[Zawgyi]








Stella(Akhayar)

www.Akhayar.com 

[Unicode]

မြင်သူတိုင်းအသဲယားလောက်အောင် ချစ်စရာကောင်းနေတဲ့ သင်ဇာနွယ်ဝင်းရဲ့ သားလေး

မက်မွန်သီးလေးလို့ သားလေးကို ချစ်စနိုးနာမည်ပြောင်လေးပေးထားတဲ့ မေမေ မင်းသမီးချော သင်ဇာနွယ်ဝင်းကတော့ သြဂုတ်လ(၅)ရက်နေ့က သူမရဲ့ သားလေးကို ကစားကွင်းလိုက်ပို့ပေးခဲ့တာကိုတွေ့ရပါတယ်။ အိမ်ထောင်ရေးကံကောင်းသူလေးအဖြစ် ပရိသတ်တွေအားကျရတဲ့ မင်းသမီးချောလေး သင်ဇာဟာ သားဦးလေးမွေးဖွားပြီးကထဲက မိသားစုဘဝလေးကို ပျော်ပျော်ရွှင်ရွှင်ဖြတ်သန်းနေတာဖြစ်ပါတယ်။


ကစားကွင်းမှာ သားလေးကိုထိန်းရင်း ပျော်ရွှင်နေတဲ့ သင်ဇာ ဟာ ကလေးတစ်ယောက်မေမေလို့မထင်ရလောက်အောင် ချစ်စရာကောင်းနေပြီး သူမတို့သားအမိရဲ့ ပုံရိပ်လေးတွေကတော့ မြင်ရသူတိုင်းကို အသဲယားစေတဲ့အထိပါပဲ။အိမ်ထာင်ဖက်ကောင်းကို ပိုင်ဆိုင်ထားရတဲ့သူမဟာ လတ်တလောမှာ မိခင်ဘဝကို အပြည့်အဝပီတိဖြစ်နေပြီး သားလေးရဲ့ ပုံလေးတွေကိုလည်း လူမှုကွန်ရက်ပေါ်မှာ ပရိသတ်တွေအတွက် မျှဝေလေ့ရှိပါတယ်။


မက်မွန်သီးလေးကတော့ ပြည့်ပြည့်ဖောင်းဖောင်းလေးနဲ့ချစ်စရာကောင်းလွန်းပြီး အမေတူလေးဖြစ်တယ်လို့လည်း ပရိသတ်အချို့က မှတ်ချက်ပေးကြပါတယ်။
ကစားကွင်းမှာဆော့ရလို့ ပျော်နေတဲ့ မက်မွန်သီးလေးကိုမြင်ပြီး ပရိသတ်တွေ အချစ်ပိုသွားမယ်လို့မျှော်လင့်ပါတယ်။

Photos Credit – Thinzar Nwewin facebook

Stella(Akhayar)

www.Akhayar.com