[Zawgyi]

ျမန္မာယူ ၂၃ အသင္းရလဒ္ေကာင္းရယူႏိုင္မလား

ဒီေန႔(ေသာၾကာ)ညေန ၆း၃၀ မွာေတာ႔ ျမန္မာေဘာလံုးပရိသတ္ေတြအတြက္ ရင္ခုန္စရာပြဲစဥ္တစ္ပြဲကေစာင္႔ၾကိဳေနပါတယ္။ ဒီပြဲဟာ ျမန္မာယူ ၂၃ အသင္းနဲ႔ ေဆာ္ဒီ ယူ ၂၃ အသင္းတို႔ရဲ႕ ၂၀၁၈ အာရွအားကစားပြဲေတာ္ အမ်ိဳးသားေဘာလံုးျပိဳင္ပြဲ အုပ္စုဒုတိယပြဲစဥ္ပဲျဖစ္ပါတယ္။ ႏွစ္သင္းလံုးဟာ အဖြင္႔ပြဲစဥ္ေတြမွာသေရရလဒ္ေတြရယူထားၾကတာေၾကာင္႔ ေနာက္တစ္ဆင္႔ကိုတက္ဖို႔အတြက္ ဒီပြဲစဥ္မွာဘယ္အသင္းကမွ အမွားခံလို႔မရတဲ႔ အေျခအေနမွာရိွေနပါတယ္။

Aung-Thu

Aung-Thu

ျမန္မာယူ ၂၃ အသင္းဟာ အဖြင္႔ပြဲစဥ္ ေျမာက္ကိုရီးယား ယူ ၂၃ အသင္းနဲ႔ပြဲစဥ္မွာ ပရိတ္သတ္စိတ္ေက်နပ္ေအာင္ကစားႏိုင္ခဲ႔ပါတယ္။ အသင္းဟာ ၾကိဳးစားအားထုတ္မႈအျပည္႔နဲ႔ကစားသြားခဲ႔ျပီး နည္းျပအန္တိုနီေဟးလက္ထက္မွာ တိုးတက္မႈေတြရိွလာခဲ႔တာကိုလည္းေတြ႕ခဲ႔ရပါတယ္။ ေဆာ္ဒီ ယူ ၂၃ အသင္းဟာ ျမန္မာ ယူ ၂၃ အသင္းထက္ပိုမိုသာလြန္တာေၾကာင္႔ ျမန္မာယူ ၂၃ အသင္းအေနနဲ႔ ရလဒ္ေကာင္းရယူခ်င္ရင္ ပံုမွန္ထက္ပိုၾကိဳးစားဖို႔ေတာ႔လိုပါလိမ္႔မယ္။ ျမန္မာယူ ၂၃ အသင္းရဲ႕တိုက္စစ္ကစားသမား ေအာင္သူကို တျခားကစားသမားေတြအေနနဲ႔ အခုထက္ပိုျပီးအကူအညီေပးဖို႔လိုအပ္ေနပါတယ္။ ေအာင္သူဟာ ေတာင္ပံဘက္ကသာမကပဲ ကြင္းလယ္ေၾကာကပါထိုးေဖာက္တိုက္စစ္ဆင္မႈေတြျပဳလုပ္ေနရတာကိုျမင္ေတြ႕ေနရတာပါ။ ဒီေန႔ပြဲမွာေတာ႔ ေအာင္သူနဲ႔ေမာင္ေမာင္လြင္ တို႔အေကာင္းဆံုးအတြဲအဖက္ေတြကို ဖန္တီးႏိုင္ဖို႔ေမွ်ာ္လင္႔မိပါတယ္။ ေျမာက္ကိုရီးယား ယူ ၂၃ နဲ႔ပြဲစဥ္မွာေတာ႔ အသင္းရဲ႕ဂိုးသမားေက်ာ္ဇင္ထက္ ကိုခ်ီးက်ဴးၾကရမွာျဖစ္ျပီး သူ႔အေနနဲ႔လည္းအေကာင္းဆံုးလက္စြမ္းကိုဆက္ထိန္းထားရမွာပါ။ ေဆာ္ဒီ ယူ ၂၃ အသင္းဟာ ပိုေကာင္းတဲ႔အသင္းျဖစ္ေပမယ္႔ ျမန္မာယူ ၂၃ အသင္းရဲ႕ၾကိဳးစားအားထုတ္မႈဟာအေကာင္းဆံုးမွာရိွေနျပီး ေဘာလံုးမွာမျဖစ္ႏိုင္ဘူးဆိုတာ ဘာမွမရိွတာေၾကာင္႔ ဒီေန႔ ညေန ၆း၃၀ မွာ ျမန္မာယူ ၂၃ အသင္းကိုေစာင္႔ၾကည္႔ရင္ခုန္သြားၾကရမွာပဲျဖစ္ပါတယ္။

Photo: Asian Games – Asian Games 2018 , meearai.com
Ko Kyue(Akhayar)
www.akhayar.com

[Unicode]

မြန်မာယူ ၂၃ အသင်းရလဒ်ကောင်းရယူနိုင်မလား

ဒီနေ့(သောကြာ)ညနေ ၆း၃၀ မှာတော့ မြန်မာဘောလုံးပရိသတ်တွေအတွက် ရင်ခုန်စရာပွဲစဉ်တစ်ပွဲကစောင့်ကြိုနေပါတယ်။ ဒီပွဲဟာ မြန်မာယူ ၂၃ အသင်းနဲ့ ဆော်ဒီ ယူ ၂၃ အသင်းတို့ရဲ့ ၂၀၁၈ အာရှအားကစားပွဲတော် အမျိုးသားဘောလုံးပြိုင်ပွဲ အုပ်စုဒုတိယပွဲစဉ်ပဲဖြစ်ပါတယ်။ နှစ်သင်းလုံးဟာ အဖွင့်ပွဲစဉ်တွေမှာသရေရလဒ်တွေရယူထားကြတာကြောင့် နောက်တစ်ဆင့်ကိုတက်ဖို့အတွက် ဒီပွဲစဉ်မှာဘယ်အသင်းကမှ အမှားခံလို့မရတဲ့ အခြေအနေမှာရှိနေပါတယ်။

Aung-Thu

Aung-Thu

မြန်မာယူ ၂၃ အသင်းဟာ အဖွင့်ပွဲစဉ် မြောက်ကိုရီးယား ယူ ၂၃ အသင်းနဲ့ပွဲစဉ်မှာ ပရိတ်သတ်စိတ်ကျေနပ်အောင်ကစားနိုင်ခဲ့ပါတယ်။ အသင်းဟာ ကြိုးစားအားထုတ်မှုအပြည့်နဲ့ကစားသွားခဲ့ပြီး နည်းပြအန်တိုနီဟေးလက်ထက်မှာ တိုးတက်မှုတွေရှိလာခဲ့တာကိုလည်းတွေ့ခဲ့ရပါတယ်။ ဆော်ဒီ ယူ ၂၃ အသင်းဟာ မြန်မာ ယူ ၂၃ အသင်းထက်ပိုမိုသာလွန်တာကြောင့် မြန်မာယူ ၂၃ အသင်းအနေနဲ့ ရလဒ်ကောင်းရယူချင်ရင် ပုံမှန်ထက်ပိုကြိုးစားဖို့တော့လိုပါလိမ့်မယ်။ မြန်မာယူ ၂၃ အသင်းရဲ့တိုက်စစ်ကစားသမား အောင်သူကို တခြားကစားသမားတွေအနေနဲ့အခုက်ပိုပြီးအကူအညီပေးဖို့လိုအပ်နေပါတယ်။ အောင်သူဟာ တောင်ပံဘက်ကသာမကပဲ ကွင်းလယ်ကြောကပါထိုးဖောက်တိုက်စစ်ဆင်မှုတွေပြုလုပ်နေရတာကိုမြင်တွေ့နေရတာပါ။ ဒီနေ့ပွဲမှာတော့ အောင်သူနဲ့မောင်မောင်လွင် တို့အကောင်းဆုံးအတွဲအဖက်တွေကို ဖန်တီးနိုင်ဖို့မျှော်လင့်မိပါတယ်။ မြောက်ကိုရီးယား ယူ ၂၃ နဲ့ပွဲစဉ်မှာတော့ အသင်းရဲ့ဂိုးသမားကျော်ဇင်ထက် ကိုချီးကျူးကြရမှာဖြစ်ပြီး သူ့အနေနဲ့လည်းအကောင်းဆုံးလက်စွမ်းကိုဆက်ထိန်းထားရမှာပါ။ ဆော်ဒီ ယူ ၂၃ အသင်းဟာ ပိုကောင်းတဲ့အသင်းဖြစ်ပေမယ့် မြန်မာယူ ၂၃ အသင်းရဲ့ကြိုးစားအားထုတ်မှုဟာအကောင်းဆုံးမှာရှိနေပြီး ဘောလုံးမှာမဖြစ်နိုင်ဘူးဆိုတာ ဘာမှမရှိတာကြောင့် ဒီနေ့ ညနေ ၆း၃၀ မှာ မြန်မာယူ ၂၃ အသင်းကိုစောင့်ကြည့်ရင်ခုန်သွားကြရမှာပဲဖြစ်ပါတယ်။

Photo: Asian Games – Asian Games 2018 , meearai.com
Ko Kyue(Akhayar)
www.akhayar.com