အဲ့ဒီတစ်ယောက် မကောင်းဘူးဗျာ။ ကျုပ်ကို အိမ်တိုင်ရာရောက် အဲ ဂူတိုင်ရာရောက် လာခေါ်တယ်။ ကျုပ်ကလည်း ခပ်ချေချေလေ၊ တော်ရုံနဲ့တော့ အပြင်ထွက်တွေ့စရာလား၊ အဲ့ဒါကြောင့်လည်း တွင်းအောင်းသတ္တဝါလို့ King Cobra လို့ ခေါ်တာပေါ့။

ဒါပေမယ့် ကြာကြာတော့လည်း မမူနိုင်ပါဘူးဗျာ၊ ကျုပ် ဂူဝမှာ လှုပ်စိလှုပ်စိဖြစ်နေတာကြောင့်ရော၊ မျက်စိနောက်တာရော၊ ဘာလဲဟဆိုပြီး သိချင်တာရောကြောင့် အပြင်ထွက်လာမိပါရော။

ဘာလဲဆိုတော့ လူတစ်ယောက်ပါဗျာ၊ ပြောရရင်တော့ အမျိုးသမီးတစ်ယောက်။ ဘာဖြစ်ချင်မှန်းလည်း မသိဘူး တလှုပ်လှုပ်နဲ့ ပါးစပ်ကလည်း ပွစိပွစိနဲ့ ဘာတွေ ပြောနေမှန်း မသိဘူး။ ကျုပ်မှာလည်း နွေနေ့လည်ကြီး ပူလို့ တွင်းအောင်းနေပါတယ်ဆိုမှ အာရုံလာနောက်နေလို့ ဒေါသတွေ ထွက်တာများ နှာမှုတ်သံ တရှူးရှူးပေါ့။

သူကတော့ တကယ် ဘာတွေ လုပ်ပြနေမှန်းကို မသိတာပါဗျာ၊ ထူးဆန်းတာက အစက အတော်စိတ်ဆိုးပေမယ့် ကြာတော့လည်း သူ့ကို ကြည့်ပြီး မိန်းမောသွားမိတာပဲဗျ။ အဲဒီလို ကျွန်တော် မိန်းမောနေတုန်းမှာ အဲဒီမိန်းမလေ ဘာလုပ်တယ် ထင်လဲဗျ၊ ဘာလုပ်တယ် ထင်လဲ။ ကျုပ်ကို နမ်းတာဗျ၊ နမ်းလိုက်တာ။ ထင်တောင် မထင်ဘူးဗျာ။ သူ အဲဒီလို လုပ်မယ်လို့။

ကျုပ်လေ စိတ်လည်း ဆိုးတယ်၊ ရှက်လည်း ရှက်တယ်။ ဒါပေမယ့် အဟီး ..မြွေတစ်ကောင်ဘဝမှာတော့ အနမ်းဆိုတာကို ပထမဆုံးခံစားဖူးတာပဲ 😀 ။ နောက်ဆုံး ကျုပ်လည်း စိတ်လျှော့လိုက်ပါတော့တယ်လေ။ ကျုပ်ကို ဘာလုပ်သွားလဲဆိုတာ သက်သေနဲ့ တကွ သိချင်ရင်တော့….

ဒီ Video ကတော့ King Cobra ဆိုတဲ့ တောကြီးမြွေဟောက်ကို နမ်းပြခဲ့တဲ့ မြန်မာအမျိုးသမီးကြီး အကြောင်းရိုက်ထားတာပါ။ မြွေဘက်က ဘယ်လို ခံစားရလဲဆိုတာလေးကိုတော့…

 

ရိုးလူ (အခရာ)

www.akhayar.com