[Zawgyi]

Myanmar Youth Microfilm Contest ႀကီးရဲ႕ Public Show ကို မဟာဗႏၶဳလပန္းျခံတြင္ က်င္းပေပးသြားမယ္

ျမန္မာႏိုင္ငံရဲ႕ပထမဆံုးနဲ႔ တစ္ခုတည္းေသာ မိုက္ခ႐ိုဖလင္ၿပိဳင္ပြဲျဖစ္တဲ့ Myanmar Youth Microfilm Contest ႀကီးရဲ႕ Public Show ကို လာမယ့္ေဖေဖာ္ဝါရီလ၂၃ မွ ၂၅ ရက္ေန႔အထိ ညေန ၅ နာရီမွ စတင္ကာ မဟာဗႏၶဳလပန္းျခံအတြင္းမွာ က်င္းပျပဳလုပ္ေပးသြားမွာျဖစ္ပါတယ္။

ခုလို Public Show ကိုျပဳလုပ္ရတာနဲ႔ပတ္သက္ၿပီး Myanmar Youth Microfilm Contest မွ တာဝန္ရွိသူတစ္ဦးက “ဆုုရဇာတ္ကားေတြနဲ႔ ဇာတ္ကားေကာင္းေတြကို ပရိသတ္ေတြအေနနဲ႔ တိုုက္႐ိုက္ထိေတြ႕ခြင့္ရရွိႏိုင္မယ္၊ ျမန္မာႏိုင္ငံရဲ႕႐ုပ္ရွင္ေလာကမွာ အနာဂတ္ၾကယ္ပြင့္လူငယ္ဒါ႐ိုက္တာေတြ ပိုထြက္လာမယ္။ သမ႐ိုးက် ျမန္မာဇာတ္ကားေတြထဲကခြဲထြက္ၿပီး၊ တီထြင္ဆန္းသစ္ႏိုင္တဲ့ စိတ္ကူးစိတ္သန္းေတြနဲ႔ ႐ိုက္ကူးထားတဲ့ ဇာတ္ကားေကာင္းေတြ ပိုမ်ားလာမယ္။ ျမန္မာ့႐ုပ္ရွင္အဆင့္အတန္း ကမာၻနဲ႔အညီ ရင္ေဘာင္တန္းလာႏိုင္ဖုိ႔လည္း ရည္ရြယ္ပါတယ္။ ေနာက္တစ္ခုက ျမန္မာ့႐ုပ္ရွင္ေလာကကို ေျခလွမ္းသစ္နဲ႔ဝင္ေရာက္လိုတဲ့ ဒါ႐ိုက္တာအသစ္ေလးေတြရဲ႕ အရည္အေသြးေတြကို ဒါရိုက္တာႀကီးေတြထံကို တိုက္ရိုက္တင္ဆက္ျပသဖို႔ပါ” လို႔ ေျပာပါတယ္။

Myanmar Youth Microfilm Contest ႀကီးကို ျမန္မာႏိုင္ငံမွာ၂၀၁၅ ခုႏွစ္ကတည္းကစတင္ၿပီး ျမန္မာႏိုင္ငံ႐ုုပ္ရွင္အစည္းအ႐ုံး Channel 9 နဲ႔ Monnect Group Co.,Ltd တို႔က ပူးေပါင္းက်င္းပခဲ့တာျဖစ္ၿပီး၊ တတိယအႀကိမ္အထိ ေအာင္ျမင္စြာက်င္းပႏိုင္ခဲ့ၿပီး ၿပိဳင္ပြဲဝင္ေတြလည္း အထူးစိတ္ဝင္စားခဲ့တဲ့ ၿပိဳင္ပြဲတစ္ခုလည္းျဖစ္ခဲ့ပါတယ္။

မၾကာခင္က်င္းပေပးေတာ့မယ့္ Public Show ေလးကေတာ့ ၿပိဳင္ပြဲစတင္က်င္းပခဲ့တဲ့၂၀၁၅မွ ၂၀၁၇အထိၿပိဳင္ပြဲဝင္ ဆုရဇာတ္ကားမ်ားနဲ႔ ဇာတ္ကားေကာင္းမ်ားကို ေရြးခ်ယ္ျပသေပးသြားမွာျဖစ္ၿပီး၊ ေလးႀကိမ္ေျမာက္ Myanmar Youth Microfilm Contest ကိုလည္း ယခုႏွစ္ ဇြန္လနဲ႔ ဇူလိုင္လမ်ားတြင္ က်င္းပႏိုင္ဖို႔ ႀကိဳးပမ္းေဆာင္ရြက္ေနတယ္လို႔ သိရပါတယ္။

www.akhayar.com

Facebook လူမႈကြန္ရက္ေပၚတြင္တင္ဆက္ေနသည့္ စာမ်က္ႏွာမ်ားတြင္ အခရာမွတင္ဆက္ထားသည့္ ေဆာင္းပါးမ်ား၊ သတင္းမ်ားကို ခြင့္ျပဳခ်က္ တစ္စံုတစ္ရာ ရယူထားျခင္းမရွိဘဲ စီးပြားျဖစ္ ကူးယူသံုးစြဲေနသည္မ်ားကို ေတြ႕ရွိေနရပါသည္။ အခရာစာမ်က္ႏွာအား တစ္ဦးတစ္ေယာက္ခ်င္း ေဝမ်ွသည္ကို အသိအမွတ္ျပဳေက်းဇူးတင္ေသာ္လည္း စီပြားျဖစ္တည္ေထာင္ထားသည့္ စာမ်က္ႏွာမ်ား၊ ဝက္ဘ္ဆုိက္မ်ားတြင္ ကူးယူတင္ဆက္ေနသည္မ်ားကိုမူ ျပင္းထန္စြာကန္႔ကြက္ပါသည္။ သို႕ျဖစ္ပါ၍ အခရာမီဒီယာမွတင္ဆက္ေနသည့္ အေၾကာင္းအရာမ်ားထဲမွ စာသားအခ်ိဳ႕ကုိျဖစ္ေစ ၊ အပုဒ္လိုက္ျဖစ္ေစ ၊ တစ္ပိုဒ္ျခင္းျဖစ္ေစ ကူးယူသံုးစြဲျခင္းမျပဳရန္ႏွင့္ ဆက္လက္ျပဳလုပ္ပါက ခိုးယူသံုးစြဲေနသည့္ စာမ်က္ႏွာမ်ားကို အမည္ႏွင့္တကြ အမ်ားသိေစရန္ေၾကညာသြားမည္ျဖစ္ၿပီး ဥပေဒအရ အေရးယူမည္ျဖစ္ေၾကာင္း သတိေပးေၾကညာအပ္ပါသည္။

[Unicode]

Myanmar Youth Microfilm Contest ကြီးရဲ့ Public Show ကို မဟာဗန္ဓုလပန်းခြံတွင် ကျင်းပပေးသွားမယ်

မြန်မာနိုင်ငံရဲ့ပထမဆုံးနဲ့ တစ်ခုတည်းသော မိုက်ခရိုဖလင်ပြိုင်ပွဲဖြစ်တဲ့ Myanmar Youth Microfilm Contest ကြီးရဲ့ Public Show ကို လာမယ့်ဖေဖော်ဝါရီလ၂၃ မှ ၂၅ ရက်နေ့အထိ ညနေ ၅ နာရီမှ စတင်ကာ မဟာဗန္ဓုလပန်းခြံအတွင်းမှာ ကျင်းပပြုလုပ်ပေးသွားမှာဖြစ်ပါတယ်။

ခုလို Public Show ကိုပြုလုပ်ရတာနဲ့ပတ်သက်ပြီး Myanmar Youth Microfilm Contest မှ တာဝန်ရှိသူတစ်ဦးက “ဆုုရဇာတ်ကားတွေနဲ့ ဇာတ်ကားကောင်းတွေကို ပရိသတ်တွေအနေနဲ့ တိုုက်ရိုက်ထိတွေ့ခွင့်ရရှိနိုင်မယ်၊ မြန်မာနိုင်ငံရဲ့ရုပ်ရှင်လောကမှာ အနာဂတ်ကြယ်ပွင့်လူငယ်ဒါရိုက်တာတွေ ပိုထွက်လာမယ်။ သမရိုးကျ မြန်မာဇာတ်ကားတွေထဲကခွဲထွက်ပြီး၊ တီထွင်ဆန်းသစ်နိုင်တဲ့ စိတ်ကူးစိတ်သန်းတွေနဲ့ ရိုက်ကူးထားတဲ့ ဇာတ်ကားကောင်းတွေ ပိုများလာမယ်။ မြန်မာ့ရုပ်ရှင်အဆင့်အတန်း ကမ္ဘာနဲ့အညီ ရင်ဘောင်တန်းလာနိုင်ဖို့လည်း ရည်ရွယ်ပါတယ်။ နောက်တစ်ခုက မြန်မာ့ရုပ်ရှင်လောကကို ခြေလှမ်းသစ်နဲ့ဝင်ရောက်လိုတဲ့ ဒါရိုက်တာအသစ်လေးတွေရဲ့ အရည်အသွေးတွေကို ဒါရိုက်တာကြီးတွေထံကို တိုက်ရိုက်တင်ဆက်ပြသဖို့ပါ” လို့ ပြောပါတယ်။

Myanmar Youth Microfilm Contest ကြီးကို မြန်မာနိုင်ငံမှာ၂၀၁၅ ခုနှစ်ကတည်းကစတင်ပြီး မြန်မာနိုင်ငံရုုပ်ရှင်အစည်းအရုံး Channel 9 နဲ့ Monnect Group Co.,Ltd တို့က ပူးပေါင်းကျင်းပခဲ့တာဖြစ်ပြီး၊ တတိယအကြိမ်အထိ အောင်မြင်စွာကျင်းပနိုင်ခဲ့ပြီး ပြိုင်ပွဲဝင်တွေလည်း အထူးစိတ်ဝင်စားခဲ့တဲ့ ပြိုင်ပွဲတစ်ခုလည်းဖြစ်ခဲ့ပါတယ်။

မကြာခင်ကျင်းပပေးတော့မယ့် Public Show လေးကတော့ ပြိုင်ပွဲစတင်ကျင်းပခဲ့တဲ့၂၀၁၅မှ ၂၀၁၇အထိပြိုင်ပွဲဝင် ဆုရဇာတ်ကားများနဲ့ ဇာတ်ကားကောင်းများကို ရွေးချယ်ပြသပေးသွားမှာဖြစ်ပြီး၊ လေးကြိမ်မြောက် Myanmar Youth Microfilm Contest ကိုလည်း ယခုနှစ် ဇွန်လနဲ့ ဇူလိုင်လများတွင် ကျင်းပနိုင်ဖို့ ကြိုးပမ်းဆောင်ရွက်နေတယ်လို့ သိရပါတယ်။

www.akhayar.com

Facebook လူမှုကွန်ရက်ပေါ်တွင်တင်ဆက်နေသည့် စာမျက်နှာများတွင် အခရာမှတင်ဆက်ထားသည့် ဆောင်းပါးများ၊ သတင်းများကို ခွင့်ပြုချက် တစ်စုံတစ်ရာ ရယူထားခြင်းမရှိဘဲ စီးပွားဖြစ် ကူးယူသုံးစွဲနေသည်များကို တွေ့ရှိနေရပါသည်။ အခရာစာမျက်နှာအား တစ်ဦးတစ်ယောက်ချင်း ဝေမျှသည်ကို အသိအမှတ်ပြုကျေးဇူးတင်သော်လည်း စီပွားဖြစ်တည်ထောင်ထားသည့် စာမျက်နှာများ၊ ဝက်ဘ်ဆိုက်များတွင် ကူးယူတင်ဆက်နေသည်များကိုမူ ပြင်းထန်စွာကန့်ကွက်ပါသည်။ သို့ဖြစ်ပါ၍ အခရာမီဒီယာမှတင်ဆက်နေသည့် အကြောင်းအရာများထဲမှ စာသားအချို့ကိုဖြစ်စေ ၊ အပုဒ်လိုက်ဖြစ်စေ ၊ တစ်ပိုဒ်ခြင်းဖြစ်စေ ကူးယူသုံးစွဲခြင်းမပြုရန်နှင့် ဆက်လက်ပြုလုပ်ပါက ခိုးယူသုံးစွဲနေသည့် စာမျက်နှာများကို အမည်နှင့်တကွ အများသိစေရန်ကြေညာသွားမည်ဖြစ်ပြီး ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း သတိပေးကြေညာအပ်ပါသည်။