Myanmar Entrepreneurs Network က လူငယ်တွေဟာ HR (Human Resource) နဲ့ပက်သက်တဲ့ဆွေးနွေးပွဲလေးတစ်ခုကို ဇန်နဝါရီလ ၂၄ ရက်နေ့တုန်းက Hintha Business စင်တာမှာကျင်းပခဲ့ပါတယ်။ လူငယ်တွေရဲ့တက်ကြွတဲ့ခြေလှမ်းတွေအားအင်အပြည့်နဲ့ မျက်နှာကို မြင်ရတာကစိတ်ချမ်းသာစရာပါ။ ဒီပွဲမှာ အဓိကဦးဆောင်ဆွေးနွေး သွားတဲ့သူကတော့ ဒေါက်တာ ဦးထွန်းဝင်းဖြစ်ပါတယ်။ ဆရာအဓိကထား ဆွေးနွေးတာက HR ဆိုပေမယ့် ဒီအထဲမှာ အလုပ်သမားတိုင်းသိသင့်တဲ့ ပဋိညာဉ်ဥပဒေအကြောင်းလေးကိုပါ ဗဟုသုတရခဲ့ပါတယ်။

ပဋိညာဉ်ဥပဒေဆိုတာ

u htun win

ကုမ္ပဏီတော်တော်များများက သူ့တို့အလိုရှိတဲ့အချက်တွေကို အလုပ်သမားနဲ့စာချုပ်ချုပ်တဲ့အခါမှာ ထည့်ချုပ်လေ့ရှိပေမယ့် စာချုပ်ပါအချက်တွေဟာ အလုပ်သမား ဥပဒေကိုဆန့်ကျင်ရင် ပျက်ပြယ်ပြီးဖြစ်တယ်ဆိုတာမျိုးပါ။ ဆရာဆွေးနွေးတဲ့ပုံစံက အမေးအဖြေပုံစုံမျိုးဆိုတော့ ဆရာကမေးလိုက် လူငယ်တွေကဖြေလိုက်၊ လူငယ်တွေကမေးလိုက် ဆရာကဖြေလိုက် Hintha Business စင်တာတစ်ခုလုံး လူငယ်အားမာန်တွေနဲ့ သောသောညံနေတာပါပဲ။ “ဝန်ထမ်းတစ်ယောက်ကို အလုပ်ရှင်ဥပဒေကိုကျော်လွန်ပြီးစာချုပ်ချုပ်လာရင် ပဋိညာဉ်ဥပဒေအရအလိုအလျောက်ပျက်ပြယ်ပါတယ်ခင်ဗျာ။” ဆိုပြီး ဒေါက်တာဦးထွန်းဝင်းဖြေသွားတာကတော့ ကျွန်တော်အကြိုက်ဆုံးပါပဲ။အလုပ်သမားဥပဒေလေးကိုတော့ ဝန်ထမ်းတိုင်းလေ့လာထားသင့်ပါတယ်။

ဆရာဦးထွန်းဝင်းအကြောင်း

U_Tun_Win

ဆရာ ဦးထွန်းဝင်းဆိုတာက INGO နှင့် UN အဖွဲ့အစည်းများမှာ နှစ်ပေါင်း ၂၀ကျော်ကြာအောင် တာဝန်ထမ်းဆောင်ခဲ့သူတစ်ယောက်ပါ။ မြို့နယ်စီမံကိန်းအရာရှိ၊ အမျိုးသားစီမံကိန်းအရာရှိရာထူးများထမ်းဆောင်ခဲ့ပြီးတော့ HR နဲ့ပက်သက်တဲ့စာအုပ်များအပါအဝင် စာအုပ် ၅၀ ခန့်ရေးသားထုတ်ဝေခဲ့ပြီးဖြစ်ပါတယ်။ အခုချိန်မှာတော့ကုမ္ပဏီများအတွက် HR အကြံပေးအဖြစ်လုပ်ကိုင်နေပါတယ်။

Hinthar ကအပြန်

ဆွေးနွေးပွဲလေးက ည ၇နာရီကနေ ၉ နာရီအထိကြာတယ်ဆိုပေမယ့် အချိန်ဘယ်လိုကုန်သွားမှန်းတောင်မသိပါဘူး။ အပြန်မှာလူငယ်တွေအချင်းချင်း လိပ်စာကတ်တွေပေးကြ၊ ဖုန်းနံပါတ်တွေပေးကြနဲ့ ပျော်ပျော်ရွှင်ရွှင်ပဲပြီးဆုံးခဲ့ပါတယ်။ ဒီလိုပွဲမျိုးတွေက ဗဟုသုတတိုးစေတဲ့အပြင် အပေါင်းအသင်းအသစ်တွေပါ ရစေတာမို့ စီးပွားရေးနယ်ပယ်ကလူငယ်တိုင်း အားလပ်ခဲ့ရင်တက်ရောက်ပါလို့ အကြံပြုပါရစေ။

အခရာ

(www.akhayar.com)