ဆူးေလတဝိုက္ ခ်စ္တီးထမင္း စားခ်င္ ဒီဆိုင္ေလးကို အားကိုးၾကတယ္။ ဒုတိယထပ္ဆိုတာေလးေတာ့ တက္ရမွာေပါ့ေနာ္။ ဆိုင္ဖြင့္တာ ၾကာခဲ့ၿပီ။ ဂ်ာနယ္ေတြ မီဒီယာေတြ ေတာ္ေတာ္မ်ားမ်ားကလည္း သူ႔အေၾကာင္း ေရးသားထားၾကတယ္။ အခုဆို Facebook မွာ ကိုယ္ပိုင္စာမ်က္ႏွာအေနနဲ႔ Myint Family Indian Restaurant ဆိုၿပီး Social media ေပၚမွာ ဆက္သြယ္ႏိုင္ေနပါၿပီ။

ဒီဆိုင္မွာ အၿမဲစားေနၾကက ဆိတ္ ဦးေႏွာက္။ အႏွစ္မ်ားမ်ားေလးကို ဆီကာလာ အနီလႊမ္းၿပီး ခ်က္ထားတယ္။ ဆိတ္သားလည္း ခ်က္တာ ႏူးအိလို႔ေနတယ္။
အမ်ားႀကီး ၫႊန္းစရာ မလိုပါဘူး။ ပါပလာေၾကာ္ စားေကာင္းတယ္။ ပဲဟင္းက ေမႊးတယ္။ ဒိန္ခ်ဥ္နဲ႔ လုပ္တဲ့ ၾကက္သြန္ခ်ဥ္ နံမည္ႀကီးတယ္။ ဒိန္ခ်ဥ္ရေနၿပီေျပာတယ္။ ေရာက္ရင္ ေသာက္ၾကည့္ၾကဖို႔ မေမ့တဲ့ေနာ္။

ဒုတိယထပ္မွာမို႔ တက္ရတာ အသက္ႀကီးတဲ့သူေတြအတြက္ အဆင္မေျပမွဳရွိမယ္။ ေနရာက က်ဥ္းတယ္ဗ်။ ေန႔လည္ လူက်ခ်ိန္ဆို စားရတာ အဆင္မေျပဘူး။ ေနာက္ၿပီး ဖက္ရြက္နဲ႔ စားလို႔ရသလို ပန္းကန္နဲ႔လည္း စားလို႔ရပါတယ္ဗ်။ ဒီထပ္အဆင္မေျပတာက ဘုရားစင္ေရွ႕မွာ ဖိနပ္စီးၿပီး ထိုင္စားရတာ အဆင္မေျပဘူး။ ဝင္ဝင္ခ်င္းဘုရားစင္ရွိမယ္။ ဆိုင္ရဲ႕ အေနအထားအရဆို အၿမဲဆူညံေနတယ္။ ဆိုင္ထဲက လူေတြနဲ႔တင္။

ဆိုင္တည္ေနရာက ၂၉ လမ္းဆိုေတာ့ ကိုယ္ပိုင္ကားနဲ႔ လာရင္ ကားရပ္ရ အဆင္မေျပဘူးေနာ္။

သူ႔ဆိုင္က ဘာေတြရသလဲ ဆိုတာ ကူးလာခဲ့တယ္။
ဆုိင္မွာ ရရွိႏူိင္ေသာ Menu

ၾကက္သားဟင္း/ေၾကာ္ ….. ၂၅၀၀
ၾကက္အသဲျမစ္ ….. ၂၅၀၀
ၾကက္ဥငါးေျခာက္ ….. ၂၅၀၀
ဆိတ္သားဟင္း/ေၾကာ္ …… ၂၅၀၀
ဆိတ္ေခါင္းဟင္း …… ၂၅၀၀
ဆိတ္ကလီဇာ. …… ၂၅၀၀
ဆိတ္ဦးေႏွာက္ …… ၃၀၀၀
ဆိတ္ဖိုက္တင္း …… ၃၀၀၀
ငါးဟင္း/ေၾကာ္ …… ၂၅၀၀
ငါးေၾကာ္ခ်က္ …… ၂၅၀၀
ငါးရံ႕အူ …… ၄၀၀၀
ငါးေခါင္း(ဒန္႔ဒလြန္၊မုန္လာ).. ၅၀၀၀
ပုဇြန္ဟင္း …… ၄၀၀၀
သတ္သတ္လြတ္. …… ၂၀၀၀
(ဂဏန္းေတြ ပုဇြန္ေတြ စားခ်င္ ႀကိဳမွာလို႔ရပါတယ္တဲ့)
လိပ္စာက အမွတ္ ၈၁,ဒုတိယထပ္,၂၉လမ္း ေအာက္ဘေလာက္, ပန္းပဲတန္း
ဖုန္းက ၀၉ ၇၃၀၀၅၄၆၄,၀၉ ၇၉၅၃၆၁၀၃၀, ၀၉၅၀၉၄၃၄၇

Rating အေနနဲ႔ေျပာရရင္
Food – 3 Out of 5
Service – 4 Out of 5
Hygiene – 2 Out of 5
Location – 3 Out of 5
Price – 3 Out of 5

(ဒီဆိုင္ကိုႀကိဳက္တဲ့သူမ်ားသလို မႀကိဳက္တဲ့သူလည္းမ်ားတယ္ေနာ္။ မသြားခင္ သူ႔Page က review ပဲ ျဖစ္ျဖစ္ အျခားသူေတြ ေမးၾကည့္တာပဲ ျဖစ္ျဖစ္ ေလ့လာၿပီးမွ သြားပါလို႔)
ရေကာက္ – Akhayar

heineken{Unicode Version}

ဆူးလေတဝိုက် ချစ်တီးထမင်း စားချင် ဒီဆိုင်လေးကို အားကိုးကြတယ်။ ဒုတိယထပ်ဆိုတာလေးတော့ တက်ရမှာပေါ့နော်။ ဆိုင်ဖွင့်တာ ကြာခဲ့ပြီ။ ဂျာနယ်တွေ မီဒီယာတွေ တော်တော်များများကလည်း သူ့အကြောင်း ရေးသားထားကြတယ်။ အခုဆို Facebook မှာ ကိုယ်ပိုင်စာမျက်နှာအနေနဲ့ Myint Family Indian Restaurant ဆိုပြီး Social media ပေါ်မှာ ဆက်သွယ်နိုင်နေပါပြီ။

ဒီဆိုင်မှာ အမြဲစားနေကြက ဆိတ် ဦးနှောက်။ အနှစ်များများလေးကို ဆီကာလာ အနီလွှမ်းပြီး ချက်ထားတယ်။ ဆိတ်သားလည်း ချက်တာ နူးအိလို့နေတယ်။
အများကြီး ညွှန်းစရာ မလိုပါဘူး။ ပါပလာကြော် စားကောင်းတယ်။ ပဲဟင်းက မွှေးတယ်။ ဒိန်ချဉ်နဲ့ လုပ်တဲ့ ကြက်သွန်ချဉ် နံမည်ကြီးတယ်။ ဒိန်ချဉ်ရနေပြီပြောတယ်။ ရောက်ရင် သောက်ကြည့်ကြဖို့ မမေ့တဲ့နော်။

ဒုတိယထပ်မှာမို့ တက်ရတာ အသက်ကြီးတဲ့သူတွေအတွက် အဆင်မပြေမှုရှိမယ်။ နေရာက ကျဉ်းတယ်ဗျ။ နေ့လည် လူကျချိန်ဆို စားရတာ အဆင်မပြေဘူး။ နောက်ပြီး ဖက်ရွက်နဲ့ စားလို့ရသလို ပန်းကန်နဲ့လည်း စားလို့ရပါတယ်ဗျ။ ဒီထပ်အဆင်မပြေတာက ဘုရားစင်ရှေ့မှာ ဖိနပ်စီးပြီး ထိုင်စားရတာ အဆင်မပြေဘူး။ ဝင်ဝင်ချင်းဘုရားစင်ရှိမယ်။ ဆိုင်ရဲ့ အနေအထားအရဆို အမြဲဆူညံနေတယ်။ ဆိုင်ထဲက လူတွေနဲ့တင်။

ဆိုင်တည်နေရာက ၂၉ လမ်းဆိုတော့ ကိုယ်ပိုင်ကားနဲ့ လာရင် ကားရပ်ရ အဆင်မပြေဘူးနော်။

သူ့ဆိုင်က ဘာတွေရသလဲ ဆိုတာ ကူးလာခဲ့တယ်။
ဆိုင်မှာ ရရှိနိူင်သော Menu

ကြက်သားဟင်း/ကြော် ….. ၂၅၀၀
ကြက်အသဲမြစ် ….. ၂၅၀၀
ကြက်ဥငါးခြောက် ….. ၂၅၀၀
ဆိတ်သားဟင်း/ကြော် …… ၂၅၀၀
ဆိတ်ခေါင်းဟင်း …… ၂၅၀၀
ဆိတ်ကလီဇာ. …… ၂၅၀၀
ဆိတ်ဦးနှောက် …… ၃၀၀၀
ဆိတ်ဖိုက်တင်း …… ၃၀၀၀
ငါးဟင်း/ကြော် …… ၂၅၀၀
ငါးကြော်ချက် …… ၂၅၀၀
ငါးရံ့အူ …… ၄၀၀၀
ငါးခေါင်း(ဒန့်ဒလွန်၊မုန်လာ).. ၅၀၀၀
ပုဇွန်ဟင်း …… ၄၀၀၀
သတ်သတ်လွတ်. …… ၂၀၀၀
(ဂဏန်းတွေ ပုဇွန်တွေ စားချင် ကြိုမှာလို့ရပါတယ်တဲ့)
လိပ်စာက အမှတ် ၈၁,ဒုတိယထပ်,၂၉လမ်း အောက်ဘလောက်, ပန်းပဲတန်း
ဖုန်းက ၀၉ ၇၃၀၀၅၄၆၄,၀၉ ၇၉၅၃၆၁၀၃၀, ၀၉၅၀၉၄၃၄၇

Rating အနေနဲ့ပြောရရင်
Food – 3 Out of 5
Service – 4 Out of 5
Hygiene – 2 Out of 5
Location – 3 Out of 5
Price – 3 Out of 5
(ဒီဆိုင်ကိုကြိုက်တဲ့သူများသလို မကြိုက်တဲ့သူလည်းများတယ်နော်။ မသွားခင် သူ့Page က review ပဲ ဖြစ်ဖြစ် အခြားသူတွေ မေးကြည့်တာပဲ ဖြစ်ဖြစ် လေ့လာပြီးမှ သွားပါလို့)
ရကောက် – Akhayar