ဂီတေလာကမွာ ကိုယ္ပိုင္အရည္အေသြးရွိရင္ ဘာမွေၾကာက္စရာမလုိဘူးလို႔ဆိုတဲ႔ ျမင့္မိုးေအာင္

Myint Moe Aung

[Zawgyi]

ဂီတေလာကမွာ ကိုယ္ပိုင္အရည္အေသြးရွိရင္ ဘာမွေၾကာက္စရာမလုိဘူးလို႔ဆိုတဲ႔ ျမင့္မိုးေအာင္

ဂီတေလာကမွာ ကိုယ္ပိုင္အရည္အေသြးရွိရင္ ဘယ္အရာမွေၾကာက္စရာမလိုပါဘူးလို႔ Melody World အဆိုၿပိဳင္ပြဲႏွင့္ အိမ္မက္ဆံုရာအဆိုၿပိဳင္ပြဲမ်ားတြင္ အကဲျဖတ္ဒိုင္အျဖစ္ေဆာင္ရြက္ေနသည့္ နာမည္ႀကီးေတးေရးဆရာ ျမင့္မိုးေအာင္က ေျပာဆိုလာပါတယ္။

အဆိုၿပိဳင္ပြဲမ်ားသည္ ဂီတမ်ိဳးဆက္သစ္မ်ားကို ဖ်က္ဆီးေနျခင္းႏွင့္တူေၾကာင္း မီဒီယာစာမ်က္ႏွာမွတဆင့္ Rock အဆိုေတာ္ေဇာ္ဝင္းထြဋ္၏ ေျပာၾကားခ်က္အေပၚ ျမင့္မိုးေအာင္က သူ႔အျမင္ကို ယခုလိုေျပာၾကားလိုက္ျခင္း ျဖစ္ပါတယ္။

“သီခ်င္းဆိုၿပိဳင္ပြဲေတြ ျမန္မာႏိုင္ငံမွာပဲေခတ္စားတာမဟုတ္၊ ႏိုင္ငံတကာမွာလည္း ရွိေနတာပဲ။ ဒီၿပိဳင္ပြဲေတြကေန ေအာင္ျမင္တဲ့သူေတြ အမ်ားႀကီးရွိလာတာပဲ။ ခံႏိုင္ရည္မေကာင္းတဲ့ တခ်ိဳ႕အဆိုေတာ္ေတြက်ေတာ့လည္း အဆိုေတာ္အင္အားမ်ားလာရင္ ေပ်ာက္သြားတတ္ၾကတာ၊ လႊင့္သြားၾကတာေပါ့၊ သူတို႔ကိုထိခိုက္သလိုေတာ့ နည္းနည္းေတာ့ရွိႏိုင္တယ္။ ဂီတေလာကမွာ အားလံုးက ကိုယ္ပိုုင္အရည္အေသြးရွိရင္ ဘယ္အရာမွေၾကာက္စရာမလိုပါဘူး။ ဘယ္အရာကမွ ကိုယ့္ေအာင္ျမင္မႈကို ဖ်က္ဆီးမသြားႏိုင္ပါဘူး။ သီခ်င္းဆိုၿပိဳင္ပြဲကေန ေအာင္ျမင္လာလို႔ တင္ဇာေမာ္ျဖစ္လာတယ္၊ စည္သူလြင္ျဖစ္လာတယ္။ သီခ်င္းဆိုၿပိဳင္ပြဲကေန ၿဖိဳးျပည့္စံု၊ နီနီခင္ေဇာ္စသျဖင့္ ေဇာ္ပိုင္၊ Rဇာနည္တို႔ျဖစ္လာတယ္။

အဆိုၿပိဳင္ပြဲေတြကေန အရည္အေသြးေကာင္းတဲ့အဆိုေတာ္ေတြ ျဖစ္လာတယ္ဆိုတာ ျငင္းလို႔မရပါဘူး။ ဒါေပမဲ့ အေရအတြက္ေတြမ်ားတဲ့အခါမွာက်ေတာ့ အရည္အေသြးလည္းသိပ္မရွိ၊ ေရွ႕မဆက္ႏိုင္၊ ပြဲေတြမွာလည္း အမ်ားမ်က္စိေနာက္ေအာင္ ျမင္ေနရတဲ့သူေတြလည္းရွိေနမွာပဲ။ ဟိုမေရာက္၊ ဒီမေရာက္နဲ႔ အႏုပညာရွင္လည္းမျဖစ္၊ ဂီတေလာကလည္းထြက္မသြားႏိုင္တဲ့ မ်က္စိေနာက္စရာေလးေတြ ရွိေနတာပါပဲ။ ဒါက အားနည္းခ်က္တစ္ခုလို႔လည္း သတ္မွတ္လို႔ရႏိုင္တာပါပဲ။ ဒါေတြကိုပဲ ကိုညီထြဋ္တို႔က ေျပာဆိုတာျဖစ္ႏိုင္တာပါပဲ။ ကိုေဇာ္ဝင္းထြဋ္ေျပာတဲ့အထဲမွာ မွန္တဲ့အခ်က္ေလးေတြလည္း ပါပါတယ္။ ဂီတေလာကက လူအမ်ားႀကီး ေဖာင္းပြလာတာေပါ့။ အဆိုၿပိဳင္ပြဲေတြမရွိသင့္ဘူးလို႔ ေျပာတဲ့သူေတြကလည္း သူတို႔လည္း သက္ေသျပဖို႔ႀကိဳးစားေပါ႔”ဟု ျမင့္မိုးေအာင္ကေျပာပါတယ္။

ေခတ္ရဲ႕ေတာင္းဆိုခ်က္အရ အဆိုၿပိဳင္ပြဲမ်ားေပၚေပါက္လာၿပီး အဆိုၿပိဳင္ပြဲမ်ားမွ တင္ဇာေမာ္၊ စည္သူလြင္၊ ခ်မ္းခ်မ္း၊ Rဇာနည္၊ ေဇာ္ပိုင္၊ နီနီခင္ေဇာ္၊ ၿဖိဳးျပည့္စံုတို႔ေပၚထြက္ခဲ့ၿပီးျဖစ္တယ္လို႔ ျမင့္မိုးေအာင္က ေျပာပါတယ္။

“အရင္ကဆို ထုတ္လုပ္သူေတြက အဆိုေတာ္သစ္ေတြကိုရွာေဖြၿပီး ေခြထုတ္ေပးၾကတယ္၊ အခုက အဲ့လိုေတြသိပ္မရွိေတာ႔ အဆိုဝါသနာပါသူေတြက ဒီၿပိဳင္ပြဲေတြပဲဝင္တိုးရတာေပါ့၊ ေဖာင္းပြလာတဲ့သေဘာေပါ့။ ေခတ္ရဲ႕လိုအပ္ခ်က္၊ ဂီတေလာကရဲ႕လိုအပ္ခ်က္အရ မျဖစ္မေန လိုအပ္လို႔ရွိလာတာပါ။ အဆိုၿပိဳင္ပြဲကေန ေအာင္ျမင္တဲ့အဆိုေတာ္ေတြျဖစ္လာတာလည္း အမ်ားႀကီးပဲ”လို႔ ျမင့္မိုးေအာင္က ဆက္ေျပာပါတယ္။

ေတးေရးဆရာ ျမင့္မိုးေအာင္သည္ Melody World အဆိုၿပိဳင္ပြဲတြင္ အမွတ္ေပးဒိုင္အျဖစ္ေဆာင္ရြက္ေနသည္ မွာ (၁၀)ႏွစ္ေက်ာ္အထိရွိေနၿပီး အိမ္မက္ဆံုရာတြင္လည္း ဒိုင္အျဖစ္ပါဝင္ေနသည္မွာ (၅)ႏွစ္သက္တမ္းရွိၿပီျဖစ္တယ္လို႔ သိရပါတယ္။

လတ္တေလာတြင္ The Best of Melody 2016 ဆုရအဆိုရွင္ လီဂါတစ္ကိုယ္ေတာ္ေခြထုတ္ႏိုင္ရန္ Melody World အမွတ္ေပးဒိုင္အဖြဲ႔က ႀကိဳးပမ္းေပးခဲ့တယ္လုိ႔ သိရပါတယ္။

www.akhayar.com

[Unicode]

ဂီတလောကမှာ ကိုယ်ပိုင်အရည်အသွေးရှိရင် ဘာမှကြောက်စရာမလိုဘူးလို့ဆိုတဲ့ မြင့်မိုးအောင်

ဂီတလောကမှာ ကိုယ်ပိုင်အရည်အသွေးရှိရင် ဘယ်အရာမှကြောက်စရာမလိုပါဘူးလို့ Melody World အဆိုပြိုင်ပွဲနှင့် အိမ်မက်ဆုံရာအဆိုပြိုင်ပွဲများတွင် အကဲဖြတ်ဒိုင်အဖြစ်ဆောင်ရွက်နေသည့် နာမည်ကြီးတေးရေးဆရာ မြင့်မိုးအောင်က ပြောဆိုလာပါတယ်။

အဆိုပြိုင်ပွဲများသည် ဂီတမျိုးဆက်သစ်များကို ဖျက်ဆီးနေခြင်းနှင့်တူကြောင်း မီဒီယာစာမျက်နှာမှတဆင့် Rock အဆိုတော်ဇော်ဝင်းထွဋ်၏ ပြောကြားချက်အပေါ် မြင့်မိုးအောင်က သူ့အမြင်ကို ယခုလိုပြောကြားလိုက်ခြင်း ဖြစ်ပါတယ်။

“သီချင်းဆိုပြိုင်ပွဲတွေ မြန်မာနိုင်ငံမှာပဲခေတ်စားတာမဟုတ်၊ နိုင်ငံတကာမှာလည်း ရှိနေတာပဲ။ ဒီပြိုင်ပွဲတွေကနေ အောင်မြင်တဲ့သူတွေ အများကြီးရှိလာတာပဲ။ ခံနိုင်ရည်မကောင်းတဲ့ တချို့အဆိုတော်တွေကျတော့လည်း အဆိုတော်အင်အားများလာရင် ပျောက်သွားတတ်ကြတာ၊ လွှင့်သွားကြတာပေါ့၊ သူတို့ကိုထိခိုက်သလိုတော့ နည်းနည်းတော့ရှိနိုင်တယ်။ ဂီတလောကမှာ အားလုံးက ကိုယ်ပိုုင်အရည်အသွေးရှိရင် ဘယ်အရာမှကြောက်စရာမလိုပါဘူး။ ဘယ်အရာကမှ ကိုယ့်အောင်မြင်မှုကို ဖျက်ဆီးမသွားနိုင်ပါဘူး။ သီချင်းဆိုပြိုင်ပွဲကနေ အောင်မြင်လာလို့ တင်ဇာမော်ဖြစ်လာတယ်၊ စည်သူလွင်ဖြစ်လာတယ်။ သီချင်းဆိုပြိုင်ပွဲကနေ ဖြိုးပြည့်စုံ၊ နီနီခင်ဇော်စသဖြင့် ဇော်ပိုင်၊ Rဇာနည်တို့ဖြစ်လာတယ်။

အဆိုပြိုင်ပွဲတွေကနေ အရည်အသွေးကောင်းတဲ့အဆိုတော်တွေ ဖြစ်လာတယ်ဆိုတာ ငြင်းလို့မရပါဘူး။ ဒါပေမဲ့ အရေအတွက်တွေများတဲ့အခါမှာကျတော့ အရည်အသွေးလည်းသိပ်မရှိ၊ ရှေ့မဆက်နိုင်၊ ပွဲတွေမှာလည်း အများမျက်စိနောက်အောင် မြင်နေရတဲ့သူတွေလည်းရှိနေမှာပဲ။ ဟိုမရောက်၊ ဒီမရောက်နဲ့ အနုပညာရှင်လည်းမဖြစ်၊ ဂီတလောကလည်းထွက်မသွားနိုင်တဲ့ မျက်စိနောက်စရာလေးတွေ ရှိနေတာပါပဲ။ ဒါက အားနည်းချက်တစ်ခုလို့လည်း သတ်မှတ်လို့ရနိုင်တာပါပဲ။ ဒါတွေကိုပဲ ကိုညီထွဋ်တို့က ပြောဆိုတာဖြစ်နိုင်တာပါပဲ။ ကိုဇော်ဝင်းထွဋ်ပြောတဲ့အထဲမှာ မှန်တဲ့အချက်လေးတွေလည်း ပါပါတယ်။ ဂီတလောကက လူအများကြီး ဖောင်းပွလာတာပေါ့။ အဆိုပြိုင်ပွဲတွေမရှိသင့်ဘူးလို့ ပြောတဲ့သူတွေကလည်း သူတို့လည်း သက်သေပြဖို့ကြိုးစားပေါ့”ဟု မြင့်မိုးအောင်ကပြောပါတယ်။

ခေတ်ရဲ့တောင်းဆိုချက်အရ အဆိုပြိုင်ပွဲများပေါ်ပေါက်လာပြီး အဆိုပြိုင်ပွဲများမှ တင်ဇာမော်၊ စည်သူလွင်၊ ချမ်းချမ်း၊ Rဇာနည်၊ ဇော်ပိုင်၊ နီနီခင်ဇော်၊ ဖြိုးပြည့်စုံတို့ပေါ်ထွက်ခဲ့ပြီးဖြစ်တယ်လို့ မြင့်မိုးအောင်က ပြောပါတယ်။

“အရင်ကဆို ထုတ်လုပ်သူတွေက အဆိုတော်သစ်တွေကိုရှာဖွေပြီး ခွေထုတ်ပေးကြတယ်၊ အခုက အဲ့လိုတွေသိပ်မရှိတော့ အဆိုဝါသနာပါသူတွေက ဒီပြိုင်ပွဲတွေပဲဝင်တိုးရတာပေါ့၊ ဖောင်းပွလာတဲ့သဘောပေါ့။ ခေတ်ရဲ့လိုအပ်ချက်၊ ဂီတလောကရဲ့လိုအပ်ချက်အရ မဖြစ်မနေ လိုအပ်လို့ရှိလာတာပါ။ အဆိုပြိုင်ပွဲကနေ အောင်မြင်တဲ့အဆိုတော်တွေဖြစ်လာတာလည်း အများကြီးပဲ”လို့ မြင့်မိုးအောင်က ဆက်ပြောပါတယ်။

တေးရေးဆရာ မြင့်မိုးအောင်သည် Melody World အဆိုပြိုင်ပွဲတွင် အမှတ်ပေးဒိုင်အဖြစ်ဆောင်ရွက်နေသည် မှာ (၁၀)နှစ်ကျော်အထိရှိနေပြီး အိမ်မက်ဆုံရာတွင်လည်း ဒိုင်အဖြစ်ပါဝင်နေသည်မှာ (၅)နှစ်သက်တမ်းရှိပြီဖြစ်တယ်လို့ သိရပါတယ်။

လတ်တလောတွင် The Best of Melody 2016 ဆုရအဆိုရှင် လီဂါတစ်ကိုယ်တော်ခွေထုတ်နိုင်ရန် Melody World အမှတ်ပေးဒိုင်အဖွဲ့က ကြိုးပမ်းပေးခဲ့တယ်လို့ သိရပါတယ်။

www.akhayar.com