[Zawgyi]

ၾသဂုတ္လ ၃၀ ရက္ေန႔မွာ စတင္ျပသေတာ့မယ့္ Myanmar The Incredible Journey

ျမန္မာႏုိင္ငံမွာ မွတ္တမ္းတင္ ရုပ္သံဇာတ္လမ္းတြဲ  ေကာင္းေကာငး္ေတြ ထြက္ေပၚလာေပမယ့္ အေရအတြက္အားျဖင့္ေတာ့ နည္းေနပါေသးတယ္။ ဒီလိုနည္းေနတဲ့ ၾကားက ပိုျပီးရွားတာကေတာ့ ခရီးသြား မွတ္တမ္းရုပ္သံဇာတ္လမ္းတြဲေတြပါ။ ဒါေၾကာင့္ ဒီကြက္လပ္ကို CANAL+ Myanmar FG က  မွတ္တမ္းတင္ရုပ္သံဇာတ္လမ္းတြဲ တစ္ခုနဲ႔ ျဖည့္လိုက္ပါျပီ။

Incredible Journey (ျမန္မာသို႔ အံ့ဖြယ္ခရီးစဥ္) ခရီးသြားမွတ္တမ္းရုပ္သံဇာတ္လမ္းတြဲရဲ႕ အတြဲ (၁) ကို လာမယ့္ ၾသဂုတ္လ ၃၀ရက္ေန႔မွာ စတင္ျပသပါေတာ့မယ္။

ဒီဇာတ္လမ္းတြဲမွာ ျမန္မာႏုိင္ငံရဲ႕ ေျမာက္ဘက္အက်ဆံုး ဟိမဝႏၱာေတာင္တန္းေတြကေန လူသူအေရာက္အေပါက္နည္းတဲ့ ေတာင္ဘက္စြန္းက ျမိတ္ကၽြန္းစုေတြ အထိ ျမန္မာႏုိင္ငံအႏွံ႔ မုိင္ေပါင္းေထာင္ခ်ီစြန္႔စားမႈေတြကို သူငယ္ခ်င္းႏွစ္ေယာက္တူတူ စြမ္းေဆာင္ပံုေတြကို မွတ္တမ္းတင္ရုိက္ကူးထားတဲ့ စိတ္ဝင္စားဖြယ္ရာမွတ္တမ္းရုပ္သံလည္း ျဖစ္ပါတယ္။

ဒီမွာေတြ႔ရတဲ့ သူငယ္ခ်င္းႏွစ္ေယာက္ျဖစ္တဲ့ ေအာင္စည္သူနဲ႔ Alex Bescoby တို႔ရဲ႕ အေၾကာင္းကလည္း စိတ္ဝင္စားဖို႔ ေကာငး္ေနပါတယ္။ ေအာင္စည္သူဟာ စြန္႔စြန္႔စားစားခရီးသြားရတာေတြကို ၾကိဳက္တဲ့ ဘူမိေဗဒပညာရွင္တစ္ဦးပါ၊ ေနာက္ထပ္ ထူးျခားတဲ့ အခ်က္ကေတာ့ သူဟာ ျမန္မာႏုိင္ငံရဲ႕ ေနာက္ဆံုးမင္းဆက္ျဖစ္တဲ့ သီေပါမင္းရဲ႕ ေသြးစပ္တဲ့ အႏြယ္ေတာ္တစ္ဦးလည္း ျဖစ္ေနတာပါပဲ။

အဂၤလိပ္လူမ်ိဳး Alex Bescoby က မွတ္တမ္းတင္ရုပ္ရွင္ေလာကေတြမွာ ဆုရထားတဲ့ ျမန္မာႏုိင္ငံသမုိင္းေၾကာင္းကၽြမ္းက်င္ပညာရွင္တစ္ေယာက္ပါ။ ျမန္မာျပည္မွာရွိတဲ့ ကြဲျပားတဲ့ လူမ်ိဳးစုေတြနဲ႔ ယဥ္ေက်းမႈဓေလ့ထံုးစံေတြကို ေလ့လာခဲ့သူတစ္ေယာက္လည္း ျဖစ္ပါတယ္။ Alex ဟာ “We Were Kings” ဆိုတဲ့ ျမန္မာႏုိင္ငံရဲ႕ ဇာတ္ျမဳပ္ေပ်ာက္ကြယ္ေနတဲ့ ေတာ္ဝင္မိသားစုအေၾကာင္းမွတ္တမ္းတင္ရုပ္ရွင္ရိုက္ကူးရင္း သူငယ္ခ်င္း ေအာင္စည္သူနဲ႔ ေတြ႔ဆုံခဲ့တာ ျဖစ္ပါတယ္။

ဒီ “ျမန္မာသို႔ အံ့ဖြယ္ခရီးစဥ္” ဆိုတဲ့ မွတ္တမ္းတင္ ရုပ္သံဇာတ္လမ္းတြဲမွာ ေအာင္စည္သူနဲ႔ Alex တို႔  သူငယ္ခ်င္းႏွစ္ေယာက္စလံုးဟာ ျမန္မာႏုိင္ငံရဲ႕ အလွအပေတြကို စြန္႔စြန္႔စားစားေလ့လာရွာေဖြလိုျခင္းဆိုတဲ့ စိတ္အားထက္သန္မႈတစ္ခုနဲ႔ ခရီးသြားခဲ့ၾကတာပါ။ ရုပ္သံကို စၾကည့္ျပီဆုိတာနဲ႔ ျမန္မာနုိင္ငံေျမာက္ပိုင္းအေခါင္အဖ်ားရဲ႕ ရုိးရာဓေလ့ေတြ၊ သဘာဝအလွအပေတြနဲ႔ စြန္႔စားခန္းေတြကို ရိုက္ခ်က္အမိုက္စားေတြနဲ႔ ေတြ႔ျမင္ရမွာ ျဖစ္ပါတယ္။ မွတ္တမ္းတင္ ရုပ္သံဆုိတဲ့အတုိင္း လက္ရွိေျမျပင္မွာ ျဖစ္ေနတဲ့ အေျခအေနအတုိင္း အရွိပကတိအတုိင္း ရုိက္ကူးထားတာေတြ ပါတာမို႔ ၾကည့္ရႈသူေတြအေနနဲ႔ သေဘာက်ၾကမွာပါ။ ျမန္မာျပည္ကို ဂုဏ္ယူတဲ့စိတ္လည္း တဖြားဖြားျဖစ္ေပၚလာႏုိင္ပါတယ္။

ဒီလိုု အံ့ဖြယ္အမိုက္စားရုပ္သံဇာတ္လမ္းတြဲျဖစ္တဲ့ “ျမန္မာသို႔ အံ့ဖြယ္ခရီးစဥ္” ဇာတ္လမ္းတြဲရဲ႕ အတြဲ (၁)ကိုေတာ့ CANAL + SU SANN (စူးစမ္း) ရုပ္သံလိုင္းမွာ ၾသဂုတ္လ ၃၀ ရက္ေန႔ကစျပီး အပတ္စဥ္ၾကာသပေတးေန႔ ည (၈) နာရီမွာ ထုတ္လႊင့္ျပသေပးသြားမွာ ျဖစ္တယ္လို႔ သိရပါတယ္။

တကယ့္ကို ရင္သပ္ရႈေမာရတဲ့ ျမန္မာ့ေရေျမရႈခင္းေတြနဲ႔ သဘာဝအရွိတရားေတြကို ၾကည့္ရႈခ်င္ရင္ေတာ့ မနက္ျဖန္ည (၈)နာရီအေရာက္ CANAL + SU SANN မွာ ေစာင့္ေမွ်ာ္ၾကည့္ရႈၾကဖို႔ပါပဲ။

Yoe Lu (Akhayar)

www.akhayar.com
[Unicode]

သြဂုတ်လ ၃၀ ရက်နေ့မှာ စတင်ပြသတော့မယ့် Myanmar The Incredible Journey

မြန်မာနိုင်ငံမှာ မှတ်တမ်းတင် ရုပ်သံဇာတ်လမ်းတွဲ  ကောင်းကောင်းတွေ ထွက်ပေါ်လာပေမယ့် အရေအတွက်အားဖြင့်တော့ နည်းနေပါသေးတယ်။ ဒီလိုနည်းနေတဲ့ ကြားက ပိုပြီးရှားတာကတော့ ခရီးသွား မှတ်တမ်းရုပ်သံဇာတ်လမ်းတွဲတွေပါ။ ဒါကြောင့် ဒီကွက်လပ်ကို CANAL+ Myanmar FG က  မှတ်တမ်းတင်ရုပ်သံဇာတ်လမ်းတွဲ တစ်ခုနဲ့ ဖြည့်လိုက်ပါပြီ။

Incredible Journey (မြန်မာသို့ အံ့ဖွယ်ခရီးစဉ်) ခရီးသွားမှတ်တမ်းရုပ်သံဇာတ်လမ်းတွဲရဲ့ အတွဲ (၁) ကို လာမယ့် သြဂုတ်လ ၃၀ရက်နေ့မှာ စတင်ပြသပါတော့မယ်။

ဒီဇာတ်လမ်းတွဲမှာ မြန်မာနိုင်ငံရဲ့ မြောက်ဘက်အကျဆုံး ဟိမဝန္တာတောင်တန်းတွေကနေ လူသူအရောက်အပေါက်နည်းတဲ့ တောင်ဘက်စွန်းက မြိတ်ကျွန်းစုတွေ အထိ မြန်မာနိုင်ငံအနှံ့ မိုင်ပေါင်းထောင်ချီစွန့်စားမှုတွေကို သူငယ်ချင်းနှစ်ယောက်တူတူ စွမ်းဆောင်ပုံတွေကို မှတ်တမ်းတင်ရိုက်ကူးထားတဲ့ စိတ်ဝင်စားဖွယ်ရာမှတ်တမ်းရုပ်သံလည်း ဖြစ်ပါတယ်။

ဒီမှာတွေ့ရတဲ့ သူငယ်ချင်းနှစ်ယောက်ဖြစ်တဲ့ အောင်စည်သူနဲ့ Alex Bescoby တို့ရဲ့ အကြောင်းကလည်း စိတ်ဝင်စားဖို့ ကောင်းနေပါတယ်။ အောင်စည်သူဟာ စွန့်စွန့်စားစားခရီးသွားရတာတွေကို ကြိုက်တဲ့ ဘူမိဗေဒပညာရှင်တစ်ဦးပါ၊ နောက်ထပ် ထူးခြားတဲ့ အချက်ကတော့ သူဟာ မြန်မာနိုင်ငံရဲ့ နောက်ဆုံးမင်းဆက်ဖြစ်တဲ့ သီပေါမင်းရဲ့ သွေးစပ်တဲ့ အနွယ်တော်တစ်ဦးလည်း ဖြစ်နေတာပါပဲ။

အင်္ဂလိပ်လူမျိုး Alex Bescoby က မှတ်တမ်းတင်ရုပ်ရှင်လောကတွေမှာ ဆုရထားတဲ့ မြန်မာနိုင်ငံသမိုင်းကြောင်းကျွမ်းကျင်ပညာရှင်တစ်ယောက်ပါ။ မြန်မာပြည်မှာရှိတဲ့ ကွဲပြားတဲ့ လူမျိုးစုတွေနဲ့ ယဉ်ကျေးမှုဓလေ့ထုံးစံတွေကို လေ့လာခဲ့သူတစ်ယောက်လည်း ဖြစ်ပါတယ်။ Alex ဟာ “We Were Kings” ဆိုတဲ့ မြန်မာနိုင်ငံရဲ့ ဇာတ်မြုပ်ပျောက်ကွယ်နေတဲ့ တော်ဝင်မိသားစုအကြောင်းမှတ်တမ်းတင်ရုပ်ရှင်ရိုက်ကူးရင်း သူငယ်ချင်း အောင်စည်သူနဲ့ တွေ့ဆုံခဲ့တာ ဖြစ်ပါတယ်။

ဒီ “မြန်မာသို့ အံ့ဖွယ်ခရီးစဉ်” ဆိုတဲ့ မှတ်တမ်းတင် ရုပ်သံဇာတ်လမ်းတွဲမှာ အောင်စည်သူနဲ့ Alex တို့  သူငယ်ချင်းနှစ်ယောက်စလုံးဟာ မြန်မာနိုင်ငံရဲ့ အလှအပတွေကို စွန့်စွန့်စားစားလေ့လာရှာဖွေလိုခြင်းဆိုတဲ့ စိတ်အားထက်သန်မှုတစ်ခုနဲ့ ခရီးသွားခဲ့ကြတာပါ။ ရုပ်သံကို စကြည့်ပြီဆိုတာနဲ့ မြန်မာနိုင်ငံမြောက်ပိုင်းအခေါင်အဖျားရဲ့ ရိုးရာဓလေ့တွေ၊ သဘာဝအလှအပတွေနဲ့ စွန့်စားခန်းတွေကို ရိုက်ချက်အမိုက်စားတွေနဲ့ တွေ့မြင်ရမှာ ဖြစ်ပါတယ်။ မှတ်တမ်းတင် ရုပ်သံဆိုတဲ့အတိုင်း လက်ရှိမြေပြင်မှာ ဖြစ်နေတဲ့ အခြေအနေအတိုင်း အရှိပကတိအတိုင်း ရိုက်ကူးထားတာတွေ ပါတာမို့ ကြည့်ရှုသူတွေအနေနဲ့ သဘောကျကြမှာပါ။ မြန်မာပြည်ကို ဂုဏ်ယူတဲ့စိတ်လည်း တဖွားဖွားဖြစ်ပေါ်လာနိုင်ပါတယ်။

ဒီလို အံ့ဖွယ်အမိုက်စားရုပ်သံဇာတ်လမ်းတွဲဖြစ်တဲ့ “မြန်မာသို့ အံ့ဖွယ်ခရီးစဉ်” ဇာတ်လမ်းတွဲရဲ့ အတွဲ (၁)ကိုတော့ CANAL + SU SANN (စူးစမ်း) ရုပ်သံလိုင်းမှာ သြဂုတ်လ ၃၀ ရက်နေ့ကစပြီး အပတ်စဉ်ကြာသပတေးနေ့ ည (၈) နာရီမှာ ထုတ်လွှင့်ပြသပေးသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

တကယ့်ကို ရင်သပ်ရှုမောရတဲ့ မြန်မာ့ရေမြေရှုခင်းတွေနဲ့ သဘာဝအရှိတရားတွေကို ကြည့်ရှုချင်ရင်တော့ မနက်ဖြန်ည (၈)နာရီအရောက် CANAL + SU SANN မှာ စောင့်မျှော်ကြည့်ရှုကြဖို့ပါပဲ။

Yoe Lu (Akhayar)

www.akhayar.com