[Zawgyi]

ဇနီးျဖစ္သူကို ဘယ္ေလာက္ေတာင္ခ်စ္ေၾကာင္းေဖာ္ျပခဲ့တဲ့ ျမန္မာျပည္သိန္းတန္

ျမန္မာျပည္သိန္းတန္ နဲ႔ သူ႔ရဲ ႔ေတးခ်စ္သူ ေဒါက္တာနုနႏၵာသန္း တို႔ဟာ အရမ္းကို လိုက္ဖက္မႈရွိလွတဲ့ လင္မယားစံုတြဲပါ။ တစ္ေယာက္နဲ႔တစ္ေယာက္ ရိုင္းပင္းကူညီရင္း ခ်စ္စရာေကာင္းတဲ့ အိမ္ေထာင္ေရးလမ္းခရီးကို ေဆာက္တည္ထားၾကတယ္ဆိုတာက သူတို႔ရဲ ႔အင္တာဗ်ဴး အေျဖေတြေပၚၾကည့္ရင္ သိရွိနိုင္ပါတယ္။

ျမန္မာျပည္သိန္းတန္ဟာဆိုရင္လည္း သူ႕ဘဝမွေတးခ်စ္သူကို ပိုင္ဆိုင္ခြင့္ရခဲ့တာဟာ အရမ္းကို ကံေကာင္းတာျဖစ္တယ္လို႕ မီဒီယာေတြရဲ ႔ေမးခြန္းေတြကို ေျဖၾကားရင္ထည့္သြင္းေျပာခဲ့တာကို လူမႈကြန္ရက္ေပၚမွာေတြ႔ခဲ့ရပါတယ္။ သူ႔အေနနဲ႔ ယေန႔အခ်ိန္အထိေတးခ်စ္သူကို တစိမ့္စိမ့္ နဲ႔ ၾကည့္ေနရတဲ့ အခ်ိန္ေတြေတာင္ရွိေနၿပီး ေတးခ်စ္သူ ေဒါက္တာနုနႏၵာသန္းရဲ ႔ ႏႈတ္ခမ္းေလး စူလိုက္တဲ့ ပံုကို အရမ္းနွစ္သက္တာျဖစ္တယ္လို႕လည္း သိရပါတယ္။

အခုလိုအသက္အရြယ္အထိခ်စ္ေနၾကတဲ့ သူတို႔လင္မယားကို ၾကည့္ၿပီးအားက် ၾကတဲ့သူေတြရွိသလို အျပစ္တင္ေျပာခ်င္ၾကသူေတြကလည္း အသက္ႀကီးမွခ်စ္ျပေနတယ္ ဆိုတာမ်ိဳးေတြ ေျပာၾကတာကိုေတြ႕ရပါတယ္။ ဒါေပမယ့္လည္း ခ်စ္ျခင္းတရားနဲ႔ တစ္ေယာက္ကိုတစ္ေယာက္ ေဖးမေနၾကတဲ့ ျမန္မာျပည္သိန္းတန္တို႔ စံုတြဲကေတာ့ ခ်စ္ျခင္းတရားမွာ အသက္အရြယ္မရွိပါဘူး ဘယ္လိုအခ်ိန္မွာပဲျဖစ္ျဖစ္ ခ်စ္ေနတာဟာ အေကာင္းဆံုးဆိုတာကို သက္ေသျပခဲ့ၾကတာျဖစ္ပါတယ္။

Photo Credit:Nunandar Than Facebook

ၾကည္သာ (အခရာ)

www.akhayar.com
[Unicode]

ဇနီးဖြစ်သူကို ဘယ်လောက်တောင်ချစ်ကြောင်းဖော်ပြခဲ့တဲ့ မြန်မာပြည်သိန်းတန်

မြန်မာပြည်သိန်းတန် နဲ့ သူ့ရဲ့တေးချစ်သူ ဒေါက်တာနုနန္ဒာသန်း တို့ဟာ အရမ်းကို လိုက်ဖက်မှုရှိလှတဲ့ လင်မယားစုံတွဲပါ။ တစ်ယောက်နဲ့တစ်ယောက် ရိုင်းပင်းကူညီရင်း ချစ်စရာကောင်းတဲ့ အိမ်ထောင်ရေးလမ်းခရီးကို ဆောက်တည်ထားကြတယ်ဆိုတာက သူတို့ရဲ့အင်တာဗျူး အဖြေတွေပေါ်ကြည့်ရင် သိရှိနိုင်ပါတယ်။

မြန်မာပြည်သိန်းတန်ဟာဆိုရင်လည်း သူ့ဘဝမှတေးချစ်သူကို ပိုင်ဆိုင်ခွင့်ရခဲ့တာဟာ အရမ်းကို ကံကောင်းတာဖြစ်တယ်လို့ မီဒီယာတွေရဲ့မေးခွန်းတွေကို ဖြေကြားရင်ထည့်သွင်းပြောခဲ့တာကို လူမှုကွန်ရက်ပေါ်မှာတွေ့ခဲ့ရပါတယ်။ သူ့အနေနဲ့ ယနေ့အချိန်အထိတေးချစ်သူကို တစိမ့်စိမ့် နဲ့ ကြည့်နေရတဲ့ အချိန်တွေတောင်ရှိနေပြီး တေးချစ်သူ ဒေါက်တာနုနန္ဒာသန်းရဲ့ နှုတ်ခမ်းလေး စူလိုက်တဲ့ ပုံကို အရမ်းနှစ်သက်တာဖြစ်တယ်လို့လည်း သိရပါတယ်။

အခုလိုအသက်အရွယ်အထိချစ်နေကြတဲ့ သူတို့လင်မယားကို ကြည့်ပြီးအားကျ ကြတဲ့သူတွေရှိသလို အပြစ်တင်ပြောချင်ကြသူတွေကလည်း အသက်ကြီးမှချစ်ပြနေတယ် ဆိုတာမျိုးတွေ ပြောကြတာကိုတွေ့ရပါတယ်။ ဒါပေမယ့်လည်း ချစ်ခြင်းတရားနဲ့ တစ်ယောက်ကိုတစ်ယောက် ဖေးမနေကြတဲ့ မြန်မာပြည်သိန်းတန်တို့ စုံတွဲကတော့ ချစ်ခြင်းတရားမှာ အသက်အရွယ်မရှိပါဘူး ဘယ်လိုအချိန်မှာပဲဖြစ်ဖြစ် ချစ်နေတာဟာ အကောင်းဆုံးဆိုတာကို သက်သေပြခဲ့ကြတာဖြစ်ပါတယ်။

Photo Credit:Nunandar Than Facebook

ကြည်သာ (အခရာ)

www.akhayar.com