[Zawgyi]

ဘုရားဖူးထြက္တုန္း ရြာသားေတြရဲ႕ အကူအညီယူခဲ့ရတဲ့ ျဖိဳးျမတ္ေအာင္

Myanmar Idol Season3  ျပဳိင္ပြဲျပီးသြားေတာ့ ေမြးရပ္ေျမျပန္သြားတဲ့ ဟသၤာတသားေလး Winner  ျဖိဳးျမတ္ေအာင္ကုိ တီဗြီဖန္သားျပင္မွာမေတြ႕ရလုိ႕ လြမ္းေနတဲ့ ပရိသတ္ေတြရွိေနလား။အဆုိေတာ္ ျဖိဳးျမတ္ေအာင္ရဲ႕ လႈပ္ရွားမႈပုံရိပ္ေလးေတြကုိ နီးစပ္ရာပရိသတ္ေတြက လူမႈကြန္ရက္ကေန  ျပန္လည္မွ်ေ၀ၾကတာကုိေတြ႕ရပါတယ္။

ျဖိဳးျမတ္ေအာင္ဟာ ၾသဂုတ္လ(၁၉)ရက္ေန႕က အိမ္ကေန ကားနဲ႕ဘုရားဖူးထြက္ခဲ့ရာမွာ မုိးေတြရြာထားတဲ့အရွိန္ေၾကာင့္ သူတုိ႕ရဲ႕ ကားဟာ ရြႊံ႕ေတြထဲမွာ ခက္ခက္ခဲခဲ နစ္ခဲ့ေသးတယ္လုိ႕ သိရပါတယ္။  ရြာသူ၊ရြာသားေတြ စည္းစည္းလုံးလုံးနဲ႕ ၀ုိင္း၀န္းကူညီေျဖရွင္းေပးခဲ့တာမုိ႕ အဆင္ေျပသြားခဲ့တယ္လုိ႕ လည္း ပရိသတ္တစ္ဦးက ေရးသားထားပါတယ္။

အဲ့ဒီေန႕က ျဖိဳးျမတ္ေအာင္ တစ္ေယာက္ ပုဆုိးနဲ႕ အေႏြးထည္ေလး ၀တ္ဆင္ထားျပီး ရႊံေတြေပေနတဲ့ ရြာလမ္းေလးမွာ အားရပါးရထုိင္ခ်ထားတာေၾကာင့္ ပရိသတ္ေတြကေတာ့ သူ႕ရဲ႕ ဟိတ္ဟန္မရွိဘဲ ရုိသားတဲ့ အမူအရာေလးေတြကုိ သေဘာက်ေနၾကတာျဖစ္ပါတယ္။ ျပဳိင္ပြဲေတာက္ေလွ်ာက္မွာ သူ႕ရဲ႕ ရုိးသားၾကဳိးစားမႈေတြေၾကာင့္ လက္ရွိအခ်ိန္မွာ လူၾကီးလူငယ္ပရိသတ္မေရြး သူ႕ကုိစိတ္၀င္တစားအားေပးလ်က္ရွိသလုိ သူ႕ရဲ႕ ေမြးရပ္ေျမက နယ္ခံေတြရဲ႕ ခ်စ္ခင္မႈေတြကုိလည္း အျပည့္အ၀ရရွိထားပါတယ္။

Photos Credit – Zaw Paing,We love Phyo Myat Aung

Stella(Akhayar)

www.akhayar.com

[Unicode]

ဘုရားဖူးထွက်တုန်း ရွာသားတွေရဲ့ အကူအညီယူခဲ့ရတဲ့ ဖြိုးမြတ်အောင်

Myanmar Idol Season3 ပြိုင်ပွဲပြီးသွားတော့ မွေးရပ်မြေပြန်သွားတဲ့ ဟင်္သာတသားလေး Winner ဖြိုးမြတ်အောင်ကို တီဗွီဖန်သားပြင်မှာမတွေ့ရလို့ လွမ်းနေတဲ့ ပရိသတ်တွေရှိနေလား။အဆိုတော် ဖြိုးမြတ်အောင်ရဲ့ လှုပ်ရှားမှုပုံရိပ်လေးတွေကို နီးစပ်ရာပရိသတ်တွေက လူမှုကွန်ရက်ကနေ ပြန်လည်မျှဝေကြတာကိုတွေ့ရပါတယ်။


ဖြိုးမြတ်အောင်ဟာ သြဂုတ်လ(၁၉)ရက်နေ့က အိမ်ကနေ ကားနဲ့ဘုရားဖူးထွက်ခဲ့ရာမှာ မိုးတွေရွာထားတဲ့အရှိန်ကြောင့် သူတို့ရဲ့ ကားဟာ ရွှံ့တွေထဲမှာ ခက်ခက်ခဲခဲ နစ်ခဲ့သေးတယ်လို့ သိရပါတယ်။ ရွာသူ၊ရွာသားတွေ စည်းစည်းလုံးလုံးနဲ့ ဝိုင်းဝန်းကူညီဖြေရှင်းပေးခဲ့တာမို့ အဆင်ပြေသွားခဲ့တယ်လို့ လည်း ပရိသတ်တစ်ဦးက ရေးသားထားပါတယ်။

အဲ့ဒီနေ့က ဖြိုးမြတ်အောင် တစ်ယောက် ပုဆိုးနဲ့ အနွေးထည်လေး ဝတ်ဆင်ထားပြီး ရွှံတွေပေနေတဲ့ ရွာလမ်းလေးမှာ အားရပါးရထိုင်ချထားတာကြောင့် ပရိသတ်တွေကတော့ သူ့ရဲ့ ဟိတ်ဟန်မရှိဘဲ ရိုသားတဲ့ အမူအရာလေးတွေကို သဘောကျနေကြတာဖြစ်ပါတယ်။ ပြိုင်ပွဲတောက်လျှောက်မှာ သူ့ရဲ့ ရိုးသားကြိုးစားမှုတွေကြောင့် လက်ရှိအချိန်မှာ လူကြီးလူငယ်ပရိသတ်မရွေး သူ့ကိုစိတ်ဝင်တစားအားပေးလျက်ရှိသလို သူ့ရဲ့ မွေးရပ်မြေက နယ်ခံတွေရဲ့ ချစ်ခင်မှုတွေကိုလည်း အပြည့်အဝရရှိထားပါတယ်။

Photos Credit – Zaw Paing,We love Phyo Myat Aung

Stella(Akhayar)

www.akhayar.com