[Zawgyi]


The Voice Myanmar 2018 ရဲ့ Battle Round က နောက်တစ်ဆင့်တက်သွားတဲ့အထဲမှာ အသံချိုချိုလေးနဲ့ အင်္ဂလိပ်သီချင်းလေးတွေ ဆိုတတ်တဲ့ မြက်မြက်မျိုးထက်လည်းပါပါတယ်။





မြက်မြက်ရဲ့ Facebook Account ကတော့ Myet Myet Myo Htet ဖြစ်ပြီး ဝါသနာအလျောက် ဆိုထားတဲ့ သီချင်းတွေကိုလည်း သူ့ Timeline မှာ တွေ့နိုင်ပါသေးတယ်။


Yoe Lu (Akhayar)

www.akhayar.com

[Unicode]

The Voice Myanmar မှာ နောက်တစ်ဆင့်တက်သွားတဲ့ အသံအေးအေးချိုချိုလေးနဲ့ မြက်မြက်မျိုးထက်

The Voice Myanmar 2018 ရဲ့ Battle Round မှာ တချို့သူတွေက နောက်တစ်ဆင့်တက်သွားတဲ့အထဲမှာ အသံချိုချိုလေးနဲ့ အင်္ဂလိပ်သီချင်းလေးတွေ ဆိုတတ်တဲ့ မြက်မြက်မျိုးထက်လည်းပါပါတယ်။

မြက်မြက်ဟာ Blind Audtion မှာ Sam Smith ရဲ့ Lay Me Down သီချင်းနဲ့ ဝင်ပြိုင်ခဲ့ပြီး ဒိုင်လေးယောက်မှာ ကိုကျားပေါက်နဲ့ ကိုရန်ရန်ချမ်းက လှည့်ကြည့်ခဲ့တာ ဖြစ်ပါတယ်။ ဒိုင်တွေရဲ့ မှတ်ချက်အရ လိုအပ်ချက်တွေ ရှိပေမယ့် အသံ Color ကို သဘောကျလို့ ရွေးချယ်ခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။

သီချင်းရွေးချယ်ခဲ့တာ မှားတယ်လို့လည်း အကဲဖြတ်ပေးခဲ့ပြီး သီချင်းနောက်တစ်ပုဒ်ဆိုခိုင်းခဲ့တဲ့အခါမှာတော့ Ed Sheeran ရဲ့ “Photograph” ကို သီဆိုခဲ့ပါတယ်။ Photograph နဲ့တော့ မြက်မြက်ဟာ ပိုလိုက်ဖက်တယ်လို့ ခံစားခဲ့ရတဲ့အတွက် နောက်တစ်ခါကျရင်တော့ သီချင်းရွေးမမှားစေဖို့ ပရိသတ်အနေနဲ့ အကြံပေးချင်ပါသေးတယ်။

ကိုကျားပေါက်နဲ့ ကိုရန်ရန်ချမ်းတို့ နှစ်ယောက်အထဲက ကိုကျားပေါက်ကို ရွေးခဲ့တဲ့အတွက် Team KP ကို ရောက်ရှိခဲ့ပါတယ်။ Battle Round မှာတော့ မှားပြန်တယ်သီချင်းကို သီဆိုပြီး နောက်တစ်ဆင့်တက်ရောက်လာတဲ့ Keh Keh နဲ့ တွဲကျခဲ့ပြီး နီနီရဲ့ မလိုချင်ဘူးစစ် သီချင်းကို သီဆိယှဉ်ပြိုင်ကြခဲ့ပါတယ်။

ဒိုင်တွေရဲ့ Comment ကတော့ သီချင်းကို နှစ်ယောက်စလုံး သိပ်မစီးမိကြဘဲ Mood သိပ်မပါသလိုလည်း ဖြစ်နေပါတယ်တဲ့။ ကိုကျားပေါက်ကတော့ မြက်မြက်ကို ရွေးချယ်ခဲ့တဲ့အတွက် မြက်မြက်ဟာ နောက်တစ်ဆင့်တက်ရောက်ခွင့်ရသွားပါပြီ။

မြက်မြက်ရဲ့ Facebook Account ကတော့ Myet Myet Myo Htet ြဖစ်ပြီး ဝါသနာအလျောက် ဆိုထားတဲ့ သီချင်းတွေကိုလည်း သူ့ Timeline မှာ တွေ့နိုင်ပါသေးတယ်။

REDGEN မှာ ဝင်ပြိုင်ခဲ့စဉ်

REDGEN မှာ ဆုရခဲ့စဉ်က

ပြီးတော့ မြက်မြက်ဟာ နီနီခင်ဇော်ရဲ့ Talent တွေဖော်ထုတ်တဲ့ REDGEN ပွဲမှာ 1st Runner Up ရထားတဲ့ သူလေး ဖြစ်ပြီး အခုလည်း The Voice Myanmar မှာ နောက်တစ်ဆင့် တက်ရောက်ပြီဖြစ်တဲ့အတွက် သူ့ရဲ့ ရှေ့ဆက်အနုပညာလမ်းက ဘယ်လိုတောက်ပနေမလဲဆိုတာ ဆက်လက်စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။

Yoe Lu (Akhayar)

www.akhayar.com

Photo & Video Credit: Myet Myet Myo Htet’s Facebook, we.com.mm and The Voice Myanmar YouTube Channel