[Zawgyi]

ဗီလိန္ဇာတ္ရုပ္နဲ႔ပါဝင္ခဲ့ရေပမယ့္ ပရိသတ္ေတြအမွတ္ရေပးလို႔ ေပ်ာ္ေနတဲ့ ျမတ္သူသူဇင္

MRTV-4 ရုပ္သံဇာတ္လမ္းတြဲေတာ္ေတာ္မ်ားမ်ားမွာ ပါဝင္သရုပ္ေဆာင္ခဲ့တဲ့ သရုပ္ေဆာင္ျမတ္သူသူဇင္ကေတာ့ အခုခ်ိန္မွာ ပရိသတ္ေတြရဲ႕အားေပးမႈကို ခိုင္ခိုင္မာမာရရွိေနခဲ့တာျဖစ္ပါတယ္။ MRTV-4 ရုပ္သံဇာတ္လမ္းတြဲေတြျဖစ္ၾကတဲ့ ဝကၤဘာစံအိမ္၊ ဝိညာဥ္႐ိႈက္သံ၊ ရတနာထဲကရတနာ အစရွိိတဲ့ ရုပ္သံဇာတ္လမ္းတြဲေတြမွာ က်ရာဇာတ္ေကာင္ကို အပီျပင္ဆံုး၊ အတတ္ႏိုင္ဆံုးျဖစ္ေအာင္ကို သရုပ္ေဆာင္ခဲ့တဲ့ သူမက”ဝိညာဥ္႐ႈိက္သံ” ဇာတ္လမ္းတြဲမွာ ဗီလိန္ေနရာက သရုပ္ေဆာင္ရၿပီး ပရိသတ္ေတြမုန္းေပမယ့္ အားလံုးကမွတ္မိတဲ့အတြက္ ၀မ္းသာပါတယ္လို႔ ဆိုလာပါတယ္။

“ညီမ ပထမဆုံးကေတာ့ ပန္းႏုေသြး၊ ထာဝရမႏၲေလးဇာတ္လမ္းတြဲေတြကတည္းက ပါဝင္သရုပ္ေဆာင္တယ္။ အဲဒီမွာ ညီမရဲ႕ဇာတ္ေကာင္က အရမ္းမရွိဘူးေပ့ါ။ ထိုက္သင့္သေလာက္ပဲ လုပ္ခြင့္ရခဲ့ပါတယ္။ ညီမအေကာင္းဆံုးလုပ္ခြင့္ရခဲ့တဲ့ ဇာတ္လမ္းတြဲက”ဝိညာဥ္႐ႈိက္သံ”ပါ။ အဲဒီဇာတ္လမ္းတြဲေလးေတာင္ အခု MRTV-4 မွာ ျပန္လာေနတယ္။ အဲဒီကားေလးကေတာ့ ညီမအတြက္ အခြင့္အေရးေတြအမ်ားႀကီးရရွိခဲ့ပါတယ္။ ဒီဇာတ္လမ္းတြဲနဲ႔ ပရိသတ္ပိုသတိထားမိသြားေစတဲ့အတြက္ အႏုပညာေျခလွမ္းအစဆိုလည္း မမွားဘူး။ ဒီဇာတ္လမ္းတြဲမွာက ညီမက ဗီလိန္ဇာတ္ေကာင္ေနရာကေန ပါဝင္ခြင့္ရတယ္။ ပရိသတ္ေတြမုန္းၾကေပမယ့္ အားလံုးက ဒီဇာတ္လမ္းတြဲကို မွတ္မိၾကလို႔ အမွတ္တရျဖစ္ရပါတယ္” လို႔ သူမကို ပရိသတ္ေတြသတိထားမိတဲ့ ဇာတ္လမ္းတြဲအေၾကာင္းကို ေျပာျပပါတယ္။

သရုပ္ေဆာင္ျမတ္သူသူဇင္အေနနဲ႔ ဇာတ္လမ္းတြဲေတြသာမက ”ယၾတာ”၊ ”ကဲမယုံခ်င္ေန” ရုပ္ရွင္ဇာတ္ကားေတြမွာလည္း ပါဝင္သရုပ္ေဆာင္ထားေၾကာင္း ပရိသတ္ေတြေရွ႕ကိုေရာက္လာရင္ ထပ္မံအားေပးၾကဖို႔လည္း ေျပာျပခဲ့ပါတယ္။

www.akhayar.com

[Unicode]

ဗီလိန်ဇာတ်ရုပ်နဲ့ပါဝင်ခဲ့ရပေမယ့် ပရိသတ်တွေအမှတ်ရပေးလို့ ပျော်နေတဲ့ မြတ်သူသူဇင်

MRTV-4 ရုပ်သံဇာတ်လမ်းတွဲတော်တော်များများမှာ ပါဝင်သရုပ်ဆောင်ခဲ့တဲ့ သရုပ်ဆောင်မြတ်သူသူဇင်ကတော့ အခုချိန်မှာ ပရိသတ်တွေရဲ့အားပေးမှုကို ခိုင်ခိုင်မာမာရရှိနေခဲ့တာဖြစ်ပါတယ်။ MRTV-4 ရုပ်သံဇာတ်လမ်းတွဲတွေဖြစ်ကြတဲ့ ဝင်္ကဘာစံအိမ်၊ ဝိညာဉ်ရှိုက်သံ၊ ရတနာထဲကရတနာ အစရှိတဲ့ ရုပ်သံဇာတ်လမ်းတွဲတွေမှာ ကျရာဇာတ်ကောင်ကို အပီပြင်ဆုံး၊ အတတ်နိုင်ဆုံးဖြစ်အောင်ကို သရုပ်ဆောင်ခဲ့တဲ့ သူမက”ဝိညာဉ်ရှိုက်သံ” ဇာတ်လမ်းတွဲမှာ ဗီလိန်နေရာက သရုပ်ဆောင်ရပြီး ပရိသတ်တွေမုန်းပေမယ့် အားလုံးကမှတ်မိတဲ့အတွက် ဝမ်းသာပါတယ်လို့ ဆိုလာပါတယ်။

“ညီမ ပထမဆုံးကတော့ ပန်းနုသွေး၊ ထာဝရမန္တလေးဇာတ်လမ်းတွဲတွေကတည်းက ပါဝင်သရုပ်ဆောင်တယ်။ အဲဒီမှာ ညီမရဲ့ဇာတ်ကောင်က အရမ်းမရှိဘူးပေ့ါ။ ထိုက်သင့်သလောက်ပဲ လုပ်ခွင့်ရခဲ့ပါတယ်။ ညီမအကောင်းဆုံးလုပ်ခွင့်ရခဲ့တဲ့ ဇာတ်လမ်းတွဲက”ဝိညာဉ်ရှိုက်သံ”ပါ။ အဲဒီဇာတ်လမ်းတွဲလေးတောင် အခု MRTV-4 မှာ ပြန်လာနေတယ်။ အဲဒီကားလေးကတော့ ညီမအတွက် အခွင့်အရေးတွေအများကြီးရရှိခဲ့ပါတယ်။ ဒီဇာတ်လမ်းတွဲနဲ့ ပရိသတ်ပိုသတိထားမိသွားစေတဲ့အတွက် အနုပညာခြေလှမ်းအစဆိုလည်း မမှားဘူး။ ဒီဇာတ်လမ်းတွဲမှာက ညီမက ဗီလိန်ဇာတ်ကောင်နေရာကနေ ပါဝင်ခွင့်ရတယ်။ ပရိသတ်တွေမုန်းကြပေမယ့် အားလုံးက ဒီဇာတ်လမ်းတွဲကို မှတ်မိကြလို့ အမှတ်တရဖြစ်ရပါတယ်” လို့ သူမကို ပရိသတ်တွေသတိထားမိတဲ့ ဇာတ်လမ်းတွဲအကြောင်းကို ပြောပြပါတယ်။

သရုပ်ဆောင်မြတ်သူသူဇင်အနေနဲ့ ဇာတ်လမ်းတွဲတွေသာမက ”ယတြာ”၊ ”ကဲမယုံချင်နေ” ရုပ်ရှင်ဇာတ်ကားတွေမှာလည်း ပါဝင်သရုပ်ဆောင်ထားကြောင်း ပရိသတ်တွေရှေ့ကိုရောက်လာရင် ထပ်မံအားပေးကြဖို့လည်း ပြောပြခဲ့ပါတယ်။

www.akhayar.com