[Zawgyi]






ကြည်သာ (Akhayar)

www.akhayar.com
[Unicode]

မြန်မာဝတ်စုံ နဲ့ အရမ်းကို လိုက်ဖက်မှုရှိလှတဲ့ မိတ်ကပ်မထက်

မထက်ဟာ မြန်မာဆန်ဆန်ဝတ်စုံလေးကို ဝတ်ဆင်ပြီးတော့ ယှဉ်ယှဉ်လေးနဲ့ လှနေတဲ့ အလှတွေကိုဖော်ပြလိုက်တာဖြစ်ပါတယ်။ ပုံလေးတွေကို တင်ထားတဲ့ အခါမှာလည်း စာလေးက ဒီလိုရေးထားပါသေးတယ် “ဒီနေ့ မြန်မာဝတ်စုံလေးဝတ်ဖြစ်တယ်” ။

ပြီးခဲ့တဲ့ ရက်ပိုင်းတွေက အင်တာဗျူးတွေမှာ ဆက်တိုက်လိုလို ချစ်သူအကြောင်းကို ဖြေလိုက်ရတဲ့ မထက်ကိုအခုလို လန်းလန်းဆန်းဆန်းနဲ့ တွေ့ရတာကလည်း စိတ်ချမ်းသာစရာပါ။ နီနီခင်ဇော်ရဲ့MV ဖြစ်တဲ့ Stand By Me ဆိုတဲ့ သီချင်းအတွက် ရိုက်ကူးရာမှာ အတွဲအစစ်ဟုတ်မဟုတ်ဆိုတာကလည်း ပရိသတ်တွေစိတ်ဝင်စားစရာ တစ်ခုဖြစ်ခဲ့ပါသေးတယ်။ အဲ့ကိစ္စကြောင့် မထက်လည်း အနည်းငယ်တော့ စိတ်ရှုပ်ခဲ့မှာပါ။ တကယ်လည်း ချစ်သူအစစ်နဲ့ ရိုက်ခဲ့တာ မဟုတ်ပါဘူး။

ချစ်သူက လူရှေ့ကို ထွက်ပြဖို့မဖြစ်သေးပေမယ့်လည်း ချစ်သူရှိတယ်ဆိုတာကိုတော့ မထက်ကပြောပြခဲ့ပါတယ်။ မထက် ရဲ့ လှပကျော့ရှင်းတဲ့ ပုံလေးတွေကို ကြည့်ရင်း အချစ်တွေသတ္တိတွေမွေးထားတဲ့ မထက်အတွက် Fighting လို့ပြောခဲ့ဦးနော်။

photo Credit: Ma Htet Facebook

ကြည်သာ (Akhayar)

www.akhayar.com