[Zawgyi]







Stella(Akhayar)

www.Akhayar.com 

[Unicode]

ညီမဖြစ်သူဆီက နာရီတစ်လုံးလက်ဆောင်ရခဲ့တဲ့ ဘုဏ်းသိုက်

မနေ့က သြဂုတ်လ(၅)ရက်နေ့မှာ မွေးနေ့ကျရောက်ခဲ့တဲ့ သရုပ်ဆောင်မင်းသား ဘုဏ်းသိုက်ကတော့ မွေးနေ့မှာ ပရိသတ်တွေချစ်သူခင်သူတွေဆီက ဆုမွန်ကောင်းတွေနဲ့အတူ လက်ဆောင်တွေလည်း အများကြီးရခဲ့ပုံပါပဲ။ ချစ်စရာကောင်းတဲ့ သမီးလေးပိုင်ဆိုင်ထားတဲ့ သရုပ်ဆောင်ဘုဏ်းသိုက်ဟာ မွေးနေ့မှာ ညီမလေးဆီကနေ တန်ဖိုးကြီးလက်ဆောင်ပစ္စည်းလေးတစ်ခု လက်ဆောင်ခဲ့ရတယ်လို့ သိရပါတယ်။


ညီမဖြစ်သူဟာ အစ်ကိုဖြစ်တဲ့ ဘုဏ်းသိုက်ကို နာရီကောင်းတစ်လုံးလက်ဆောင်ပေးခဲ့ပြီး ညီမဖြစ်သူရဲ့ မွေးနေ့ဆုတောင်းလေးကိုကြည့်ခြင်းအားဖြင့် သူတို့မောင်နှမနှစ်ယောက်ရဲ့ ချစ်ခြင်းမေတ္တာကို မြင်နိုင်ပါတယ်။ “”Happy Birthday My Lovely Big Bro မှတ်ထားစရာ မလိုတဲ့ မွေးနေ့ရက်တွေထဲက ထိပ်ဆုံးက ရက်တရက် (၅) ဂဏန်းသမားလေး “မောင်ဘုဏ်းသိုက်ရေ….ထပါတော့…နာရီလေး ရောက်လာပေါ့!”တဦးတည်းသော ညီမ တော်မိတော့လည်း…နည်းနည်းတော့ ရင်းရတာပေါ့နော်”” လို့နာရီပုံလေးနဲ့အတူ မွေးနေ့ဆုတောင်းပေးထားတာ ကြည်နူးစရာလေးပါပဲ။


ဘုဏ်းသိုက် ဟာ အနုပညာအလုပ်တွေဆက်တိုက်လုပ်နေရသလို လွန်ခဲ့တဲ့ရက်ပိုင်းက သမီးဖြစ်သူမြမိုးဂင်္ဂါ ၊ ညီမဖြစ်သူနဲ့အတူ အမှတ်တရပုံရိပ်လေးတွေရိုက်ကူးထားတာကိုလည်း မျှဝေထားပါသေးတယ်။ ပရိသတ်တွေရော ကိုယ့်မောင်နှမတွေရဲ့ မွေးနေ့ကို ဘယ်လိုမျိုးလေးတွေလုပ်ပေးလေ့ရှိလဲ။

Photos Credit – Hpone Thaik Facebook

Stella(Akhayar)

www.Akhayar.com