္းတြဲရိုက္ရတာျဖစ္တယ္လုိ႔ ေျပာဆုိလုိက္ပါတယ္။

အဲဒါနဲ႔ပတ္သက္လို႔ ျမင့္ျမတ္က “Channel ေတြကေန Free to Air လႊင့္မယ္ဆိုေတာ့ ဘာပဲေျပာေျပာ ခုေနာက္ပိုင္း ဗီဒီယိုေစ်းကြက္ကလည္း ရပ္ေနတယ္။ သိပ္မ႐ိုက္ၾကေတာ့ဘူး။ ပရိသတ္​နဲ႔ထိေတြ႔မႈက ေျပာရမယ္ဆိုရင္ ခ်န္နယ္က အပတ္​တိုင္​းနီးပါးထိေတြ႔ရတယ္။ အဲ့ဒီသေဘာေၾကာင့္လည္း ပါပါတယ္” လုိ႔
ေျပာပါတယ္။

ဒါ့အျပင္ “အဓိကေတာ့ ကြၽန္ေတာ္တစ္ခါမွ မရိုက္ဖူးဘူး။ ရိုက္လည္းရိုက္ၾကည့္ခ်င္တယ္။ အေတြ႔အၾကံဳ လိုခ်င္တဲ့သေဘာပါ။ ကာ႐ိုက္တာကလည္း အတိုင္းအတာတစ္ခုေတာ့ လုပ္ကြက္ရပါတယ္။ ဇာတ္လမ္းပံုစံက ေတာဟာသေလးပါပဲ။ သမားရိုးက်မဟုတ္တဲ့ ခပ္ဆန္းဆန္းေလးေတြလည္းပါမွာပါ” လုိ႔ ေျပာပါေသးတယ္။

ဒါ႐ိုက္တာၾသရသ႐ိုက္ကူးမယ့္ အဲဒီဇာတ္လမ္းတြဲဟာ ျမင့္ျမတ္အတြက္ ပထမဆံုး  ဇာတ္လမ္းတြဲ ျဖစ္ၿပီး သူနဲ႔အတူ စည္ၿဖိဳး ၊ Kelvin Kate ၊ ေအး၀တ္ရည္ေသာင္းနဲ႔ ႏြယ္ဒါလီထြန္းတို႔လည္း ပါဝင္ သ႐ုပ္ေဆာင္ၾကမွာ ျဖစ္ပါတယ္။

ဒီဇာတ္လမ္းတြဲကိုေတာ့ ဇူလိုင္ ၅ ရက္ေန႔ကစၿပီး ျပင္ဦးလြင္ၿမိဳ႕မွာသြားေရာက္ ရုိက္ကူးမွာ ျဖစ္ပါတယ္။

စံပယ္ျဖဴ

www.akhayar.com

Unicode

မြန်မာမီဒီယာဆဲဗင်းကုမ္ပဏီက ထုတ်လုပ်ရိုက်ကူးမယ့် မင်္ဂလာရှိတဲ့အရပ် ရုပ်သံဇာတ်လမ်းတွဲမှာ ပါဝင် သရုပ်ဆောင်မယ့် မြင့်မြတ်က ပရိတ်သတ်နဲ့ နီးစပ်မှု လိုချင်တဲ့အတွက် ဇာတ်လမ်းတွဲရိုက်ရတာဖြစ်တယ်လို့ ပြောဆိုလိုက်ပါတယ်။
အဲဒါနဲ့ပတ်သက်လို့ မြင့်မြတ်က “Channel တွေကနေ Free to Air လွှင့်မယ်ဆိုတော့ ဘာပဲပြောပြော ခုနောက်ပိုင်း ဗီဒီယိုဈေးကွက်ကလည်း ရပ်နေတယ်။ သိပ်မရိုက်ကြတော့ဘူး။ ပရိသတ်နဲ့ထိတွေ့မှုက ပြောရမယ်ဆိုရင် ချန်နယ်က အပတ်တိုင်းနီးပါးထိတွေ့ရတယ်။ အဲ့ဒီသဘောကြောင့်လည်း ပါပါတယ်” လို့
ပြောပါတယ်။
ဒါ့အပြင် “အဓိကတော့ ကျွန်တော်တစ်ခါမှ မရိုက်ဖူးဘူး။ ရိုက်လည်းရိုက် ကြည့်ချင်တယ်။ အတွေ့အကြုံ လိုချင်တဲ့သဘောပါ။ ကာရိုက်တာကလည်း အတိုင်းအတာတစ်ခုတော့ လုပ်ကွက်ရပါတယ်။ ဇာတ်လမ်းပုံစံက တောဟာသလေးပါပဲ။ သမားရိုးကျမဟုတ်တဲ့ ခပ်ဆန်းဆန်းလေးတွေလည်းပါမှာပါ” လို့ ပြောပါသေးတယ်။
ဒါရိုက်တာသြရသရိုက်ကူးမယ့် အဲဒီဇာတ်လမ်းတွဲဟာ မြင့်မြတ်အတွက် ပထမဆုံး  ဇာတ်လမ်းတွဲ ဖြစ်ပြီး သူနဲ့အတူ စည်ဖြိုး ၊ Kelvin Kate ၊ အေးဝတ်ရည်သောင်းနဲ့ နွယ်ဒါလီထွန်းတို့လည်း ပါဝင် သရုပ်ဆောင်ကြမှာ ဖြစ်ပါတယ်။
ဒီဇာတ်လမ်းတွဲကိုတော့ ဇူလိုင် ၅ ရက်နေ့ကစပြီး ပြင်ဦးလွင်မြို့မှာသွားရောက် ရိုက်ကူးမှာ ဖြစ်ပါတယ်။

စံပယ္ျဖဴ

www.akhayar.com